ATAD STEEL STRUCTURE CORPORATION

ထုတ်လုပ်ခြင်း

တက်ကျွမ်းသော လုပ်သားအင်အား ၁၀၀၀ ကျော် , အရည်အသွေး ထိန်းချုပ်မှုစနစ်များဖြစ်သော ISO 9001:2015, ISO 14001:2015, ISO 45001:2018 နှင့် 211,000 m2 ကျယ်ဝန်းသော စက်ရုံ , တစ်လလျှင် သံမဏိ 12,000 MT , အအေးခံ သတ္တုထည် 800 MT နှင့် သံမဏိကိုယ်ထည် 360,000 m2 အသီးသီးတို့အား အရည်အသွေးမြင့်သော ခေတ်မှီစက်များ အသုံးပြု ၍ ထုတ်လုပ်လျက်ရှိပါသည် ATAD သည် လူကြီးမင်းတို့ စက်ရုံအဆောက်အဦးအတွက် လိုအပ်သော ဆောက်လုပ်မှုပစ္စည်းများအား အရည်အသွေးအပြည့်အဝဖြင့် ကောင်းမွန်သော ရလဒ်တစ်ခုအား ဖော်ဆောင်ပေးမည် ဖြစ်ပါသည်

ထုတ်လုပ်မှုအပိုင်းတွင် အရေးပါသော ထုတ်လုပ်မှုများအနေဖြင့် သုံးပိုင်းခွဲခြား ထုတ်လုပ်ပါသည်။

အခြေခံကျသော ထုတ်လုပ်မှုများ – တိုင်များ၊  ရက်မများ ……..
ဒုတိယ ထုတ်ကုန်များ – အမိုးမြှားတန်းများ၊ တံခါးများ ……….
သံမဏိပြားများ – အမိုးသံမဏိပြားများ၊ နံရံအကာပြားများ၊ သတ္တုပြားများ ………

အခြေခံကျသော ထုတ်ကုန်များ

1. ဖြတ်တောက်ခြင်း

  • အလိုအလျောက် CNC ဖြတ်စက်ဖြင့် သံမဏိပြားများအား လိုအပ်သလို ပုံဖော်ဖြတ်တောက်နိုင်သည်။ အပူပေးထားသော အထူ ၈၀ မီလီမီတာရှိသည့် မည်သည့်သံမဏိပြားများကိုမဆို လိုအပ်သည့် အရွယ်အစား အတိအကျအတိုင်း ဖြတ်တောက်ပေးနိုင်သည်။
  • စက်ကိရိယာများနှင့် စက်များ
    + CNC အလိုအလျောက်သုံး ဖြတ်စက်များ

CNC Cutting MachineCNC သံမဏိဖြတ်စက်

            + အလိုအလျောက် ဖြတ်စက်မှ အထူ ၂၀ မီလီမီတာနှင့်အထက်ရှိသော သံမဏိပြားများကို ဖြတ်ထောက် ပေးနိုင်သည်။

CNC (6100 x 20) mm Shearing MachineCNC (6100 x 20) mm ကတ်ကြေးပုံစံ ဖြတ်စက်

            + အလိုအလျောက် ဖြတ်စက်မှ အထူ ၁၆ မီလီမီတာနှင့်အထက်ရှိသော သံမဏိပြားများကို ဖြတ်ထောက် ပေးနိုင်သည်။

CNC (6100 x 16) mm Shearing MachineCNC (6100 x 16) mm ကတ်ကြေးပုံစံဖြတ်စက်

2. အပေါက်ဖောက်ခြင်း

  • ဖြတ်ပြီးသော သံမဏိပြားများကို အလိုအလျောက် အလွှာဖြတ်စက်ဖြင့်သော်လည်းကောင်း သို့မဟုတ် ဖြတ်ပြီး သော သံမဏိပြားများပေါ်တွင် လိုအပ်သလို အပေါက်ဖောက်နိုင်သည်။
  • စက်ကိရိယာများနှင့် စက်များ – အရစ်ဖော်စက်၊ အပေါက်ဖောက်စက်
Punching Machineသံမဏိပြား အပေါက်ရိုက်ဖောက်စက်

CNC Drilling MachineCNC လွန်ပူစက်

3. ပေါင်းစပ်ခြင်း

  • အလိုအလျောက် တပ်ဆင်စက်ဖြင့် သတ္တုကိုယ်ထည်များကို I-section တစ်ခုဖြစ်အောင်ပေါင်းစပ်ခြင်း
  • စက်ကိရိယာများနှင့်စက်များ – အလိုအလျောက် တပ်ဆင်စက်
Automatic Assembling and Welding Machineအလိုအလျောက် ဂဟေဆော် တပ်ဆင်စက်
Automatic Assembling Machineအလိုအလျောက် တပ်ဆင်စက်

4. ဆက်ခြင်းနှင့် အခြေခံဆက်စက်ပစ္စည်းများ

  • သံမဏိကိုယ်ထည်များ တပ်ဆင်ပြီးနောက် သံမဏိပြားတစ်ခုနှင့်တစ်ခုအား ခိုင်မာအောင် တွဲဆက်ရန်အတွက် အလိုအလျောက် တွဲဆက်ပေးသော စက်များကို အသုံးပြုပါသည်။ ဤအဆင့်တွင် တိကျသော တွဲဆက်မှုများ၊ ခိုင်မာမှုများ၊ အရည်သွေးမြင့်မားမှုများဖြင့် သံမဏိပြားများကို တွဲဆက်ပေးနိုင်သည်။
  • အေတီအေဒီမှ လျှပ်စစ်သုံး ဝန်ရိုးစွန်းတွဲဆက်မှုများ အထပ်ထပ်ပြုလုပ်ခြင်းဖြင့် လုပ်ဆောင်ထားသော တွဲဆက်မှုများဖြစ်ပါသည်။ တွဲဆက်မှုတိုင်းအတွက် ဗီယက်နမ် နည်းပညာအထောက်အကူ စာအုပ်မှ နောက်ဆုံး ပြဌာန်းထားသော စံနှုန်းနှင့် အသုံးပြုမှုများကို အခြေခံ၍ လုပ်ဆောင်ထားခြင်း ဖြစ်သည်။
  • စက်ကိရိယာများနှင့် စက်များ – အလိုအလျောက်သုံး တွဲဆက်စက်များ (အရေအတွက် – ၁၀) ၊ လက်ဖြင့်အသုံးပြုရသော တွဲဆက်စက်များ (အရေအတွက် – ၁၀၀)

Automatic Welding Machine အလိုအလျောက် ဂဟေဆော်စက်

5. မျက်နှာပြင် သန့်ရှင်းခြင်း

  • သံမဏိပြားများ ဖြတ်တောက်ခြင်း၊ တပ်ဆင်ခြင်းများ ဆောင်ရွက်ပြီးနောက် ဝယ်ယူသူများ စိတ်တိုင်းကျ စေရန် သံမဏိထုတ်ကုန်များပေါ်မှ ဖုန်များကို အမှုန်ဖယ်ရှားစက်များ အသုံးပြု၍ ဖယ်ရှားသည်။
  • စက်ကိရိယာများနှင့် စက်များ – အလိုအလျောက် အမှုန့်ဖယ်ရှားစက်၊ ကြိတ်စက် (အရေအတွက် – ၁၀)

Shot Blasting Machineသံမဏိသန့်စင်စက်

6. ဆေးသုတ်ခြင်း

  • အေတီအေဒီမှ အမေရိကန်နည်းပညာသုံး ဖိအားပေး ဆေးသုတ်စက်များ အသုံးပြု၍ လုပ်ငန်းပြီးမြောက် စေပါသည်။ ဝယ်ယူသူများ စိတ်တိုင်းကျ မီးခိုးရောင် သို့မဟုတ် အနီရောင် သို့မဟုတ် အခြားသော အရည်အသွေးကောင်း ဆေးရောင်များကို အသုံးပြုမည့် အစိတ်အပိုင်းများတွင် ဆေးဖြန်းပေးပါသည်။
  • စက်ကိရိယာများနှင့် စက်များ – ဖိအားပေး ဆေးမှုတ်စက်များ၊ အမှုန့်ကြိတ်စက် (အရေအတွက် ၅)

Painting Machineဆေးသုတ်စက်

ဒုတိယ ထုတ်ကုန်များ

1. ပုံဖော်ခြင်း

  • ဒုတိယထုတ်ကုန်များဖြစ်သော အမိုးပြားများနှင့် တန်းများသည် သတ္တုအရည် စိမ်ထားသော သံမဏိပြား အလိပ်များ သို့မဟုတ် အနက်ရောင်ဆေးရည် စိမ်ထားသော သတ္တုပြားအလိပ်များသည် အမေရိကန် စံချိန်စံညွှန်းမှီ စံနှုန်းများဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ ၎င်းအစိတ်အပိုင်းများသည် အထူ ၁ ဒဿမ ၅ မှ ၂ ဒဿမ ၅ မီလီမီတာအထိ ရှိနိုင်ပြီး ပုံသဏ္ဍာန်အနေဖြင့် အင်္ဂလိပ် အက္ခရာ Z သို့မဟုတ် C ပုံသဏ္ဍာန်ရှိသည်။
  • မျဉ်းလုံး ချိန်ညှိခြင်း ကြာချိန်မှာ မျဉ်းလုံးမလဲဘဲဖြင့် ၂ မိနစ်မှ ၃ မိနစ်ခန့်ထိ ရှိနိုင်သည်။ မျက်နှာပြင်ပေါ်တွင် ဘီးလုံးဖြင့် လှိမ့်ပေးခြင်းဖြင့် ညီညာချောမွတ်လှပသော မျက်နှာပြင်ကို ရရှိနိုင်သည်။
  • စက်ပစ္စည်း – သမဏိပြား လှိမ့်စက်
    + C ပုံသဏ္ဍာန်သံမဏိပြား ပုံသွင်းစက်
    + Z ပုံသဏ္ဍာန်သံမဏိပြား ပုံသွင်းစက်
Z Purlin Formming MachineZ ပုံသဏ္ဍာန် ပုံသွင်းစက် C Purlin Formming MachineC ပုံသဏ္ဍာန် ပုံသွင်းစက်

2. အပေါက်ဖောက်စက်

  • သံမဏိပြားများသည် လိုအပ်ချက် အနေအထားပေါ်မူတည်၍ အပေါက်ဖောက်နိုင်ပြီး စံနှုန်းမှီ သံမဏိပြား သို့မဟုတ် ဗြောင်မျက်နှာပြင် သံမဏိပြားများတွင် အပေါက်ဖောက်နိုင်သည်။

3. ဆေးသုတ်ခြင်း

  • အေတီအေဒီမှ အမေရိကန် နည်းပညာများ အသုံးပြုထားသော ဖိအားသုံး ဆေးသုတ်စက်များကို အသုံးပြု ပါသည်။ ဝယ်ယူသူများစိတ်တိုင်းကျ ဆောက်လုပ်ရေးသုံး သတ္တုထည်များအား မီးခိုးရောင်ဆေး သို့မဟုတ် အနီရောင်ဆေး သို့မဟုတ် ဝယ်ယူသူရွေးချယ်သော ဆေးအရောင်များကို ရရှိစေပါသည်။

အမိုးပြားများ

  • သံမဏိအမိုးပြားများသည် အရည်အသွေးမှီ သံမဏိထုတ်ကုန်အလိပ်များမှ ဖြတ်တောက်အသုံးပြုခြင်းဖြစ်သည်။ အမေရိကန်နည်းပညာ ASTM ကို အသုံးပြု၍ သတ္တုဆေးအောက်ခံစိမ်ထားသော ပစ္စည်းများဖြစ်သည်။
  • စက်ပစ္စည်း – အမိုးပြားပုံသွင်းစက်
ATAD Lock420 MachineATAD Lock420 အမိုးပြား ပုံချိုးစက် ATAD Span5 Machineအခုံး ငါးခုံးပါ အမိုးပြား ပုံချိုးစက် ATAD Seam65 Forming Machineအဆက်မဲ့ ၆၅ မီလီမီတာ အမိုးပြား ပုံချိုးစက် ATAD Seam116 Machineအဆက်မဲ့ ၁၁၆ မီလီမီတာ အမိုးပြား ပုံချိုးစက်
အီးမေးလ ATAD ပုံစံမှဖြည့်ပါ