ATAD STEEL STRUCTURE CORPORATION

Duy Tan ပလတ်စတစ်ထုတ်လုပ်မှုစက်ရုံအား အေတီအေဒီမှ ဆောက်လုပ်ပြီးစီးခဲ့

2019-08-12 16:55:40

Duy Tan လုပ်ငန်းသည် ၁၉၈၇ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့သော ဗီယက်နမ်နိုင်ငံ၏ ပလတ်စတစ် ထုတ်လုပ်မှုတွင် ဦးဆောင်ဖြစ်သည့်  ပလတ်စတစ် Joint Stock လုပ်ငန်းတစ်ခုဖြစ်သည်။ ဈေးကွက်ဖွံ့ဖြိုးတိုးတက်မှု လိုအပ်ချက်များနှင့် ထုတ်ကုန်ဖြည့်ဆည့်ရန်အတွက် A18 Tan Do Hai Son Street, Tan Do Industrial Park, Duc Hoa Ha Commune, Duc Hoa District, Long An တွင် စက်ရုံတည်ဆောက်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

သံမဏိကိုယ်ထည်အဆောက်အဦးအတွက် အေတီအေဒီအား ဒီဇိုင်းရေးဆွဲခြင်း၊ ထုတ်လုပ်ခြင်းနှင့် တပ်ဆင်ခြင်း လုပ်ငန်းများအတွက် ယုံကြည်စွာ အပ်နှံခဲ့ခြင်းဖြစ်သည်။ ဒီဇိုင်းရေးဆွဲရာတွင်လည်း သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေမှုရှိစေရန် အဓိကထားရေးဆွဲထားပြီး panel cladding စနစ်နှင့်, ဖုန်မှုန့်များကာကွယ်မည့် အလွှာပါး နှစ်ခုကိုလည်း ထည့်သွင်းထားပါသည်။ စက်ရုံအမိုးမှတဆင့် စက်ရုံဧရိယာတစ်ခုလုံးကို အလင်းပေးနိုင်မည့် ဆိုလာပါဝါသုံးစနစ်ကိုလည်း ပြီးပြည့်စုံစွာ ထည့်သွင်း အသုံးပြုထားပါသည်။ ထို့အပြင် နေ့ဘက်အချိန်များတွင် သဘာဝအလင်းရောင်းအသုံးပြုနိုင်ရန်နှင့် လေဝင်လေထွက်ကောင်းမွန်စေရန်အတွက် Light-emitting စနစ်ကိုလည်း ထည့်သွင်းထားပါသည်။

အတွေ့အကြုံများမှပေးသော ခွန်အားများနှင့် အာရှနိုင်ငံတွင်း သံမဏိအစိတ်အပိုင်း ထုတ်လုပ်မှုများအတွက် ပထမဆုံးသော LEED ရွှေတံဆိပ်ဆုအား ဆွတ်ခူးထားခြင်း၊ ဝန်ထမ်းများ၏ ပြည့်စုံသော ပူးပေါင်းဆောင်ရွက်မှုစွမ်းအား၊ အချိန်နှင့်ခွန်အားချွေတာခြင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းမှုလုပ်ငန်းစဉ်များနှင့် အညီ လုပ်ဆောင်နိုင်ခြင်း တို့ကြောင့် အေတီအေဒီသည် Duy Tan ကုမ္ပဏီအတွက် ပြည့်စုံသော LEED အဆင့်မှီ အဆောက်အဦးအား ဆောက်လုပ်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။

duy-tanduy-tan 1 duy-tan 2 duy-tan 4duy-tan 4

အခြားသတင်းများ

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD