ATAD STEEL STRUCTURE CORPORATION

Philconstruct Visayas 2019 ပြပွဲတွင် အေတီအေဒီပါဝင်ခဲ့

2019-06-12 17:24:13

၂၀၁၉ ခုနှစ် ဇွန်လ ၆ ရက်နေ့မှ ၈ ရက်နေ့ထိ Waterfront Cebu City Hotel & Casino, Salinas Drive, Lahug, Cebu City တွင် ကျင်းပပြုလုပ်သည့် Philconstruct Visayas 2019 ပြပွဲတွင် အေတီအေဒီမှ ဝင်ရောက်ပြသခဲ့ပါသည်။

Philconstruct ပြပွဲသည် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် လုပ်ငန်းသုံးများ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ စက်ယန္တရားများ၊ အတွင်းအပြင်ပိုင်း ပြင်ဆင်မှု ဒီဇိုင်းနှင့် ပတ်သက်သော လုပ်ငန်းသုံးများ အစရှိသည့် ဆောက်လုပ်ရေး နှင့်ဆက်စပ်သော ပစ္စည်းများကို တစ်နေရာတည်းတွင် ရယူလေ့လာနိုင်သော ပြပွဲတစ်ခုဖြစ်သည်။ ထိုပြပွဲတွင် နိုင်ငံတကာမှ လာရောက်ပြသသော ပြခန်းများလည်း ခင်းကျင်းထားပါသည်။ ပွဲသို့လာရောက်သော ဧည့်သည်များအတွက်သာမက ပြပွဲလာရောက်ပါဝင်သော နိုင်ငံအရပ်ရပ်မှ လုပ်ငန်းရှင်များအတွက်လည်း ပူးတွဲလက်တွဲ ဆောက်ရွက်နိုင်မည့် လက်တွဲဖော်များရှာဖွေနိုင်သော ပြပွဲတစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် နောက်ဆုံးပေါ် နည်းပညာများနှင့် ထုတ်ကုန်များကိုလည်း မြင်တွေ့နိုင်သော တန်ဖိုးရှိလှသည့် ပြပွဲတစ်ခုဖြစ်ပါသည်။

ပြပွဲတွင် အေတီအေဒီသည် သံမဏိကိုယ်ထည်အဆောက်အဦးနှင့် ပတ်သက်သည့် ဒီဇိုင်းများနှင့် ဖိလစ်ပိုင်နိုင်ငံ စီဘူးဒေသ၏ ရာသီဥတုနှင့်ကိုက်ညီမည့် ဆောက်လုပ်ရေးသုံးပစ္စည်းများကိုလည်း ပြသခဲ့ပါသည်။ ထို့အပြင် ဖိလစ်ပိုင် ရုံးအဖွဲ့မှလည်း လာရောက်လေ့လာသူ ဧည့်သည်များအား ထုတ်ကုန်နှင့်ဝန်ဆောင်မှုများအကြောင်းကို အသေးစိတ် ရှင်းပြခြင်းဖြင့် လိုအပ်ချက်များကို ပြည့်စုံစေပါသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် ဖိလစ်ပိုင်ဈေးကွက်တွင် အေတီအေဒီ၏ ရပ်တည်မှုကိုပိုမိုခိုင်မာစေနိုင်ပါသည်။

အေတီအေဒီ ဖိလစ်ပိုင်ရုံးခွဲအား စီဘူးမြို့တွင် တရားဝင်ဖွင့်လှစ်ထားရှိပါသည်။
Address: 2nd Floor, Aero Tower, J. De Vera St., North Reclaimation Area, Cebu City, Philippines
Representative: Mr. Jonathan – Sales Manager
Mobile: +63 917 880 3093 (Globe); +63 2751 4485 (Smart)

သင့်အနေဖြင့် လာရောက်၍ ပရောဂျက်၏ အချက်အလက်များဆွေးနွေးလိုပါက မနီလာနှင့် စီဘူးတွင်ရှိသော ရုံးခွဲများသို့ ဆက်သွယ်နိုင်ပါသည်။ ကျွနိုပ်တို့၏ အတော်ဆုံးသော အရောင်းကိုယ်စားလှယ်များနှင့် တွေ့ဆုံနိုင်ရန် စီစဉ်ဆောက်ရွက်ပေးပါမည်။

အခြားသတင်းများ

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD