ATAD STEEL STRUCTURE CORPORATION

ATAD အနေဖြင့် ERP SAP 4HANA စနစ်အား တရားဝင်စတင်ပါဝင်ခဲ့

2019-01-04 17:44:48

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့တွင် ATAD သံမဏိကိုယ်ထည်အဆောက်အဦး ကော်ပိုရေးရှင်း အနေဖြင့် ERP SAP 4HANA system ကိုအသက်သွင်း အသုံးပြုခဲ့သည်။ ထိုစနစ်သည် ကုမ္ပဏီ၏ စီမံအုပ်ချုပ်မှုစနစ် ATAD အရင်းအမြစ်များအား ထိရောက်မှုရှိရှိ ကူညီပေးနိုင်သော စနစ်တစ်ခုလည်းဖြစ်သည်။

ATAD Steel Structure Corporation has officially operated the go-live ERP SAP 4HANA system.

အသုံးပြုပြီးနောက် ATAD သည် လုပ်ငန်းအားလုံးနှင့် ပတ်သတ်သည့် ထိန်းချုပ်မှုစနစ်အား All in One: ATAD ERP. ERP (Enterprise Resource Planning) SAP စနစ်အဖြစ် ထည့်သွင်း၍ တရားဝင်အသုံးပြုခဲ့ပြီး ထောက်ပံသူများစီမံခန့်ခွဲမှု၊ ဝယ်ယူခြင်းစီမံခန့်ခွဲမှု၊ စာရင်းစီမံခန့်ခွဲမှု၊ ထုတ်လုပ်မှုစီမံခန့်ခွဲမှု၊ အရောင်းစီမံခန့်ခွဲမှု၊ စာရင်းအင်းဆိုင်ရာစီမံခန့်ခွဲမှု၊ လူ့စွမ်းအားအရင်းမြစ်စီမံခန့်ခွဲမှုနှင့် လုပ်ခလစာစီမံခန့်ခွဲမှု၊ပရောဂျက်စီမံခန့်ခွဲမှု အစရှိသည်တို့တွင် ထည့်သွင်းအသုံးပြုထားသည်။

SAP ERP စနစ်၏ ရည်ရွယ်ချက်သည် ကုမ္ပဏီ၏ လုပ်ငန်းများလည်ပတ်ရာတွင် လုံခြုံမှုရှိရေးနှင့် ယေဘုယျ ခြုံငုံသုံးသပ်မှုများကို စုပေါင်း၍ စီးပွားရေးနှင့်ပတ်သက်သော အချက်အလက်များအား တစ်နေရာတည်းတွင် ရှာဖွေနိုင်ရန် ရည်ရွယ်အသုံးချနိုင်ရန် ရည်ညွှန်းခြင်းဖြစ်သည်။ ထည့်သွင်းထားသော အချက်အလက်များအား အချိန်နှင့်တပြေးညီ ဆုံးဖြတ်ချက်များချမှတ်နိုင်ရန်နှင့် စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ အထောက်အပံ့များအား အချိန်မှီပေးအပ်နိုင်ရန် အကူအညီဖြစ်စေရန်လည်းဖြစ်သည်။ သတင်းအချက်အလက်များအား တစ်နေရာတည်း တွင် စနစ်တစ်ခုထားရှိ၍ မျှဝေခြင်းဖြစ်သည်။ ထိုစနစ်အား ကုမ္ပဏီ၏ စီမံခန့်ခွဲမှု အတွက် စွမ်းဆောင်ရည် မြင့်မားလာစေရန် ဆောင်ရွက်ပေးခြင်းနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ နည်းပညာများအား တိုးတက်စေရန် အတွက် စံနှုန်းများသတ်မှတ်၍ စနစ်တခုကိုအကောင်အထည်ဖော်ခြင်းလည်းဖြစ်သည်။ ယုံကြည်စိတ်ချရသော အချက်အလက်များသည် ခေါင်းဆောင်အတွက် မြေပြင်တွင် အလုပ်လုပ်ကိုင်မှုကိုလည်း ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မည်ဖြစ်သည်။ ထို့အတွက်ကြောင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းနှင့် လုပ်ဆောင်မှုပိုင်းဆိုင်ရာ နည်းစနစ်များကိုလည်း ပြောင်းလဲသတ်မှတ်ပေးနိုင်မည်ဖြစ်သည်။

ERP-SAP ပရောဂျက်သည် အချိန်တိုကာလအတွက်သာ ရည်ညွှန်းခြင်းမဟုတ်ဘဲ ဆောက်လုပ်မှု လုပ်ဆောင်ပြီး နောက်ပိုင်းအချိန်များအတွက်လည်း ကြိုတင်ပြင်ဆင်ထားသော ပရောဂျက်တစ်ခုဖြစ်သည်။ အထူးသဖြင့် ATAD နှင့် ပူးပေါင်းဆောင်ရွက်သော လုပ်ငန်းများသည် ဗီယက်နမ်နိုင်ငံတွင်သာမက ကမ္ဘာပေါ်တွင်လည်း ခေတ်မှီနည်းပညာများနှင့် ပြည့်စုံသော အတွေ့အကြုံများဖြင့် ကျော်ကြားသော လုပ်ငန်းစုများဖြစ်သည်။ ဤသို့လုပ်ဆောင်မှုသည် ATAD ပြည့်စုံစွာ အောင်မြင်နိုင်ရေးအတွက် လုပ်ငန်းမှ တာဝန်ရှိလူကြီးများ၏ အိမ်မက်ပင်ဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေသော အားနည်းချက်များကို ဖြေရှင်းကာ ကုမ္ပဏီ၏ အရင်းအမြစ်များပိုမိုကောင်းမွန်လာစေရန်လည်း ရည်ရွယ်သည်။ ထို့အတွက်ကြောင့် ကျွနိုပ်တို့သည် ATAD အတွက် အသင့်တော်ဆုံးဖြစ်မည့် ERP စနစ်ကို တည်ဆောက်ရန်အတွက် ငွေစာရင်း၊ အချိန်၊ လူသားရင်းမြစ်၊ အသိပညာတို့အပေါ်တွင် အာရုံထားဆောက်တည်ထားခြင်းဖြစ်သည်။

“Go-live” သည် ဘုတ်အဖွဲ့ဝင်များရှေ့ဆက်မည့်လုပ်ငန်းစဉ်များနှင့် ပရောဂျက်အဖွဲ့ဝင်များ၏ စတင်မှု၊ ပိုမို အရေးပါမှု၊ ပြောင်းလဲဖော်ဆောင်ထားသော စနစ်ကို နေ့စဉ်အသုံးပြုသည့် အဖွဲ့ဝင်အနေဖြင့် ထိုစနစ်၏ အားသာချက်များကို သိရှိစမ်းစစ်နိုင်ပြီး  သုံးစွဲမှုတွင်လည်း စဉ်ဆက်မပြတ်ထိရောက်သော လုပ်ငန်းခွင်သုံး နည်းစနစ်များဖြင့် ထိတွေ့ဆက်သွယ်မိမည်ဖြစ်သည်။

ATAD ၏ တာဝန်ရှိ ဒါရိုက်တာအဖွဲ့ဝင်များကိုယ်စား အထွေထွေအုပ်ချုပ်မှု ဒါရိုက်တာ MR.NGUYEN LE ANH TUAN မှ FTP အသင်း၊ ATAD ပရောဂျက်ဖော်ဆောင်ရေးအသင်းတို့အား နောက်ထပ်တွေ့ကြုံရမည့် စိန်ခေါ်မှုများတွင် ပရောဂျက်များအား အချိန်မှီပြီးစေရန်အတွက် အားကိုးအားထား ပြုကြောင်းနှင့်နွေးထွေးစွာ ကျေးဇူးတင်ကြောင်းတို့ကို ပြောကြားခဲ့ပါသည်။

အခြားသတင်းများ

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD