ATAD STEEL STRUCTURE CORPORATION

ကမ္ဘောဒီးယားကျောင်းသူကျောင်းသားများအတွက် အလုပ်သင်အခွင့်အလမ်း

2016-10-26 10:36:53

သင် စိတ်ဝင်စားပါသလား။

အရှေ့တောင်အာရှတွင် ရှေ့ဆောင်ကုမ္ပဏီကြီးတစ်ခုတွင် အလုပ်ရလိုပါသလား။ ဆောက်လုပ်ရေးလုပ်ငန်းတွင် စိတ်ပါဝင်စားပါသလား။ ဒါဆိုရင်တော့ ATAD အလုပ်သင် အစီအစဉ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြပါစို့။

ဤအစီအစဉ်တွင် သင့်အနေဖြင့်အောင်မြင်ပါက ဗီယက်နမ်စက်ရုံတစ်ခုတွင် အဖိုးမဖြတ်နိုင်သောလုပ်ငန်းခွင် အတွေ့အကြုံများ ရရှိနိုင်မည်ဖြစ်ပါသည်။ ပို၍အရေးကြီးသည်မှာ ATAD အလုပ်သင်ဟောင်းများအား ဘွဲ့ရရှိပြီးသည့်နောက် အချိန်ပြည့်ဝန်ထမ်းများအဖြစ်ခန့်အပ်နိုင်ရန် အထူးအလေးပေးစဉ်းစားမည်ဖြစ်ပါသည်။

လိုအပ်သောအရည်အချင်း

အောက်ဖော်ပြပါအချက်များနှင့်ပြည့်စုံသော ကျောင်းသားကျောင်းသူများအားရှာဖွေနေပါသည်။

  • အင်ဂျင်နီယာ၊ ဆောက်လုပ်ရေးစီမံခန့်ခွဲမှု၊ ဘေးကင်းလုံခြုံမှု၊ ဗိသုကာ မေဂျာများနှင့်သက်ဆိုင်သော ကမ္ဘောဒီးယားကျောင်းသားကျောင်းသူများ
  • အင်္ဂလိပ်လိုကောင်းစွာဆက်သွယ်ပြောဆိုနိုင်ရမည်။
  • သင်ယူရန် ဆန္ဒရှိသူ၊ စိတ်အားထက်သန်သူဖြစ်ရမည်။
  • လျှောက်ထားချိန်တွင် တတိယနှစ်မှ ပဉ္စမနှစ် အတွင်း လေ့လာသင်ကြားနေသူဖြစ်ရပါမည်။

လျှောက်ထားနည်း

သင်၏ကိုယ်ရေးအကျဉ်းနှင့် အောက်ပါခေါင်းစဉ်အတိုင်း စာလုံးရေ ၂၀၀မှ ၅၀၀ရှိ စာစီစာကုံးတို (သို့) ဆလိုက် ၁၅ခုမှ ၃၀ ထိရှိသော တင်ပြချက် (အင်္ဂလိပ်လိုရေးသားရန်)

စတီးတည်ဆောက်ပုံဆိုတာဘာလဲ။ ဘာကြောင့်စတီးတည်ဆောက်ပုံ ဟာ ယနေ့ခေတ်ဆောက်လုပ်ရေးစီမံကိန်းတွေအတွက် အကောင်းဆုံးဖြေရှင်းချက်ဖြစ်လာရတာပါလဲ။

၂၀၁၆၊ ဖေဖော်ဝါရီ ၁ရက်နေ့မှ ၂၀ရက်အတွင်း news@atad.vn သို့ပို့ပေးပါ။

သတင်းအချက်အလက်စုံစမ်းရန် news@atad.vn သို့မေးလ်ပို့ပါ။

 

POSTER

အခြားသတင်းများ

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD