ATAD STEEL STRUCTURE CORPORATION

Valency ဂိုဒေါင် - Ivory Coast တွင် အောင်မြင်မှုရရှိ

2020-04-20 10:47:51

Ivory Coast လုပ်ငန်းများ၏ စီမံကိန်းကွင်းဆက်များ အောင်မြင်မှုအပြီးတွင် အေတီအေဒီသည် Valency International Trading Co., Ltd ၏ Valency  ဂိုဒေါင် ဆောက်လုပ်မှု စီမံကိန်းတွင် အသုံပြုရန် သံမဏိကိုယ်ထည် ဆောက်လုပ်မှုများအတွက် ဒီဇိုင်းရေးဆွဲခြင်း၊ ထုတ်လုပ်ခြင်း၊ တပ်ဆင်ခြင်းလုပ်ငန်းများ အတွက် ရွေးချယ်ခြင်းခံခဲ့ရပါသည်။

ဤစီမံကိန်းတွင် အေတီအေဒီသည် သံမဏိကိုယ်ထည်များဖြစ်သော ဂဟေဆော်သည့်လိုင်း၊ အဖုံးအုပ်စသည့် စနစ်များအတွက် အရည်အသွေး ပြုပြင်ထိန်းချုပ်ခြင်းကို အာရုံစိုက်ပြုလုပ်ခဲ့ပါသည်။ အပြီးသတ်ထုတ်ကုန် တင်ပို့ခြင်းနှင့် မတင်ပို့မှီ QA/QC လုပ်ငန်းများအား စက်ရုံ၏ တင်းကျပ်စွာ ထုတ်လုပ်မှုအောက်တွင် ထားရှိ၍ စီမံခန့်ခွဲမှုများပြုလုပ်ပါသည်။ ထို့အပြင် စီမံကိန်းထိန်းချုပ်မှုများ၊ ကွပ်ကဲမှုများ၊ တပ်ဆင်ခြင်းများ အဆင်ပြေစေရန်လည်း ညှိနှိုင်းဆောင်ရွက်ပါသည်။ အေတီအေဒီသည် ရင်းနှီးမြှပ်နှံသူကို အကြွင်းမဲ့ စိတ် ကျေနပ်မှု ရရှိစေရန်အတွက် စီမံကိန်းကို အချိန်ဇယားအတိုင်း ပြီးစီးအောင်မြင်ခဲ့ပါသည်။

ထုတ်ကုန်နှင့်ဝန်ဆောင်မှု အရည်အသွေးတို့သည် အေတီအေဒီ၏ ဂုဏ်သိက္ခာကို ထပ်မံအတည်ပြု ပေးခဲ့ပြီး ၊ Valency and ATAD ကြား စက်မှုကုန်လှောင်ရုံ လုပ်ငန်းများအတွက် ရေရှည်တည်တံ့ခိုင်မြဲသော မိတ်ဖက် လုပ်ဆောင်ခြင်းတစ်ခုကို တည်ဆောက်နိုင်ခဲ့ပါသည်။

အခြားသတင်းများ

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD