ATAD STEEL STRUCTURE CORPORATION

ATAD ၏မဟာဗျူဟာရှယ်ယာရှင် တရားဝင် ဖြစ်လာသော Kanematsu ကော်ပိုရေးရှင်း

2021-06-10 08:36:56

Tập đoàn Kanematsu chính thức trở thành cổ đông chiến lược của ATAD

 

ATAD သံမဏိကိုယ်ထည်အဆောက်အဦး ကော်ပိုရေးရှင်းသည် ၂၀၂၁ ခုနှစ် ဧပြီလမှ စ၍ Kanematsu ကော်ပိုရေးရှင်း နှင့် လုပ်ငန်း လုပ်ထုံးလုပ်နည်းကို အပြီးသတ်လုပ်ဆောင်ပြီး ATAD ၏ တရားဝင် မဟာဗျူဟာရှယ်ယာရှင် ဖြစ်လာသည်ကို ကြေငြာရသည့်အတွက် ၀မ်းမြောက်ပါသည်။

Kanematsu ကော်ပိုရေးရှင်းကို ၁၈၈၉ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး တိုကျိုမြို့တွင်ရုံးချုပ်၊ ဂျပန်တွင်ရုံးခွဲငါးခုနှင့် ကမ္ဘာတ၀ှမ်းတွင်ရုံးပေါင်း ၃၆ ခုရှိသည်။ Kanematsu သည် သံမဏိ၊ ပစ္စည်းနှင့်စက်ရုံ၊ အီလက်ထရောနစ်နှင့်စက်ပစ္စည်းများ၊ မော်တော်ယာဉ်နှင့်လေယာဉ်၊ အစားအစာ အသားနှင့်အစေ့များ ပါဝင်သောကဏ္ဍအမျိုးမျိုးကို လုပ်ကိုင်သည်။ Kanematsu သည် မကြာသေးမီနှစ်များအတွင်း ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးရေးမဟာဗျူဟာဖြင့် ဆောက်လုပ်ရေးနှင့် အခြေခံအဆောက်အအုံများကို သံမဏိကဏ္ဍတွင် အရေးအပါဆုံးစီးပွားရေးနယ်ပယ်တစ်ခုအဖြစ် သတ်မှတ်သည်။ ကော်ပိုရေးရှင်းသည် ၎င်း၏ကမ္ဘာလုံးဆိုင်ရာချဲ့ထွင်မှုမဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းအဖြစ် နိုင်ငံခြားစျေးကွက်တွင် ရင်းနှီးမြှုပ်နှံမှုများ တိုးပွားလာစေရန်ရည်ရွယ်သည်။ Kanematsu အစုရှယ်ယာပိုင်ဆိုင်သည့်ကုမ္ပဏီများသည် အမေရိကန်၊ တရုတ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ အိုင်ယာလန်နှင့် ပိုလန် စသည့်နိုင်ငံများစွာတွင် ပျံ့နှံ့လျက်ရှိသည်။

Kanematsu ကော်ပိုရေးရှင်းက တရားဝင်အစုရှယ်ယာပိုင်ရှင်အဖြစ် ဖြစ်လာခဲ့ခြင်းသည် ATAD တည်ထောင်ခြင်းနှင့်ဖွံ့ဖြိုးတိုးတက်မှုခရီးစဉ်အတွက် အရေးပါသောမှတ်တိုင်တစ်ခုအဖြစ်ပါဝင်လာသည်။ နှစ်ပေါင်း ၁၃၀ ကျော် ဂျပန်နှင့်ကမ္ဘာတလွှားရှိနိုင်ငံများတွင် ထူးချွန်သောစီမံခန့်ခွဲမှု နှင့် အောင်မြင်ပြီးအတွေ့အကြုံရှိသော နာမည်ကြီးကော်ပိုရေးရှင်းဖြစ်သည့် Kanematsu ၏ ရေရှည်ပူးပေါင်းဆောင်ရွက်မှုနှင့်မဟာဗျူဟာမြောက်ပံ့ပိုးမှုဖြင့် ATAD သည် စီမံခန့်ခွဲမှုစွမ်းရည်တိုးတက်စေရန်၊ နိုင်ငံတကာစံချိန်စံညွှန်းမှီအရည်အသွေးမြင့်သံမဏိကိုယ်ထည်ထုတ်ကုန်များ ထုတ်လုပ်ရန်၊ ယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်ရန် နှင့် ဖောက်သည်များ၏လိုအပ်ချက်များကိုပိုမိုကျေနပ်အောင်လုပ်ဆောင်နိုင်ရန် အခွင့်အလမ်းများစွာရရှိလိမ့်မည်။

ဤပူးပေါင်းဆောင်ရွက်မှုသည် ဗီယက်နမ်နိုင်ငံတွင် ဦးဆောင်နေသည့်သံမဏိကိုယ်ထည်ကုမ္ပဏီဖြစ်သော ATAD ၏သမိုင်းတွင် ထူးခြားထင်ရှားရုံသာမက ဗီယက်နမ်နှင့်ဂျပန်တို့၏ ကြီးမားသောကော်ပိုရေးရှင်းများအကြား ပူးပေါင်းဆောင်ရွက်မှု – ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အထောက်အကူပြုသည်။

Kanematsu ကော်ပိုရေးရှင်းအကြောင်းပိုမိုသိရှိလိုပါက ကျေးဇူးပြု၍ : https://www.kanematsu.co.jp/

ဂျပန်နိုင်ငံ တိုကျိုမြို့ ရှိ Kanematsu ကော်ပိုရေးရှင်း ရုံးချုပ်ပုံ

ATAD သံမဏိကိုယ်ထည်အဆောက်အဦး ကော်ပိုရေးရှင်းအကြောင်း

၂၀၀၄ ခုနှစ်မှစတင်တည်ထောင်ခဲ့သော ATAD သည် မြန်မာ၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာနှင့် ဘင်္ဂလားဒေ့ရှ် ရှိကိုယ်စားလှယ်ရုံးများကွန်ရက်ဖြင့် နိုင်ငံပေါင်း ၄၀ ကျော်တွင် စီမံကိန်းပေါင်း ၃၅၀၀ ကျော်ကို အကောင်အထည်ဖော်ခဲ့ပြီးဖြစ်သည်။ ATAD ၏ စံသံမဏိကိုယ်ထည်အဆောက်အအုံစီမံကိန်းများမှာ Vinfast မော်တော်ကားထုတ်လုပ်မှုစက်ရုံ၊ Hoa Phat – Dung Quat သံမဏိထုတ်လုပ်မှုစက်ရုံ၊ Cam Ranh အပြည်ပြည်ဆိုင်ရာလေဆိပ်၊ Da Nang အပြည်ပြည်ဆိုင်ရာလေဆိပ်၊ Wattay အပြည်ပြည်ဆိုင်ရာလေဆိပ် (ဗီယက်နမ်, လာအို), Ho Chi Minh City မြို့ပြရထားလမ်းစီမံကိန်း၊ Vinh Tan 4 အပူစွမ်းအင်စက်ရုံတိုးချဲ့ခြင်း၊ Long Son ရေနံဓာတုဗေဒစက်ရုံ၊ Dangote Industries အပူစွမ်းအင်စက်ရုံ (Tanzania)၊ Matarbari အပူစွမ်းအင်စက်ရုံ (ဘင်္ဂလားဒေ့ရှ်) တို့ဖြစ်သည်။

ATAD သည် ဗီယက်နမ်ရွှေစတားဆုကိုချီးမြှင့်ခြင်းခံခဲ့ရပြီး ဗီယက်နမ်နိုင်ငံရှိထိပ်တန်းစီးပွားရေးလုပ်ငန်း ၅၀၀ (VNR500) ၊ ထိပ်တန်း ၅၀ ဗီယက်နမ်အကောင်းဆုံးတိုးတက်မှုနှုန်း (၂၀၁၈-၂၀၂၁) ၊ ဗီယက်နမ်၏အကောင်းဆုံးထိပ်တန်း၅၀ (၂၀၁၉-၂၀၂၀)၊ HR Asia Award – အာရှတွင်အလုပ်လုပ်ရန်အကောင်းဆုံးကုမ္ပဏီ (၂၀၂၀) ဆုတို့ကို နှစ်ပေါင်းများစွာ ဆက်တိုက်ဂုဏ်ပြုခံခဲ့ရသည်။

အခြားသတင်းများ

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD

Mã QR Code

Chia sẻ trang của bạn với bất kỳ ai bằng cách yêu cầu họ quét mã QR này

Copy & chia sẻ

QR Code

Share your page with anyone by asking them to scan this QR code

Copy & share

rulet oynagates of olympusblackjack oynacasibomcasibomcasibom girişcasibom girişcasibomselçuk sportsselçuksportstaraftarium24justin tvnetspo rtvcanlı maç izlecanlı maç izle