ATAD STEEL STRUCTURE CORPORATION

ATAD Steel Structure Corporation ၏ ၁၅ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား - ခိုင်မာသော အုတ်မြစ်၊ တောက်ပသော အနာဂတ်

2020-01-21 16:57:00

၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် Gem Center တွင် ATAD ၏ ၁၅ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပါသည်။ “ခိုင်မာသောအုတ်မြတ် – တောက်ပသော အနာဂါတ်” ခေါင်းစဉ်ဖြင့် ပြုလုပ်သော ထိုပွဲလေးတွင် ATAD ၏ ဝန်ထမ်းများ၊ ပြည်တွင်းပြည်ပမှ လက်တွဲဖော်များ၊ ဝယ်ယူသူများနှင့် ဘုတ်အဖွဲ့ဝင် လူကြီးမင်းများ စုံလင်စွာတက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အခမ်းအနားသည် ATAD ၏ ၁၅ နှစ်ပြည့် ဆောက်လုပ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုကို အမှတ်အသားပြုသည့် ဖြစ်ရပ်တစ်ခုဖြစ်ပြီး ATAD အနေဖြင့် ဖောက်သည်များ၊ ကုမ္ပဏီများအား အတိတ်ကာလက ထောက်ပံ့ခြင်းနှင့်အတူ ယခု မျက်မောက်ကာလတွင် တွဲဖက်လုပ်ကိုင်ခြင်းအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြရန် အခွင့်အလမ်းတစ်ခုဖြစ်ပါသည်။

၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် စတင်တည်ထောင်ခဲ့သော အဓိကသံမဏိကိုယ်ထည် အဆောက်အဦးဖြင့် ATAD သည် ဗီယက်နမ်နှင့် ဒေသတွင်းရှိ သံမဏိကိုယ်ထည် အဆောက်အဦးများအနက် တဖြည်းဖြည်းကြီးထွားလာသည်။ ၁၅ နှစ်ကြာ တည်ဆောက်ခဲ့သော ဒါရိုက်တာဘုတ်အဖွဲ့နှင့် ATAD ဝန်ထမ်းများ၏ စိတ်အားထက်သန်မှုဖြင့် ဆောက်လုပ်ခဲ့သော အဆောက်အဦးများအား ပြန်လည်ဆန်းစစ်ကြည့်ရှုခြင်း၊ ဆောက်လုပ်မှုများအပေါ်တွင် ပြန်လည်သုံး သပ်မှုများကို ပြုလုပ်နိုင်စေခဲ့သည်။ ၁၅ နှစ်တာကာလအတွင်း ဖွံ့ဖြိုးတိုးတက်မှုများနှင့် လုပ်ငန်းအပ်နှံသူများ၏ ယုံကြည်မှု များကို ပိုင်ဆိုင်နိုင်ခဲ့ခြင်းမှာ ဝန်ထမ်းပေါင်း ၁၇၀၀ ကျော်ဖြင့် အောင်မြင်စွာ တည်ဆောက်ထားသော မိသားစုအိမ်မှ အတူတကွ ပူးပေါင်းလုပ်ဆောင်မှုများကြောင့်ရရှိခဲ့သော အောင်မြင်မှုရလဒ်များ ဖြစ်ပါသည်။

ပွဲအခမ်းအနားအား ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်များ၊ ဧည့်သည်များနှင့် ဝန်ထမ်းများအားလုံးမှ ဂုဏ်ယူမှုဖြင့် အဆုံးသတ်ခဲ့ ပါသည်။ တင်းကျပ်စွာ လက်ဆွဲနှုတ်ဆက်ခြင်း၊ ပျော်ရွှင်မှုများမျှဝေခြင်း၊ ဖြန့်ဝေခြင်းတို့ဖြင့် အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။ ၁၅ နှစ်တာ ကာလအချိန်တစ်ခုသည် အပြီးသတ် အောင်မြင်မှုတစ်ခုကို ဖော်ပြနိုင်ရန်နှင့် ပိုမိုကောင်းမွန်သော အရာများအား ကတိပေးရန်၊ နောက်ထပ်အဆင့်တစ်ခုသို့ တက်ရောက်ရန်အတွက် အကောင်းဆုံးသော အချိန်ကာလ တစ်ခုဖြစ်သည်။ ATAD သည် ဆောက်လုပ်ရေး လုပ်ငန်းတွင် လူသိများသော အမှတ်တံဆိပ်တစ်ခု ဖြစ်လာရန်နှင့် အင်ဂျင်နီယာအကြို ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ သံမဏိကိုယ်ထည်ဆိုင်ရာ အဆောက်အဦး ဖြေရှင်းနည်းများကို ပံ့ပိုးရာတွင် ယုံကြည်ရသော လုပ်ငန်းတစ်ခုအဖြစ်ရပ်တည်နိုင်ခြင်းမှာ ကျွနိုပ်တို့၏ အောင်မြင်မှု ရလဒ်တစ်ခု ဖြစ်ပါသည်။

ATAD’s 15th-Anniversary Event

Opening Performance

Key Moment

Photo Events

 

အခြားသတင်းများ

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD