ATAD STEEL STRUCTURE CORPORATION

၂၀၁၉ ဗိသုကာဆိုင်ရာပြပွဲတွင် ATAD မှပါဝင်ဆင်နွှဲ

2019-05-06 11:50:24

၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်နေ့မှ မေလ ၅ ရက်နေ့ထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ  ကျင်းပသော ၃၃ Challenger Hall 1-3, IMPACT Muang Thong Thani တွင် ကျင်းပပြုလုပ်မည့် ၃၃ ကြိမ်မြောက် နိုင်ငံတကာ ဗိသုကာဆိုင်ရာ ပြပွဲတွင် အေတီအေဒီမှ ပါဝင်ဆင်နွှဲခဲ့ပါသည်။

ထိုင်းနိုင်ငံ ဗိသုကာပြပွဲသည် အာဆီယံနိုင်ငံများတွင် အကြီးဆုံး ဆောက်လုပ်ရေးနည်းပညာ ပြပွဲတစ်ခုဖြစ်သည်။ ယခုနှစ် ၂၀၁၉ ဗိသုကာဆိုင်ရာပြပွဲသည် ရာသီပြောင်းလဲမှုအပေါ်တွင်ဖြစ်ပေါ်သော သက်ရောက်မှုများ ခြိမ်းခြောက်မှုများကြားတွင် တည်ဆောက်ခြင်းနှင့် ဖွံ့ဖြိုးလာသော မြို့ကြီးများအတွက် Eco-friendly အဆောက်အဦးများ၏ အရေးပါမှုများကို ပြည်သူ များ မြင်တွေ့စေရန်ရည်ရွယ်၍ ပြုလုပ်သော ပြပွဲတစ်ခုလည်းဖြစ်ပါသည်။ “အစိမ်းရောင်လူနေမှုစနစ်” ကိုအခြေခံ ဖော်ညွှန်းထားပြီး နိုင်ငံပေါင်း ၄၀ ကျော်မှ ဝင်ရောက်ပြသသူပေါင်း ၈၅၀ ခန့်ရှိခဲ့သော ပြပွဲတစ်ခုလည်းဖြစ်သည်။

ပြပွဲအခမ်းအနားတွင် အေတီအေဒီသည် ရေရှည်တည်မြဲသော ဆောက်လုပ်မှုနည်းပညာများနှင့်အတူ သဘာဝ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော သံမဏိဒီဇိုင်းဖွဲ့စည်းပုံဒီဇိုင်းများနှင့် ဆန်းသစ်သော ဆောက်လုပ်မှုသုံး ပစ္စည်းများအား ပြသသွားခဲ့ပါသည်။ ထို့အပြင် ထိုင်းနိုင်ငံအဖွဲ့မှ လာရောက်သူ ဧည့်သည့်တော်များအတွက် ကျွနိုပ်တို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို အသေးစိတ်ရှင်းလင်းပြောကြားပေးခဲ့ပါသည်။ ထို့သို့ပြုလုပ်ခြင်းဖြင့် ထိုင်းနိုင်ငံ ဆောက်လုပ်မှု ဈေးကွက်တွင် အေတီအေဒီရပ်တည်မှုကို ဖြန့်ကျက်ခြင်းအတွက် များစွာသော အထောက်အပံ့ဖြစ်သည်။

ATAD joined ARCHITECT Thailand 2019 ATAD joined ARCHITECT Thailand 2019 2 ATAD joined ARCHITECT Thailand 2019 3 ATAD joined ARCHITECT Thailand 2019 4ATAD joined ARCHITECT Thailand 2019 6

 

အခြားသတင်းများ

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD

QR Code

Share your page with anyone by asking them to scan this QR code

Copy & share