ATAD STEEL STRUCTURE CORPORATION

စီးပွားရေးအဆောက်အဦးဆောက်လုပ်မှု - သံမဏိကိုယ်ထည်အဆောက်အဦး

2016-11-03 14:34:44

ယနေ့ခေတ်တွင် စီးပွားရေးအဆောက်အဦးများ ဆောက်လုပ်မှု ပိုမိုများပြားလာခဲ့သည်။ အထူးသဖြင့် မြို့ပြဒေသများ၏ ရုံးလုပ်ငန်းအဆောက်အဦးများ၊ ဈေးဝယ်စင်တာများ၊ ပြခန်းများ၊ အဆင့်မြင့်ဈေး ဆောက်လုပ်ခြင်းလုပ်ငန်းများဖြစ်သည်။ ဖော်ပြပါစီးပွားရေးအဆောက်အဦးများ ဆောက်လုပ်ရန်အတွက် သတိထားရမည့်အချက် ၂ ချက်ရှိသည်။ ပြုပြင်ထိန်းသိမ်းခြင်း နှင့် ရုပ်လုံးဖော်ခြင်းဖြစ်သည်။ ဆိုလိုခြင်းအားဖြင့် အဆောက်အဦးများ၏ မတူညီသောလိုအပ်ချက်များသည် အသုံးပြု နေထိုင်မည့်သူများ၏ လိုအပ်ချက်များနှင့် တစ်သားတည်းဖြစ်နေရန် လိုအပ်သည်။ လိုအပ်ချက်များအတွက် အကောင်းဆုံး အဖြေကတော့ သံမဏိကိုယ်ထည်များအား ဆောက်လုပ်ရေးအတွက် အသုံးပြုခြင်းသည် များစွာသော အကျိုးကျေးဇူးများကို ရရှိစေသည်။ အခင်းပြားများ ဝယ်ယူရန်မလိုခြင်း၊ လေထွက်ပေါက်ကောင်းစွာရခြင်း၊ ဆောက်လုပ်ရေးဝန်ဆောင်မှုများရှိခြင်း၊ ဆောက်လုပ်မှုလုပ်ငန်းစဉ်ပေါ်မူတည်၍ လုပ်ငန်းခွင်သက်ရောက်မှုရှိစေခြင်းတို့ဖြစ်ပါသည်။

GT Complex building – Davao, PhilippinesGT Complex building – Davao, Philippines
Steel structure contractor: ATAD Steel Structure

ဆောက်လုပ်မှုနှုန်းတား

စီးပွားရေးဆိုင်ရာ အဆောက်အဦးများဆောက်လုပ်ရာတွင် ဆောက်လုပ်ရလွယ်ကူခြင်း၊ အရည်အသွေးမြင့်ခြင်း၊ အသုံးပြုရ အဆင်ပြေခြင်းနှင့် နည်းပညာများအသုံးပြုခြင်း၊ သုံးစွဲရန်လုံလောက်သည့် စွမ်းအင်ပမာဏရှိခြင်းတို့သည် အဓိက လိုအပ်ချက် များ ဖြစ်သည်။ သံမဏိကိုယ်ထည် အဆောက်အဦးများသည် ရေရှည်အသုံးပြုနိုင်ခြင်းကြောင့် အနောက်နိုင်ငံများတွင် ၇၀% နီးပါး အောင်မြင်မှုများပိုင်ဆိုင်ထားသည်။ ဆောက်လုပ်မှုနှုန်းထားသည် – ဝန်ဆောင်မှုပြည့်စုံခြင်း၊ အရည်အသွေးမြင့်စေရန် အစဉ်အမြဲကြိုးစားခြင်း၊ ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်ခြင်း တို့သည် သံမဏိကိုယ်ထည် အဆောက်အဦးများ အသုံးပြုခြင်းဖြင့် ရရှိနိုင်သော အားသာမှုများဖြစ်သည်။

Tan Son Nhat Airport Car Park – HCMC, VietnamTan Son Nhat Airport Car Park – HCMC, Vietnam
Steel Structure contractor: ATAD Steel Structure

လုပ်ငန်းခွင်နေရာ အနည်းငယ်သာလိုအပ်ခြင်း

သံမဏိကိုယ်ထည်များအားလုံးသည် လိုအပ်သည့် အတိုင်းအတာများအတိုင်း စက်ရုံတွင်ထုတ်လုပ်ပြီး လုပ်ငန်းခွင်တွင် နေရာတကျ တပ်ဆင်ခြင်းမျိုးဖြစ်သည်။ ဆောက်လုပ်ချိန် တိုတောင်းခြင်းကြောင့် လုပ်ငန်းခွင် အသုံးစရိတ်များလျော့ချနိုင်ခြင်း၊ ရင်နှီးမြှပ်နှံမှုများ လျင်မြန်စွာပြန်လည်ရယူနိုင်ခြင်း၊ အတိုးနှုန်းလျှော့ချနိုင်ခြင်း အစရှိသည် အားသာချက်များကို ပိုင်ဆိုင်နိုင်မည် ဖြစ်ပါသည်။ ပုံမှန်လုပ်ငန်းခွင်ကြာချိန်၏ ၃% မှ ၅% ထိလျှော့ချနိုင်ခြင်း၊ လုပ်ငန်းအပ်နှံသူများ၏ ရင်းနှီးငွေနှင့် ငွေအသုံးပြုမှု လိုအပ်ချက်များထိန်းသိမ်းပေးနိုင်ခြင်း အစရှိသည့် အကျိုးကျေးဇူးများလည်း ရရှိမည်။ မြို့တွင်းဆောက်လုပ်ရေးလုပ်ငန်းများ ဆောက်လုပ်ရာတွင် အရေးကြီးဆုံးသော အချက်မှာ အခြားသော လမ်းများအဆောက်အဦးများ ရှုပ်ထွေးသော နေရာများအား ရှောင်ခြင်းဖြစ်သည်။ တည်နေရာပေါ်တွင် မူတည်၍ လုပ်ငန်းဘေးအန္တရာယ် တားဆီးနိုင်ရန်ရည်ရွယ်ခြင်းဖြစ်သည်။

SCTV Office buildingSCTV Office building
Steel Structure contractor: ATAD Steel Structure

တိုင်အနည်းငယ်သာ ထားရှိသဖြင့် လုပ်ငန်းနေရာပိုရရှိခြင်း

ယက်မတန်း ရှည်လျားစွာထားရှိနိုင်ခြင်းကြောင့် ရုံးခန်းများအတက် သင့်လျော်သည်။ မတူညီသော ရုံးခန်းပုံစံများ ဆောက်လုပ်နိုင်ခြင်းကြောင့် အဆောက်အဦးအမြင့်တွင် မူတည်၍ တည်ဆောက်နိုင်သည်။ ဆောက်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုသော သံမဏိကိုယ်ထည်များသည် လိုအပ်သလို ပုံဖော်နိုင်ပြီး အတွင်းပိုင်းနံရံများကိုလည်း လိုအပ်သလို ပုံဖော်နေရာချ နိုင်ခြင်းဖြင့် ခေတ်မှီသော အဆောက်အဦးများကို ဆောက်လုပ်နိုင်သည်။

ဈေးနှုန်းယှဉ်ပြိုင်နိုင်ခြင်း

သံမဏိထုတ်လုပ်မှုသည် ပုံမှန်ဆောက်လုပ်မှု အဆောက်အဦးများထက် ပြင်ဆင်စရိတ်နည်းပါး သော်လည်း ထုတ်လုပ်မှု ကုန်ကျစရိတ်အနည်းငယ်များသည်။ သံမဏိကိုယ်ထည်ဆောက်လုပ်ရေး ထုတ်ကုန်များ၏ ၉၈% ခန့်သည် အခြား ဆောက်လုပ်မှုတွင် ပြန်လည်အသုံးပြုနိုင်သည်။

တာရှည်ခံ အဆောက်အဦးဖြစ်ခြင်း

သံမဏိကိုယ်ထည်အဆောက်အဦးများဆောက်လုပ်ခြင်းသည် အစိမ်းရောင်ပတ်ဝန်းကျင်ရွေးချယ်မှု တစ်ခုပါလား ? စီးပွားရေး အဆောက်အဦးများ ဆောက်လုပ်ခြင်းအား သံမဏိကိုယ်ထည်များအသုံးပြုခြင်းဖြင့် ပိုမိုခိုင်ခန့်စေသည့်အပြင် အစိမ်းရောင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများအတွက်လည်း အကျိုးပြုသည်။

Steel recycled

သံမဏိပစ္စည်းများ ပြန်လည်အသုံးပြုခြင်းဖြင့် ကုန်ကျစရိတ်သက်သာရုံမက ပတ်ဝန်းကျင်ထိန်းသိမ်းခြင်း လုပ်ငန်းများကိုပါ အကျိုးပြုစေသည်။ ၆ ထပ်သစ်သားအိမ်ပြုလုပ်လိုပါက သင့်အနေဖြင့် သစ်ပင်စုစုပေါင်း ၂၄၀ ခန့်အသုံးပြုရမည်။ အကယ်၍ သင့်အနေဖြင့် သံမဏိကိုယ်ထည်ဖြင့် ၆ ထပ်တိုက် ဆောက်လုပ်လိုပါက သံရည်ကြိုမည့်ကား ၆၆ စီးသာ အသုံးပြုရမည် ဖြစ်သည်။ အထူးသဖြင့် ကြီးမားသောအဆောက်အဦးများအား သံမဏိကိုယ်ထည်ဖြင့် ဆောက်လုပ်ခြင်းသည် ကုန်ကြမ်းစရိတ် သက်သာရုံမက သံမဏိများပြန်လည်အသုံးပြုခြင်းသည်လည်း  ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများအတွက် အထောက် အကူပြုသည်။ အခြားသော ဆောက်လုပ်ရေးပစ္စည်းများသည် ပျက်စီးလေလွင့်မှုများပြားသော်လည်း သံမဏိထည်များမှာ ၁၀၀% ပြန်လည်အသုံးပြုနိုင်သည်။

အာရှနိုင်ငံများ၏ သံမဏိကိုယ်ထည်ဆောက်လုပ်သူများတွင် ဦးဆောင်နိုင်သူအဖြစ် အေတီအေဒီသည် စီးပွားရေး အဆောက် အဦးများ ဆောက်လုပ်မှုလုပ်ငန်းခွင်များသို့ သံမဏိကိုယ်ထည်ဆောက်လုပ်ရေးလုပ်ငန်းသုံးများအား ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ် ဖြန့်ချီလျက်ရှိသည်။ ယခုနှစ်ပိုင်းတွင် စက်ရုံ၊ အလုပ်ရုံ၊ ပြခန်း၊ ပလာဇာ၊ ပြပွဲခန်းမ၊ ဈေးဝယ်စင်တာ၊ ရထားဘူတာ၊ လေဆိပ်နှင့် အခြားသော စီးပွားရေးအဆောက်အဦးများအား သံမဏိကိုယ်ထည်များဖြင့် ဆောက်လုပ်လာကြသည်။ အေတီအေဒီ၏ ဆောက်လုပ်မှု အဆောက်အဦးများအား လေ့လာလိုပါက အောက်ဖော်ပြပါ လင့်ခ်တွင်လေ့လာနိုင်သည်။

Source: https://www.lthsteelstructures.com/steel-buildings/building-green
http://www.steelconstruction.info/

အခြားသတင်းများ

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD