ATAD STEEL STRUCTURE CORPORATION

ATAD မှ CCG စက်ရုံဆောက်လုပ်မှု အကောင်အထည်ဖော်ခဲ့

2019-05-14 14:39:30

အေတီအေဒီ ၏ ဒီဇိုင်းရေးဆွဲခြင်း၊ ထုတ်လုပ်ခြင်းနှင့် တပ်ဆင်ခြင်းလုပ်ငန်းများတွင် တိကျခိုင်မာမှုများကြောင့် CCGrass ၏ ယုံကြည်မှုကိုရရှိခဲ့ပြီး ရင်းနှီးမှု အမေရိကန်ဒေါ်လာ ၅၈ သန်းကုန်ကျမည့် ဧရိယာ စတုရန်းမီတာ ၁၅၀၀၀၀ ကျယ်ဝန်းသည့် ဆောက်လုပ်မှု ပရောဂျက်အား ရရှိခဲ့ခြင်းဖြစ်ပါသည်။

CCGrass သည် ကမ္ဘာတွင် အကြီးဆုံးသော မြက်ခင်းတုထုတ်လုပ်မှု စက်ရုံတစ်ခုဖြစ်ပြီး အားကစားကွင်းနှင့် ရှုခင်းနေရာများအတွက် အကောင်းဆုံးသော မြက်ခင်းတုများ ထုတ်လုပ်ပေးနိုင်သော စက်ရုံတစ်ခုလည်း ဖြစ်သည်။ တိုးတက်မှုများအား စောင့်ကြည့်လေ့လာပြီးနောက် ၁၅ နှစ်ကြာကာလတွင် CCGrass ၏ ထုတ်ကုန်များသည် နေရာစုံအတွက် ထုတ်လုပ်နိုင်ခဲ့ပြီး နိုင်ငံတဝှမ်း ဘောလုံးကွင်းများ၊ အစိုးအရဆိုင်ရာ အဆောက်အဦးများ၊ ကျောင်းများနှင့် အိမ်ယာများအတွက် ထုတ်လုပ်ပေးနိုင်သော စက်ရုံတစ်ခုဖြစ်ခဲ့သည်။

CCGrass သည် အရည်အသွေးပိုမိုကောင်းမွန်အောင် အစဉ်အမြဲဆောင်ရွက်လျက်ရှိသည်။ ၁၅ နှစ်တိုင်အောင် ထုတ်လုပ်ခဲ့သော ထုတ်လုပ်မှုစွမ်းရည်များနှင့် ကုန်ထုတ်လုပ်ငန်းအတွေ့အကြုံတို့ကြောင့် ကျွနိုပ်တို့၏ အရည်အသွေးမြင့်ထုတ်ကုန်များအား FIFA, FIH, World Rugby, GAA နှင့် ITF တို့ကဲ့သို့သော နေရာများတွင် အသုံးပြုလျက်ရှိပါသည်။

၂၀၁၈ ခုနှစ်တွင် CCGrass သည် ဗီယက်နမ်နိုင်ငံ Tay Ninh ပြည်နယ်တွင် စက်ရုံသစ်တစ်ခုကို ဆောက်လုပ်ခဲ့ပါသည်။ အပိုင်း ၁ အတွက် မြေဧက စတုရန်းမီတာ ၁၅၀၀၀၀ တွင် အမေရိကန်ဒေါ်လာ ၅၈

သန်း အကုန်ကျခံဆောက်လုပ်ခဲ့ပြီး အပိုင်း ၂ အတွက်လည်း ဧကတူမြေပေါ်တွင် အမေရိကန်ဒေါ်လာ သန်း၁၅၀ အကုန်ကျခံ ထပ်မံဆောက်လုပ်မည် ဖြစ်ပါသည်။

CCGrass ၏ ယုံကြည်အားထားမှုဖြင့် အေဒီအေဒီမှ ဆောက်လုပ်ရေးအပိုင်း ၁ အတွက် ဒီဇိုင်းရေးဆွဲခြင်း၊ ထုတ်လုပ်ခြင်းနှင့် တပ်ဆင်ခြင်းလုပ်ငန်းများအား လုပ်ဆောင်မည်ဖြစ်ပါသည်။ ဆောက်လုပ်မှုအကြို အင်ဂျင်နီယာ သံမဏိ အဆောက်အဦး၏ အားသာချက်များအား ဖော်ထုတ်နိုင်မည့် ဆောက်လုပ်မှု တစ်ခုလည်းဖြစ်ပါသည်။ ရှင်းလင်းသော Span ဆောက်လုပ်မှုနေရာတိုးမြှင့်ခြင်းနှင့် M&E စနစ်ဖြင့် အလွယ်တကူ တပ်ဆင်နိုင်သည်။ အထူးသဖြင့် PEB အဆောက်အဦးများသည် တပ်ဆင်ချိန်တိုတောင်းခြင်းနှင့် အနာဂတ်တွင်လည်း ပိုမိုချဲ့ထွင်ရန်လွယ်ကူသော ဆောက်လုပ်မှုဖြစ်သည်။

ဆောက်လုပ်ရေးအတွက် ကြီးမားသော အတွေ့အကြုံများနှင့် ပရောဖက်ရှင်နယ် စီမံခန့်ခွဲမှုများနှင့်အတူ အေတီအေဒီသည် အချိန်နှင့်တပြေးညီ လုပ်ငန်းအပ်နှံသူလက်သို့ အရည်အသွေးမှီ အဆောက်အဦးအား အပ်နှံနိုင်ခြင်းဖြစ်သည်။

CCG factory 1

CCG factory 2

CCG factory 3

အခြားသတင်းများ

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD