ATAD STEEL STRUCTURE CORPORATION

PHU MY လူမှုစောင့်ရှောက်ရေးစင်တာနှင့် THIEN BINH မိဘမဲ့ကျောင်းတို့အတွင် အေတီအေဒီမှ လှူဒါန်းခဲ့

2016-10-12 14:24:05

ဆောင်းတွင်းနှစ်လယ်ပွဲတော်သည် အာရှနိုင်ငံများမှ ထောင်ပေါင်းများစွာသော ကလေးများအတွက် ပျော်ရွှင်ဖွယ်ရာ အားလပ်ရက်တစ်ခုဖြစ်သည်။ ထိုကဲ့သို့သော ကလေးငယ်များပျော်ရွှင်နေချိန်တွင် အခြားအချို့သော ကလေးငယ်များ အတွက် အနည်းငယ်သော မျှော်လင့်ချက်များဖြင့် ရှင်သန်နေကြရသည်။ မည်သို့ရိုးရှင်းသော အိမ်မက်တစ်ခုဆိုစေကာမူ၊ အနည်းငယ်သော မုန့်နှင့်သကြားလုံးဖြစ်စေကာမူ ယင်းကလေးငယ်တို့အတွက် ကြီးမားသော မျှော်လင့်ချက်အိမ်မက်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။

အခြားကလေးများတန်းတူ မပျော်ရွှင်ရသော ကလေးငယ်များနှင့် ကံဆိုးသည်ဟု မိမိကိုယ်ကိုယ်ခံစားနေရသူများအတွက် ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင် အေတီအေဒီသံမဏိကိုယ်ထည် အဆောက်အဦး ကော်ပိုရေးရှင်းမှ Phy My လူမှုစောင့်ရှောက်ရေး စင်တာနှင့် Thien Binh မိဘမဲ့ဂေဟာသို့ ကူညီမှုများ ပြုလုပ်ခဲ့သည်။ ၎င်းတို့ခံစားနေရသော ဝေဒနာများအား နားလည်မပေးနိုင်ပါက ဝေဒနာအတိမ်အနက်ကိုလည်း သိရှိနိုင်မည် မဟုတ်ပေ။ ကျွနိုပ်တို့လုပ်ဆောင် ပေးနိုင်မှုအပေါ် မူတည်၍ ၎င်းတို့အတွက် လက်ဆောင် ၇၀၀ ကျော်ကို ပေးအပ်နိုင်ခဲ့သည်။

P1030171P1030316thien_binh_16P1030402

အေတီအေဒီ၏ ကူညီရေးခရီးစဉ် အောင်မြင်စွာပြီးဆုံးခဲ့သည်။ ဝန်ထမ်းများသည်လည်း မိမိတို့လုပ်ဆောင်မှုများအတွက် ဝမ်းသာခဲ့ရသည်။ ထိုအပြင် ယခုလှူဒါန်းမှုမှ ဖြစ်ပေါ်လာသော ၎င်းတို့၏ အပြုံးများ၊ အပြစ်ကင်းစင်သော မျက်နှာများ၊ နှစ်သိမ့်မှုလိုအပ်နေသော မခန့်မှန်းနိုင်သည့် နာကျင်မှုများကို သိရှိခံစားခဲ့ရသော ခရီးစဉ်တစ်ခုအဖြစ် ……

လူသားချင်းစာနာမှု စိတ်ဓါတ်အပြည့်ဖြင့် ဤကဲ့သို့သော လူမှုရေးလှုပ်ရှားမှုများ၊ ကူညီထောက်ပံ့မှုများအား အင်အားအပြည့် ဖြင့် ဆက်လက်လုပ်ကိုင်ရန် အေတီအေဒီမှ စိတ်အားထက်သက်လျက်ရှိသည်။

အခြားပတ်ဝန်းကျင်ဖြန့်ဝေပေးခြင်း

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD