ATAD STEEL STRUCTURE CORPORATION

ATAD သည် ဗီယက်နမ်နိုင်ငံ၏ ထိပ်တန်းလုပ်ငန်းကြီး ၅၀၀ စာရင်းတွင် ဆက်လက်ရပ်တည်နိုင်ခဲ့

2019-01-18 14:42:41

၁၆/၀၁/၂၀၁၉ တွင် ATAD သည် ဟိုချီမင်းမြို့တော်၊ REX HOTEL တွင် ကျင်းပပြုလုပ်သော ဗီယက်နမ် နိုင်ငံ၏ အကြီးဆုံးထိပ်တန်းလုပ်ငန်း ၅၀၀ စာရင်းတွင် ကိုယ်စားပြုပါဝင်နိုင်ခဲ့သည်။ ထို့အတွက် ATAD သည် ထိပ်တန်းလုပ်ငန်းစု ၅၀၀ စာရင်းတွင် တတိယနှစ်အဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၇ ခုနှစ်ထက် အဆင့် ၈၆ ဆင့်တိုးတက်ရပ်တည်လာနိုင်ခဲ့ပါသည်။

ယခုစာရင်းသည် ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ထူးချွန်မှု ရလဒ်များ ပိုင်ဆိုင်ထားသည့် လုပ်ငန်းများအား ဂုဏ်ပြု ချီးမြှင့်ခဲ့သည့် ၁၂ နှစ်မြောက်ဖြစ်သည်။ VNR500 အဆင့်သတ်မှတ်မှုသည် ဗီယက်နမ်နိုင်ငံ အစီရင်ခံစာ၊ အမှီခိုကင်းစွာထုတ်လုပ်မှု၊ နိုင်ငံတကာစံချိန်စံညွှန်း ကိုက်ညီမှုတို့တွင် မူတည် သတ်မှတ်ခြင်းဖြစ်သည်။

ထိုရလဒ်သည် ၂၀၁၈ ခုနှစ်အတွင်း ATAD ၏ စီးပွားရေးအောင်မြင်မှု မှတ်တိုင်တစ်ခုလည်းဖြစ်သည်။ ထုတ်လုပ်မှုနှင့် ဝင်ငွေ နှစ်ခုတူညီစွာတိုးတက်မှုသည် ATAD ၏ Vinfast automobile production complex, Cam Ranh International Airport, Phu Cat airport, Binh Khanh cable-stayed bridge, JFE Meranti Myanmar factory နှင့် အခြားသော အဆောက်အဦးများ ကဲ့သို့ ကြီးမားသော ပရောဂျက်များအား ကောင်းမွန် စွာပြီးမြောက်အကောင်အထည်ဖော် နိုင်ခြင်းတို့ကြောင့်ဖြစ်သည်။

၂၀၁၈ ခုနှစ်တွင် ကောင်းမွန်သောရလဒ်များ ပိုင်ဆိုင်နိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင်လည်း ATAD သည် ထိုအောင်မြင်မှုများအား ပိုမိုတိုးတက်စေပြီး အရည်သွေးမြင့်ထုတ်ကုန်နှင့် ပြည့်စုံသော ဝန်ဆောင်မှုတို့ကို ပေးဆောင်သွားမည်ဖြစ်ပြီး ဝယ်ယူသူများ၊ မိတ်ဖက်များနှင့် လူ့အဖွဲ့အစည်းအတွက် တိုးတက်မှုများကို ဆောင်ကြဉ်းပေးနိုင်သော လုပ်ငန်းတစ်ခု အဖြစ် ရပ်တည်သွားမည် ဖြစ်ပါသည်။

ATAD representatives received the recognition of VNR 500

အခြားသတင်းများ

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD