ATAD STEEL STRUCTURE CORPORATION

အကောင်းဆုံးသော ဆောက်လုပ်ရေးရလဒ်များရရှိနိုင်ရန်အတွက် ATAD နှင့် ADVANTIS တို့ပူးပေါင်းခဲ့

2019-01-20 16:49:57

HAYLEYS ADVANTIS လီမိတက်၏ လက်အောက်ခံ ကုမ္ပဏီဖြစ်သည့်  သီရိလကာင်္နိုင်ငံ၏ နံပါတ်တစ် စာရင်းဝင်နိုင်ငံတစ်ခုဖြစ်သော HAYLEYS GROUP ၏ ADVANTIS ENGINEERING နှင့် နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးခဲ့ပါသည်။ ရေရှည်တည်တံ့၍ ကုန်ကျစရိတ်သက်သာသော ဆောက်လုပ်ရေး လုပ်ငန်းများလုပ်ဆောင်နိုင်ရန်၊ သီရိလကာင်္နိုင်ငံတွင် လုပ်ငန်းဆက်လက်တိုးတက်ရပ်တည်နိုင်ရန် အတွက် လည်း အကောင်းဆုံးသော ရလဒ်ဖော်ဆောက်ပေးနိုင်မည့် မိတ်ဖက်မှုတစ်ခုဖြစ်ပါသည်။

အဆောက်အဦးဆောက်လုပ်မှုအတွက် နောက်ဆုံးပေါ်ဖြစ်သော ဆောက်လုပ်မှုအကြို အဆောက်အဦးများ သည် စီးပွားရေးအဆောက်အဦးများဖြစ်သည့် အားကစားရုံများ၊ ကျောင်း၊ စူပါမားကတ်၊ ရုံး၊ ပြခန်း၊ အအေးခန်း၊ ကုန်လှောင်ရုံ၊ စက်ရုံ အစရှိသည်တို့ ဆောက်လုပ်ရာတွင် အားသာချက်များစွာရှိပြီး ကုန်ကျစရိတ် သက်သာစေသော ဆောက်လုပ်မှုမျိုးဖြစ်သည်။ လုပ်ငန်းအပ်နှံသူ လိုအပ်ချက်များနှင့် ပြီးပြည့်စုံသော အဆောက်အဦးတစ်ခုဖြစ်ရန်အတွက် ပြီးပြည့်စုံသော အရည်အသွေးပြည့်မှီခြင်း၊ အချိန်တိကျခြင်း၊ အန္တရာယ် ကင်းခြင်းတို့သည် ပြီးပြည့်စုံသော ဆောက်လုပ်မှု၏ အောင်မြင်သော ရလဒ်ဖြစ်သည်။  ထိရောက်စွာ ဒီဇိုင်းရေးဆွဲခြင်းသည် ဆောက်လုပ်ရေးကုန်ကျစရိတ်ကို ၂၅ ရာခိုင်နှုန်းထိ လျှော့ချနိုင်ပြီး အချိန်ကုန် သက်သာခြင်းကိုလည်း ၃၀ မှ ၅၀ ရာခိုင်းနှုန်းထိ လျှော့ချနိုင်သော ဆောက်လုပ်မှုမျိုးဖြစ်သည်။ ထုတ်လုပ်မှုလုပ်ငန်းစဉ်များအား စက်ရုံဆောက်လုပ်မှုဘက်မှ တင်းကြပ်စွာထိန်းချုပ်သည်။ ဆောက်လုပ်မှု အကြို အဆောက်အဦးများသည် ဒီဇိုင်းလိုအပ်ချက်များပြင်ဆင်ရာတွင်အဆင်ပြေခြင်း၊ ထပ်မံတိုးချဲ့ရန် လွယ်ကူခြင်းနှင့် ပို့ဆောင်မှုစရိတ်သက်သာခြင်း အစရှိသည့် အားသာချက်များနှင့်ပြည့်စုံသည်။ အလေးချိန် နည်းသော ကျောရိုးဖရိန်များဖြစ်သော်လည်း ငလျင်ဒဏ်ကာကွယ်နိုင်စွမ်းမြင့်မားပြီး အန္တရာယ်ကင်းစေသည်။

Kết Cấu Thép ATAD trở thành đối tác chiến lược của Advantis

“သီရိလကာင်္နိုင်ငံအတွက် အကောင်းဆုံးသော ဆောက်လုပ်မှုရလဒ်နှင့် အသစ်သောလုပ်ဆောင်မှုများ ကိုဖော်ဆောင်ပေးနိုင်ရန်အတွက် ADVANTIS ENGINEERING နှင့် လက်တွဲရခြင်း အတွက် များစွာ ဂုဏ်ယူမိပါတယ်၊ ATAD အနေနှင့် အသစ်သော ကောင်းမွန်သော ဆောက်လုပ်မှုနည်းပညာများ ယူဆောင်လာခြင်းနှင့် ADVANTIS ENGINEERING  နှင့် အမြင်များ မျှဝေနိုင်လိမ့်မည် ဟု ယုံကြည်ပါတယ်၊ ကျွနိုပ်တို့အတူတကွ ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် နောင်အနာဂတ်တွင် အကောင်းဆုံးသော ဆောက်လုပ်မှုရလဒ်နှင့် လှပသောကျွန်းတစ်ခုအား ဖော်ဆောင်နိုင်မည်ယုံကြည်ပါသည် ” ဟု ATAD ၏ အုပ်ချုပ်မှု ဒါရိုက်တာ MR.HUYNH NGOC DONG မှ ပြောကြားခဲ့ပါသည်။

ADVANTIS ENGINEERING သည် CONVERTING အတွက် အကောင်းဆုံးသော ဦးဆောင်သူ၊ လုပ်ငန်းအမှတ်တံဆိပ် CONVERTAINERS လက်အောက်တွင် အသုံးဝင်သော၊ ရေရှည်လက်တွဲနိုင်သော၊ ဆောက်လုပ်ရေးလုပ်ငန်းရလဒ်နှင့် နိုင်ငံ၏ စီးပွားရေးတိုးတက်ဖွံ့ဖြိုးစေသော လုပ်ငန်းတစ်ခု ဖြစ်သည်။ ရှိရင်းစွဲ လုပ်ငန်းတစ်ခုအား ချဲ့ထွင်ခြင်းနှင့် အခြားသော ဈေးကွက်အသစ်သို့ထိုးဖောက်မှုခြား ဖြစ်ပေါ်တက်သည့် ကွာဟမှုများတွင် နေရာယူခြင်းနှင့် လိုအပ်မှုများဖြည့်ဆည်းခြင်း၊  နိုင်ငံ၏ ဓလေ့ထုံးစံအတိုင်း လိုက်လျော ညီထွေမှုရှိခြင်းတို့သည် ကွာဟမှုများအတွက် ပေါင်းကူးတံတားဖြစ်သည်။

ပူးပေါင်းဆောင်ရွက်မှု အားရကျေနပ်မှုအတွက် Kamal Wimalaratne, General Manager, Advantis Engineering, မှ “ကျွနိုပ်တို့လူမျိုးများ၏ အကျိုးစီးပွားတိုးတက်စေရေး အလို့ငှာ မြို့ပြဒေသများ၏ နေရာလစ်လပ်မှုများ တိုးတက်မှုသည်လည်း အရေးပါသည်။ ရိုးရာနည်းအရ ဆောက်လုပ်မှုများသည် အချိန်ကြန့်ကြာစေနိုင်ပြီး စီးပွားရေးအတွက် ကြီးစွာအရေးပါသော အချက်တစ်ချက်ဖြစ်ခဲ့ပြီး ထိုအရာများကို ရှင်းလင်းကာ ပိုမိုကောင်းမွန်သော ရလဒ်ကိုဖော်ဆောင်နိုင်စေခြင်းသည် ယနေ့ခေတ်အတွက် အရေးကြီးသော လိုအပ်ချက်တစ်ခု ဖြစ်သည်။ ယခုကဲ့သို့ ATAD နှင့် ပူးပေါင်းလုပ်ဆောင်ခွင့်ရခြင်းအတွက် များစွာ ဂုဏ်ယူမိပါသည်။ နောင်အနာဂတ်တွင် ဆောက်လုပ်ရေးလောက၏ ခေါင်းဆောင်၊ များစွာတိုးတက်သော နေရာလွတ်ရလဒ်ကိုဖန်တီးနိုင်သော စီးပွားရေးအနေဖြင့် လျှင်မြန်စွာတိုးတက်အကောင်အထည် ဖော်နိုင်ရန် မျှော်လင့်ပါသည်”

အခြားသတင်းများ

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD