ATAD STEEL STRUCTURE CORPORATION

ATAD မှ RUBY စက်ရုံအကောင်ထည်ဖော်ဆောက်လုပ်

2019-01-10 15:20:06

Ruby (JFE Meranti) ပရောဂျက်သည် ဧရိယာစတုရန်းမီတာ ၃၀၀၀၀ နှင့် တန် ၂၅၀၀ ရှိပြီး၊ ရန်ကုန်နှင့် အနည်းငယ်ဝေးကွာသော သီလဝါအထူးစက်မှုဇုန်တွင် ဆောက်လုပ်ထားပြီး အကြီးဆုံးနှင့် အမြင့်ဆုံးသော ၃၇.၅ မီတာရှိသော ဆောက်လုပ်မှု ပရောဂျက်တစ်ခုဖြစ်သည်။

ပရောဂျက်အနေဖြင့် အပိုင်း ၂ ခုရှိပြီး အပိုင်း ၁ တွင် စတုရန်းမီတာ ၇၂၀ ကျယ်ဝန်းသော ရုံး၊ ဆောက်လုပ်မှု အကြို သံမဏိကိုယ်ထည်အသုံးပြုထားသော စတုရန်းမီတာ ၃၁၂၀ ဧရိယာရှိ အလုပ်ရုံတစ်ခုတို့ ပါဝင်ပါသည်။ အပိုင်း ၁ အတွက် အဓိကအဆောက်အဦးဘေးတွင် အရန်ပစ္စည်းများအပါအဝင် ရေတင်စီမံကိန်းရုံ၊ လျှပ်စစ်ရုံ၊ ဓါတ်ငွေ့သိုလှောင်ရုံ၊ ထိန်းချုပ်ခန်း၊ တန် ၆၀ အလေးချိန်ရုံ၊ လုံခြုံရေးအဆောက်အဦးနှင့် ဝန်ထမ်းများအတွက် နားနေဆောင်များပါဝင်သည်။

ATAD အနေဖြင့် ပိုင်ရှင်နှင့် အဓိကဆောက်လုပ်သူတို့၏ ယုံကြည်မှုကို ဒီဇိုင်းရေးဆွဲခြင်း၊ ထုတ်လုပ်ခြင်း၊ တပ်ဆင်ခြင်း အစရှိသည်တို့ကို စေ့စပ်သေချာစွာ လုပ်ကိုင်ဖြင်းဖြင့် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ယုံကြည်မှု အတွက် ပြန်လည်တုံ့ပြန်မှုအနေဖြင့် တပ်ဆင်မှုအတွက် စနစ်တကျ စီမံကိန်းဆွဲ၍ သေချာစွာလုပ်ဆောင်စေခြင်း၊ လုပ်ငန်းသုံးများအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်ကို စီမံကိန်းချ အသုံးချခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။ ကြီးမားသောလုပ်ငန်းအတွေ့အကြုံနှင့် ဝါရင့်စီမံခန့်ခွဲမှုတို့ကြောင့် ATAD သည် ဆောက်လုပ်ရေး အစီအစဉ်ကျစွာဖြင့် မြန်မာနိုင်ငံ၏ မိုးရာသီကာလဖြစ်သည့် (ဇွန် မှ အောက်တိုဘာ) အတွင်း ပြည့်စုံကောင်းမွန်စွာ ဆောက်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် စီမံကိန်းဆောက်လုပ်နေစဉ်အတွင်း ဆိုးဝါးသောရာသီဥတုကြောင့် အစီအစဉ်ပြောင်းလဲ သတ်မှတ်ခြင်းများလည်း အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရသည်။

ယခုလက်ရှိတွင် ၁၀၀ ရာနှုန်းပြည့် တပ်ဆင်ဆောက်လုပ်ပြီးစီးပြီ ဖြစ်ပြီး ထိုပရောဂျက်အတွက် အမိုးအကာ လုပ်ငန်းစဉ်များအား ၂၀၁၉ ခုနှစ်ပထမနှစ်ဝက်တွင် ပြီးစီးအကောင်အထည်ဖော်ရန် မျှော်လင့်သည်။ ကျွနိုပ်တို့ အနေဖြင့် Ruby (JFE Meranti) ပရောဂျက်အား အရည်သွေးမှီ၊ အန္တရာယ်ကင်းစွာနှင့် အချိန်မှီအပ်နှံနိုင်ခြင်းတို့ အတွက် များစွာကျေနပ်အားရမိပါသည်။

Ruby Factory 1Ruby Factory 2Ruby Factory 3  Ruby Factory 4

အခြားသတင်းများ

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD