ATAD STEEL STRUCTURE CORPORATION

၂၀၁၅ ကမ္ဘောဒီးယားဆောက်လုပ်ရေးလုပ်ငန်းပြပွဲတွင် ပါဝင်ပြသခြင်း

2016-10-26 10:23:11

ATAD ကုမ္ပဏီအနေဖြင့် ၂၀၁၅ခုနှစ် ဒီဇင်ဘာလ ၃ရက်နေ့မှ ၅ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ စိန်ကျွန်းပြပွဲစင်တာ တွင်ကျင်းပပြုလုပ်သော ကမ္ဘောဒီးယားဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ ပြပွဲတွင် ပါဝင်ပြသခဲ့ပါသည်။

ဤနှစ်စဉ်ပြပွဲအား ကမ္ဘောဒီးယားဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှ ဦးဆောင်၍ ဆောက်လုပ်ရေးစက်မှုလုပ်ငန်းများ ပစ္စည်းသစ်များမိတ်ဆက်နိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးမြှင့်နိုင်စေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။ ပြပွဲတွင် ပြခန်းပေါင်း ၃၀၀ နီးပါး ခန့်ရှိပြီး ပစ္စည်းမျိုးစုံ၊ ဆောက်လုပ်ရေးပစ္စည်းဝန်ဆောင်မှုမျိုးစုံ၊ M&E အစိတ်အပိုင်းများအား အလှဆင်မှုမျိုးစုံ၊ စက်ပစ္စည်းမျိုးစုံ၊ စက်မှုနှုင့် စတီးအဆောက်အဦး တည်ဆောက်မှုဆိုင်ရာပုံစံမျိုးစုံတို့ကို ခမ်းခမ်းနားနားခင်းကျင်းပြသထားပါသည်။

ယခုနှစ် ATAD ပြခန်းအနေဖြင့် ပရိုဆန်သော၊ တစ်မူထူးခြားသော ပြခန်းပုံစံဖြင့် ပွဲထွက်လာခဲ့ခြင်းကြောင့် ပြပွဲကျင်းပသူများနှင့် ရင်းနှီးမြုပ်နှံသူများထံမှ အားပေးနှစ်ခြိုက်မှုများစွာတို့ကိုရရှိခဲ့ပါသည်။ လည်ပတ်သူအများအပြား လာရောက်၍ ATAD ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအကြောင်းမေးမြန်းခဲ့ကြပါသည်။ ထိုကဲ့သို့သော ရလဒ်များထွက်ပေါ်လာခြင်းကြောင့် ကမ္ဘောဒီးယားတွင် လုပ်ငန်းများဆက်လက်တိုးချဲ့ရန် အခွင့်အလမ်းများများပြားလာပါသည်။
Cam expo 2015 2

Cam expo 2015 5

Cam expo 2015 6

အခြားသတင်းများ

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD