ATAD STEEL STRUCTURE CORPORATION

အင်ဒိုးနီးရှား သံမဏိအဆောက်အဦးများနှင့် သံမဏိထုတ်ကုန်များပြပွဲ ၂၀၁၆ တွင် အေတီအေဒီမှ ဝင်ရောက်ပြသခဲ့

2016-10-26 13:03:01

၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၇ ရက်မှ ၂၉ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာတွင် ပြုလုပ်ကျင်းပခဲ့သော အင်ဒိုနီးရှား သံမဏိအဆောက်အဦးများနှင့် သံမဏိကိုယ်ထည်များပြပွဲ ၂၀၁၆ တွင် အေတီအေတီမှ ထုတ်ကုန်များနှင့် ဆောက်လုပ်မှု များအား ဝင်ရောက်ပြသခဲ့ပါသည်။

ဖော်ပြပါပြပွဲသည် အင်ဒိုးနီးရှားနိုင်ငံ၏ ဆောက်လုပ်ရေးများ၊ ဓါတ်ငွေ့စက်ရုံများ၊ အဆောက်အဦးများ၊ ဆောက်လုပ်ရေး လုပ်ငန်းများ၊ လူနေအဆောက်အဦးများအတွက် များစွာသော လိုအပ်ချက်များ၊ နည်းပညာများနှင့် သံမဏိထုတ်ကုန်များကို တစ်စုတစည်းတည်း ပြသသော ပြပွဲတစ်ခုဖြစ်သည်။ ထိုပြပွဲသို့ နိုင်ငံပေါင်း ၈ နိုင်ငံမှ ကုမ္ပဏီပေါင်း ၁၅၀ ကျော်ဝင်ရောက် ပြသခဲ့ပြီး ပြပွဲသို့ ဧည့်သည် ၇၀၀၀ ခန့်လာရောက်ကြည့်ရှုခဲ့သည်။

အေတီအေဒီမှ လာရောက်လေ့လာသူ ဧည့်သည်များအား နောက်ဆုံးပေါ်နည်းပညာများ၊ ခေတ်မှီသော ထုတ်ကုန်ပစ္စည်းများနှင့် မိတ်ဆက်ပေးခဲ့ပါသည်။ အေတီအေဒီ အင်ဒိုနီးရှားရုံးခွဲမှ အဖွဲ့ဝင်များမှ ဧည့်သည်များမေးလာသည့် သိလိုသည့် အချက်အလက် များအား ပြည့်စုံစွာဖြေကြားခြင်းဖြင့် ဝန်ဆောင်မှုများပေးခဲ့ပါသည်။ လုပ်ငန်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များ ပါရှိသည့် လက်စွဲစာအုပ်များအား လာရောက်လေ့လာသူ ဧည့်သည့်တိုင်းကို လက်ဆောင်ပေးခဲ့သည်။

ပြည့်စုံကောင်းမွန်မှုများဖြင့် အေတီအေဒီသည် အင်ဒိုနီးရှားနိုင်ငံ သံမဏိထည်ဆောက်လုပ်ရေးလောကတွင် လူသိများသော နာမည်တစ်ခုအဖြစ် ရပ်တည်နိုင်ရမည်။

ပြပွဲတွင် လာရောက်လေ့လာသူများ၏ အမှတ်တရပုံရိပ်များ

ATAD team in Indonesia Expo 2016

Indonesia Steel Building & Metal Structure ExpoATAD sales managers gave visitors the professional consultancySteel structure model in Indonesia Expo 2016

အခြားသတင်းများ

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD