ATAD STEEL STRUCTURE CORPORATION

ATAD ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဆောက်အဦး ( အပိုင်း-၁)

2016-10-26 11:05:31

ကိုးလ်ဂိတ်စက်ရုံ – ဗီယက်နမ်နိုင်ငံရှိ ပထမဆုံး ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဆောက်အဦး

အပြင်ပိုင်းမှ ကြည့်ရှုပါက ပုံမှန်စက်ရုံပုံစံအတိုင်းသာ မြင်တွေ့ရမည်ဖြစ်သည်။

သို့သော် လက်တွေ့တွင်မူ အယ်အီးအီးဒီ လက်မှတ်ရ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဆောက်အဦးပင် ဖြစ်ပါသည်။ ဆိုလိုသည်မှာ နိုင်ငံတော်ပျမ်းမျှထက် စွမ်းအင်သုံးစွဲမှု ၂၅ရာခိုင်နှုန်းလျော့နည်းပြီး ကုန်ကျစရိတ် ၁၉ရာခိုင်လျော့နည်းပါသည်။ အမှန်ပင် အထင်ကြီးဖွယ်ရာ ဖြစ်ပါသည်။

*အယ်အီးအီးဒီ ဆိုသည်မှာ နိုင်ငံတကာအသိအမှတ်ပြု ပတ်ဝန်းကျင်ထိန်းသိမ်းမှုအဆောက်အဦးများကို အသိအမှတ်ပြုပေးသောစနစ်တခုဖြစ်ပါသည်။ ထိုလက်မှတ်ရရှိရန်အတွက် အဆောက်အဦးများကို စွမ်းအင်ချွှေတာခြင်း၊ ရေချွှေတာခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုလျှော့ချခြင်း၊ အတွင်းပတ်ဝန်းကျင် အရည်အသွေးမြင့်မားခြင်း၊ အထက်ပါအချက်များ ကိုဆောင်ရွက်ရန် ကုန်ကြမ်းများနှင့် အသိပညာများကို အကျိုးရှိရှိ စီမံဆောင်ရွက်ခြင်းတို့ ဖြင့်ပြည့်စုံသော နည်းလမ်းများ အသုံးချကာ ပုံစံထုတ်ထားသော အဆောက်အဦး ဖြစ်ရပါမည်။

**အောက်ပါအချက်အလက်များမှာ အယ်အီးအီးဒီလက်မှတ်ရ အဆောက်အဦး၏ ပျမ်းမျှစွမ်းအင်ချွှေတာမှုအစီရင်ခံစာအပေါ် အခြေခံထားပါသည်။

အောက်ပါစီမံကိန်းအားလေ့လာရန် အချက်အလက်တစ်ချို့အားမိတ်ဆက်တင်ပြလိုပါသည်။

 

လုပ်ငန်းအမျိုးအစား: သွားတိုက်ဆေး
တည်နေရာ: မိုင်ဖုအို့ ၃ အိုင်ပီ၊ ပင်သူအုန်း
ဝယ်ယူသူ: ကိုးလ်ဂိတ် ပါမိုးလစ်ဗ် ကုမ္ပဏီလိမိတက်
အဓိကကန်ထရိုက်တာ: တာကို
စကေး: ၉၀၀၀ စတုရန်းမီတာ

Colgate Palmolive

ATAD အနေဖြင့် ကိုးလ်ဂိတ်စက်ရုံ ပုံစံထုတ်ခြင်း၊ ထုတ်လုပ်ခြင်း၊ တပ်ဆင်ခြင်းတို့အတွက် စတီးပိုင်းဆိုင်ရာ တွဲဖက်အနေဖြင့် တာဝန်ပေးခြင်းခံရပါသည်။ အတွေ့အကြုံများပြားခြင်း၊ စီမံခန့်ခွဲမှု ကောင်းမွန်ခြင်းတို့ကြောင့် ဝယ်သူနှင့် ကန်ထရိုက်တာတို့၏ လိုအပ်ချက်အားပြည့်မှီပြီး အချိန်ဇယားနှင့်ကိုက်ညီစွာ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ထိုစီမံကိန်းသည် ဗီယက်နမ်တွင် ပထမဦးဆုံးသော အယ်အီးအီးဒီအသိအမှတ်ပြု လက်မှတ်ရ စီမံကိန်းဖြစ်ပါသည်။ပုံစံထုတ်ခြင်းမှစ၍

colgate project

တည်ဆောက်ချိန်အတွင်း ATAD အနေဖြင့် ဆန်းသစ်သော ပတ်ဝန်းကျင်နှင့်ကိုက်ညီသော အဆောက်အဦးတစ်ခုကို ဆောက်လုပ်နိုင်ခဲ့ပြီး စွမ်းအင်ကုန်ကျမှုများကိုပါလျှော့ချခဲ့ပါသည်။ ရလဒ်အနေဖြင့်

+ မြေနေရာဖော်ဆောင်ရာတွင် ရေသုံးစွဲမှု ၅၀ ရာခိုင်နှုန်းလျှော့ချနိုင်ခြင်း

+ ပုံမှန်ရေသုံးစွဲမှု ၃၀ ရာခိုင်နှုန်းလျှော့ချနိုင်ခြင်း

+ နေ့အလင်းရောင်နှင့် မြင်ကွင်းများအတွက် ၉၀ရာခိုင်နှုန်းစာ နေရာပိုမိုလာခြင်း

သတင်းအချက်အလက်ရရှိရန် ဤနေရာကို နှိပ်ပါ။

Colgate Palmolive Project

အယ်အီးအီးဒီအစီအစဉ်တွင် စတီးသည် အလွယ်တကူ ပြန်လည်အသုံးချနိုင်သော ပစ္စည်းဖြစ်ပါသည်။ ကွန်ကရစ်နှင့် မတူညီသည့်အချက်မှာ စတီးကို ၁၀၀ရာခိုင်နှုန်းပြန်လည်အသုံးချနိုင်ပြီး ကမ္ဘာပေါ်တွင် ပြန်လည်အသုံးချမှုအများဆုံးပစ္စည်းလည်းဖြစ်ပါသည်။ ယခုစီမံကိန်းတွင် ATAD အနေဖြင့် အကောင်းဆုံးPEB စနစ်ကို အသုံးချထားသောကြောင့် အချိန်ကုန်သက်သာပြီး အမြင့်ဆုံးအရည်အသွေးနှင့် လုံခြုံစိတ်ချရမှုကိုပိုမိုဖြစ်ပေါ်လာစေပါသည်။
colorbond roofing

ATAD အနေဖြင့် အမိုးမိုးခြင်းစနစ်အတွက် COLORBOND®  အမိုးကိုအသုံးပြုပါသည်။ အခြားသော နေရောင်ပြန်မှုအားနည်းသော အရောင်တူအမိုးများ၏ ကုန်ကြမ်းများနှင့်နှိုင်းယှဉ်ပါက ၄င်းသည် ပူပြင်းသောရာသီဥတုတွင် နှစ်စဉ်သုံးစွဲရသော အအေးပေးစွမ်းအင် သုံးစွဲမှုကို ၁၅ ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်ပါသည်။

ပုံပိုကြည့်နိုင်ရန် နေရာကိုနှိပ်ပါ။

 

အခြားသတင်းများ

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD