ATAD STEEL STRUCTURE CORPORATION

Builders Myanmar Exhibition 2019 ပြပွဲတွင် အေတီအေဒီ ပါဝင်ခဲ့

2019-08-11 14:02:44

၂၀၁၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှ ၃ ရက်နေ့ထိ ကျင်းပသော Builders Myanmar Exhibition 2019 တွင် အေတီအေဒီ မှ ပါဝင်ဆင်နွှဲခဲ့ပါသည်။ ထိုပြပွဲအား မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ Novotel Yangon Max Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

နောက်ဆုံးပေါ် ဆောက်လုပ်ရေးနည်းပညာများနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံးများအား တစ်နေရာတည်းတွင် ရှာဖွေတွေ့ရှိနိုင်သော အကြီးကျယ်ဆုံးသော ပွဲတစ်ခုဖြစ်ပါသည်။ ပြပွဲ၏ အဓိကရည်ရွယ်ချက်မှာ ဆောက်လုပ်ရေး ကုမ္ပဏီများ၏ ဆက်သွယ်မှုများ၊ ဆောက်လုပ်သူများ၊ အင်ဂျင်နီယာများနှင့် ဆောက်လုပ်ရေးနှင့်ပတ်သက်သည့် အပိုင်းများ ကို တစ်နေရာတည်းတွင် ဆုံးသည်းစေပြီး နောက်ဆုံးပေါ် ဖွံ့ဖြိုးတိုးတက်မှုများကို စုစည်းတွေ့ဆုံနိုင်မည့် ပြပွဲလည်းဖြစ်သည်။

ပြပွဲတွင် အေတီအေဒီမှ သံမဏိကိုယ်ထည် အဆောက်အဦးများနှင့် ပတ်သက်သည့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ၊ ဧည့်သည်များ၏ လိုအပ်ချက်နှင့် ကိုက်ညီမည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသည့် အဆောက်အဦးဆိုင်ရာ လိုအပ်ချက်များကို မိတ်ဆက်တင်ပြပေးမည်ဖြစ်ပါသည်။

မကြာမှီနှစ်အနည်းငယ်က အေတီအေဒီသည် မြန်မာနိုင်ငံ၏ ဆောက်လုပ်မှုအကြို သံမဏိကိုယ်ထည် အဆောက်အဦး များတွင် အေတီအေဒီအနေဖြင့် ဦးဆောင်သူ နေရာတွင်ရပ်တည်နိုင်ခဲ့ပြီး Ajinomoto Factory, Mega We Care, Boxpax Factory, Rental Factory, JFE Meranti Factory အစရှိသော စက်ရုံများကိုလည်း ဆောက်လုပ်ပြီးစီးခဲ့ပြီး ဖြစ်ပါသည်။ ပြပွဲ၏ ရလဒ်ပေါ်တွင် အခြေခံခြင်းအားဖြင့် အေတီအေဒီသည် နောင်အနာဂတ်မြန်မာပြည်အတွက် အကောင်းဆုံးသော စွမ်းဆောင်မှုရလဒ်များကို လုပ်ဆောင်နိုင်မည့်ဟု ယုံကြည်မျှော်လင့်ပါသည်။

Builers Myanmar 2019

Builders Myanmar 2019 1 Builers Myanmar 2019 2

အခြားသတင်းများ

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD