ATAD STEEL STRUCTURE CORPORATION

ATAD သည် ဘေးအန္တရာယ်ကာကွယ်တားဆီးရေးအဖွဲ့အတွက် ရန်ပုံငွေလှူဒါန်းခဲ့

2019-05-23 15:05:10

၂၀၁၉ ခုနှစ် မေလ ၁၈ ရက်နေ့တွင် ATAD သည် ဘေးအန္တရာယ်ကာကွယ်တားဆီးရေးအသင်း ရန်ပုံငွေပွဲအား ပူးပေါင်းပါဝင်ခဲ့ပြီး ထိုပွဲသည် လွန်ခဲ့သော ၁၀ အချိန်ကတည်းက ရန်ပုံငွေလှုပ်ရှားမှုများ ပြုလုပ်ခဲ့သော အသင်းအဖွဲ့တစ်ခုလည်း ဖြစ်ပါသည်။

ဗီယက်နမ် ဗဟို ဘေးအန္တရာယ်တားဆီးရေး ရန်ပုံငွေအဖွဲ့သည် လွန်ခဲ့သော ၁၀ ကျော်ကာလက တည်ထောင်ခဲ့ဖြင်းဖြစ်ပြီး ဗီယက်နမ်ဒေါင် သန်း ၃၀၀ ဖြင့်မတည်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုအသင်းအဖွဲ့သို့ တစ်ဦးတစ်ယောက်ချင်းလှူကြသည်များလည်းရှိသလို ပုဂ္ဂိုလိကလုပ်ငန်းများဖြစ်ကြသည့် Vingroup, Vietjet, Truong Hai, SunGroup, FPT, ATAD အပါအဝင် အချို့သောလုပ်ငန်းများမှလည်း လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြပါသည်။ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအဖွဲ့သည် မူလတန်းကျောင်းများ၊ မူကြိုများ၊ ဆေးပေးခန်းများ၊ ယဉ်ကျေးမှုအဆောက်အဦးများအတွက် တည်ဆောက်ပေးခဲ့သည်။ ထို့အပြင် ကယ်ဆယ်ရေး အဖွဲ့များဖွဲ့ခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးမှုများပြုလုပ်ခြင်း အစရှိသည်တို့ကို ပြုလုပ်ပေးသည့် အပြင် ရာပေါင်းများစွာသော ကျောင်းသားများကို ကူညီခြင်း၊ နိုင်ငံအနှံ့အပြား ဘေးအန္တရာယ်သင့် ဒေသများအတွက် အရေးပေါ်ကူညီကယ်ဆယ် ထောက်ပံ့မှုများ ပြုလုပ်ခြင်း စသည်တို့ကိုလည်း လုပ်ဆောင်ပေးပါသည်။

ATAD ၏ အခမ်းအနားတာဝန်ယူမှုအပေါ်တွင် ကုမ္ပဏီ၏ လူ့စွမ်းအားအရင်းမြစ်ဖွံ့ဖြိုးမှုဌာန ဒါရိုက်တာ Ms.Nguyen Thi Phuc Tuyen မှ လူသားချင်းစာနာထောက်ထား ကူညီမှုသည် စီးပွားရေးအတွက် အဓိက ကျသော သော့ချက်တစ်ခုဖြစ်ကြောင်းနှင့် ကုမ္ပဏီ စတင်တည်ထောင်ချိန်မှစ၍ ယခုအချိန်ထိ တစ်ဦးကိုတစ်ဦး ရင်းနှီးကူညီထောက်ပံ့ရမည် ဖြစ်ကြောင်းကို ကောင်းစွာသိပါကြောင်း ပြောကြားခဲ့ပါသည်။ ဘေးအန္တရာယ် ကာကွယ်တားဆီးရေးအဖွဲ့နှင့် လူ့ပတ်ဝန်းကျင်အတွက် လိုအပ်သည့် အဓိပ္ပါယ်ရှိသော လှုပ်ရှားမှုများတွင်ပါဝင်ခဲ့ ပြီး၊ ဟိုချီမင်းကွန်မြူနစ်လူငယ်ပြည်ထောင်စု၊ လောင်အန်းနှင့် ဒါနန်းဒေသများရှိ ဆင်းရဲသော လူထုအတွက် လှုပ်ရှားမှုများကို ပါဝင်ခဲ့ပါသည်။ ATAD အနေဖြင့် လူမှုအသိုင်းအဝိုင်းနှင့် လူ့အဖွဲ့အစည်း ဖွံ့ဖြိုးမှုတို့တွင် ပါဝင်ကူညီလိုခြင်းကြောင့်ဖြစ်ပါသည်။

ATAD joined the commemoration held by Community Disaster Prevention Fund ATAD representative received Certificate of honor ATAD representative received Certificate of honor 2

အခြားပတ်ဝန်းကျင်ဖြန့်ဝေပေးခြင်း

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD

QR Code

Share your page with anyone by asking them to scan this QR code

Copy & share