ATAD STEEL STRUCTURE CORPORATION

MyanBuild 2016 ပြပွဲမှ အေတီအေဒီပြခန်းသို့ လာရောက်လေ့လာရန် ဖိတ်ကြားခြင်း

2016-11-29 14:44:37

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့၊

လေးစားရပါသော ဝယ်ယူသူများနှင့် မိတ်ဆွေများ ၊

မြန်မာနိုင်ငံတွင် ပြုလုပ်ကျင်းပသော အကြီးမားဆုံး ဆောက်လုပ်ရေးလုပ်ငန်းများပြပွဲဖြစ်သည့် MyanBuild’16 ပြပွဲသည် မြန်မာနိုင်ငံတွင် ဒီဇင်ဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ကျွနိုပ်တို့ပြခန်းရှိရာသို့ လာရောက်လေ့လာပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

  • ပြခန်းအမှတ် – ၀၃၆
  • ပြပွဲတည်နေရာ – မိုင်ဒါကွင်း (တပ်မတော်ခန်းမအနီး) ၊ ရန်ကုန်မြို့။
  • ပြပွဲအချိန် – နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ

MyanBuild’16

MyanBuild’16 ပြပွဲတွင် ကျွနိုပ်တို့အေတီအေဒီမှ နောက်ဆုံးပေါ်ဒီဇိုင်းများ၊ နည်းပညာများအား ရှင်းလင်းပြသမည်ဖြစ်ပြီး သံမဏိကိုယ်ထည်အဆောက်အဦး အသေးစိတ်ပုံစံငယ်များဖြင့်လည်း လာရောက်သူများ လေ့လာနိုင်ရန် ထားရှိပေးမည် ဖြစ်ပါသည်။

ကျွနိုပ်တို့ အေတီအေဒီမှ တက်ကျွမ်းသော အရောင်းကိုယ်စားလှယ်များမှ လူကြီးမင်းတို့လိုအပ်ချက်နှင့် သင့်တော်မည့် ထုတ်ကုန်ပစ္စည်းများနှင့် မိတ်ဆက်ပေးပါလိမ့်မည်။ ထို့အပြင် စက်ရုံဆောက်လုပ်မှုများနှင့် ရေရှည်အသုံးပြုနိုင်မည့် အကြမ်းခံ နိုင်မည့် သံမဏိအဆောက်အဦးများတွင် တက်ကျွမ်းသော ဝန်ထမ်းများမှ အကောင်းဆုံးအကြံဥာဏ်များကို ပေးမည်ဖြစ်ပါသည်။

လူကြီးမင်းတို့အနေဖြင့် ပိုမိုတိကျသော အချက်အလက်များကို လေ့လာဆွေးနွေးလိုပါက ဖော်ပြပါ ဖောင်ပုံစံတွင် ဖြည့်သွင်း၍ လာရောက်လေ့လာနိုင်ပါသည်။ လူကြီးမင်းတို့အတွက် လိုအပ်ချက်များရှင်းပြနိုင်ရန် စောင့်ကြိုလျက်ရှိပါသည်။

လာရောက်လေ့လာသူ ဧည့်သည်များအတွက် အေတီအေဒီမှ အမှတ်တရလက်ဆောင်များကိုလည်း ပြင်ဆင်ထားပါသည်။

လာရောက်လေ့လာမှုများအတွက် ဖိတ်ခေါ်ပါသည်။ ပြပွဲတွင် ဆုံတွေ့နိုင်ရန် မျှော်လင့်မိပါသည်။

လေးစားစွာဖြင့်

    အမည် (*)

    အီးမေးလ် (*)

    ကုမ္ပဏီ

    ဖုန်း

    လိပ်စာ

    နိုင်ငံ (*)

    သင့်စာလွှာ (*)

    အေတီအေဒီကို မည်သည့်နေရာမှ သိသနည်း ? (*)


    အခြားသတင်းများ

    Hotline:
    (+84) 28 3926 0666
    ဆက်သွယ်ရန် ATAD

    Mã QR Code

    Chia sẻ trang của bạn với bất kỳ ai bằng cách yêu cầu họ quét mã QR này

    Copy & chia sẻ

    QR Code

    Share your page with anyone by asking them to scan this QR code

    Copy & share

    sonbahissonbahis girişsonbahis güncel giriş