ATAD STEEL STRUCTURE CORPORATION

ဟိုချီမင်းဗိသုကာတက္ကသိုလ်မှ ဘွဲ့ရကျောင်းသားသစ်များအား “အေတီအေဒီ ထွန်းလင်းတောက်ပ သံမဏိဝိဥာဉ်” ပညာသင်ဆုများပေးအပ်ခဲ့

2018-06-26 08:20:50

၂၀၁၈ ခုနှစ်၊ မေလ ၁၈ ရက်နေ့တွင် (ဟိုချီမင်းဗိသုကာတက္ကသိုလ် – UAH) မှ မြို့ပြအဆောက်အဦးအဓိကဘာသာဖြင့် ကျောင်းပြီးသော ကျောင်းသား ၁၄၉ ဦးတို့အတွက် ဘွဲ့နှင်းသဘင်အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့သည်။ ထိုအခမ်းအနားသို့ UAH ၏ အကြီးအကဲများ၊ အေတီအေတီ၏ တာဝန်ရှိသူများ၊ လုပ်ငန်းတွဲဖက်များ တက်ရောက်ခဲ့ကြပါသည်။

အေတီအေဒီကုမ္ပဏီကိုယ်စားပြုအနေဖြင့် လူ့စွမ်းအားနှင့်အရင်းမြစ်ဖွံ့ဖြိုးမှုဌာနမှ ဒါရိုက်တာ Ms.Nguyen Thi Phuc Tuyen မှ “အေတီအေဒီ သံမဏိဆိုင်ရာ အသိပညာအလင်းတန်း” အမည်ဖြင့် ပညာသင်ဆုပေးအပ်ရခြင်း ရည်ရွယ်ချက်နှင့် ရရှိသွားသော ဘွဲ့ရကျောင်းသားများအတွက် ဂုဏ်ပြုစကားပြောကြားပေးခဲ့ပါတယ်။ ယခုပေးအပ်သော နှစ်ပတ်လည်ပညာသင်ဆုကြေးသည် ၂၀၁၇ ခုနှစ် မတ်လတွင် ရေးထိုးခဲ့သော အေတီအေဒီနှင့် ဟိုချီမင်းဗိသုကာ တက္ကသိုလ်တို့အကြား ရေးထိုးခဲ့သော သဘောတူစာချုပ်၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါသည်။ ဤသို့လုပ်ဆောင် ပေးခြင်းသည် ကျောင်းသားများအတွက် နောင်အနာဂတ်တွင် ရှေ့ဆက်လျှောက်ရမယ့်လမ်းကို သေချာစွာရွေးချယ်နိုင်ရန် လည်းရည်ရွယ်ပါသည်။

များမကြာမီတွင် အေတီအေဒီ၏ မျိုးဆက်သစ်များအတွက် အောင်မြင်ပျော်ရွင်သော အနာဂတ်လမ်းကြောင်း လျှောက်လှမ်းနိုင်စေရန် မျှော်လင့်ပါသည်။

Ms. Tuyen Human Resources Director congratulated young graduate engineers   Ms. Tuyen presented “ATAD enlightens Steel Spirit” scholarship to students with excellent achievementsStudents majoring in Civil Engineering were excited to join the graduation ceremony

အခြားသတင်းများ

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD