ATAD STEEL STRUCTURE CORPORATION

Cam Ranh အပြည်ပြည်ဆိုင်ရာလေဆိပ်အဆောက်အဦးအား အေတီအေဒီမှ အောင်မြင်စွာ ဆောက်လုပ်ပြီးစီးခဲ့

2018-07-17 08:27:15

Cam Ranh အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ဗီယက်နမ်နိုင်ငံ၏ အရေးပါသော စီးပွားရေးလုပ်ငန်းများအတွက် အဓိကနေရာတစ်ခုဖြစ်သည်အပြင် Khanh Hoa ဒေသ၏ စီးပွားရေးဖွံ့ဖြိုးမှု အတွက် အရေးပါမှုတစ်ခုလည်း ဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် လေဆိပ်အဆောက်အဦးအသစ် တည်ဆောက်မှုအတွက် ဒီဇိုင်ရေးဆွဲပေးခြင်း၊ ထုတ်လုပ်ခြင်း၊ တပ်ဆင်ခြင်းလုပ်ငန်းများ လုပ်ဆောင်ရခြင်းသည် အေတီအေဒီ၏ ဂုဏ်ယူဖွယ်ရာ လုပ်ဆောင်မှု တစ်ခုလည်းဖြစ်သည်။

Cam Ranh 2

 

လေဆိပ်တည်ဆောက်မှုအတွက် ဒီဇိုင်းနှင့် ဗိသုကာလက်ရာသည် Swiftlet ငှက်အသိုက်ပုံသဏ္ဍာန်ကို ယူထားခြင်းဖြစ်ပြီး Khanh Hoa ဒေသအတွက် အထူးအသုံးပြုထားသော ဒီဇိုင်းဖြစ်သည်။ ဧရိယာ ၅၀၅၀၀ စတုရန်းမီတာ အကျယ်ရှိသော နှစ်ထပ်ပုံစံဖြင့် လေဆိပ်အသစ်အဆောက်အဦးအား ဆောက်လုပ်ထားသည်။ ပထမတစ်ပိုင်းဆောက်လုပ်ပြီးနောက် လေဆိပ်အတွင် နှစ်တန်းစီ တန်းနိုင်သော စစ်ဆေးရေးကောင်တာ ၄၀ ၊ စုစုပေါင်း ကောင်တာ ၂၀၊ လေယာဉ်ဆင်းတံတား ၁၀ ခု၊ ပစ္စည်းသယ်ပို့ တံထား ၆ ခုနှင့် လေယာဉ်ဆင်းတံတား လေခု ပါဝင်သည်။

အကွေးများကွေးရန်နှင့် အသိုက်ပုံစံငယ်အမိုးများ ဆောက်လုပ်ရာတွင် ပြည်တွင်းမှရရှိသော သံမဏိကုန်ကြမ်းများကို သာ အသုံးပြုဆောက်လုပ်ထားခြင်းဖြစ်သည်။ ထိုသို့အသေးစိတ် ဂရုတစိုက်ဆောက်လုပ်ထားခြင်းကြောင့် ဧည့်သည်များ အတွက် သက်သာသက်သာဖြင့် အဆင်ပြေစွာ ကြိုဆိုနိုင်မည်ဖြစ်သည်။

Cam Ranh လေဆိပ်ဆောက်လုပ်မှု ပရောဂျက်အောင်မြင်စွာပြီးစီးခဲ့ခြင်းမှာ အကောင်းဆုံးသော နည်းပညာများနှင့် သံမဏိကိုယ်ထည်များ အသုံးပြုထားခြင်းကြောင့်ဖြစ်သည်။ ထို့နည်းတူစွာ အချိန်တိုအတွင်းတွင် ပြီးစီးခဲ့ခြင်းမှာ အရည်အသွေးမြင့် ထုတ်ကုန်လိုအပ်ချက်များအား ပံ့ပိုးသူများနှင့် စီမံမှုများ ကောင်းမွန်ခဲ့ခြင်းတို့ကြောင့်လည်းဖြစ်သည်။ စုစုပေါင်းမြေဧရိယာ ၅၀၅၀၀ စတုရန်းမီတာအတွက် စတီးတန်ချိန်ပေါင်း ၉၅၀၀ တန် အသုံးပြုခဲ့ပြီး ထိုဆောက်လုပ်မှုသည် တပ်ဆင်ငှာနအတွက် သာမက စက်ရုံနှင့် နည်းပညာငှာနအတွက်ပါ ကြီးမားသောစိန်ခေါ်မှု တစ်ခုဖြစ်ခဲ့ပါသည်။

ရည်ရွယ်ထားသည့်အတိုင်း အချိန်မှီပြီးစီးရန်အတွက် တပ်ဆင်လုပ်ငန်းများ လုပ်ဆောင်ရာတွင် လူအားနှင့် စက်ယန္တရားအင်အားများစွာ ထောက်ပံ့မှုများပြုလုပ်ရသည်။ ထို့အပြင် လုပ်ငန်းအား အချိန်မှီပြီးမြောက်အောင်မြင်ရန် အတွက် နှစ်သစ်ကူးရုံးပိတ်ရက်များ၊ အပတ်စဉ်ရုံးပိတ်ရက်များအပြင် တာဝန်ရှိဝန်ထမ်းများအားလုံးသည် တစ်နေ့တာအချိန် ၂၄ နာရီအား အချိန်သုံးပိုင်းခွဲ၍ ကြိုးစားလုပ်ဆောင်ခဲ့ရပါသည်။

ထို့အပြင် အကောင်းဆုံးသော ဗိသုကာဒီဇိုင်းများရရှိရန်အတွက် အေတီအေဒီသည် သုံးဘက်မြင် အမိုးဆောက်လုပ်မှု နည်းပညာကို အသုံးပြုခဲ့ရသည်။ ထိုနည်းပညာအသုံးပြုခြင်းသည် များစွာသော အတွေ့အကြုံများ၊ ဒီဇိုင်းရေးဆွဲခြင်း အတွက် မြင့်မားသော တက်ကျွမ်းမှုများစွာကို ပိုင်ဆိုင်ထားသူဖြစ်မှသာ အသုံးပြုနိုင်သော နည်းပညာလည်း ဖြစ်သည်။ အခြားသော တပ်ဆင်မှုများဖြစ်သည့် အမိုးအလွှာ ငါးထပ်၊ ရေဆင်းပေါက် ၄ လွှာစနစ်၊ Syfonic ပိုက်စနစ်၊ ဆေးလိပ်ငွေ့ထွက်ပေါက်၊ ACC အမိုးပြားများဖြင့် အခြားနိုင်ငံတကာ လေဆိပ်ရုံများနည်းတူ တပ်ဆင်ထားပါသည်။

ကောင်းမွန်သော အတွေ့အကြုံများနှင့် စနစ်ကျသော ထိန်းချုပ်မှုများဖြင့် အေတီအေဒီသည် လုပ်ငန်းအပ်နှံသူများအား အချိန်မှီလုပ်ငန်း ဆောင်ရွက်ပြီးမြောက်ခြင်းဖြစ်သည်။ ပရောဂျက်အသင်းသည် အချိန်သုံးလနှင့် ခြောက်ရက်အတွင်း ယာထားချက်ပန်းတိုင်သို့ရောက်ရှိရန် တပ်ဆင်လုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။ အထူးသဖြင့် လုပ်ငန်းလုပ်ဆောင်နေစဉ် အတွင်း မုန်းတိုင်း နံပါတ် ၁၂ နှင့် ၁၄ အား ရင်ဆိုင်ခဲ့ရသော်လည်း ကြီးမားသောဆုံးရှုံးမှုများ မဖြစ်ပေါ်ခဲ့ပါ။

အခြားသတင်းများ

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD

Mã QR Code

Chia sẻ trang của bạn với bất kỳ ai bằng cách yêu cầu họ quét mã QR này

Copy & chia sẻ

QR Code

Share your page with anyone by asking them to scan this QR code

Copy & share

sonbahissonbahis girişsonbahis güncel giriş