ATAD STEEL STRUCTURE CORPORATION

၂၀၁၇ အားနှုတ်ဆက်၍ ၂၀၁၈ အတွက် အောင်မြင်မှု ခြေလှမ်းသစ်များ စတင်ခြင်း

2018-04-02 17:59:51

၂၀၁၇ ခုနှစ်  ဇန်နဝါရီလ ၁၃ ရက်နေ့တွင် “အောင်မြင်မှုအတွက် ခြေလှမ်းများ” ခေါင်းစဉ်ဖြင့် နှစ်ကုန်နှုတ်ဆက်ပွဲအား အေတီအေဒီမှပြုလုပ်ကျင်းပခဲ့သည်။

ထိုပွဲတွင် ဗီယက်နမ်နိုင်ငံမှ အေတီအေဒီအဖွဲ့ဝင်များပူးပေါင်း၍ ၂၀၁၇ နှစ်ကုန်အစည်းအဝေးနှင့် ၂၀၁၈ ခုနှစ်အတွက် လုပ်ဆောင်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။ ထိုအစည်းအဝေးမှ အေတီအေဒီ၏ ၂၀၁၇ ခုနှစ်အတွင်း လုပ်ဆောင်မှုများကို အနှစ်ချုပ်လေ့လာနိုင်ပြီး ၂၀၁၈ အတွက် လုပ်ဆောင်မည် နည်းဗျူဟာများကို ဆွေးနွေးနိုင်သည့် အခွင့်အလမ်းများ ရရှိခဲ့သည်။ ဤသို့လုပ်ဆောင်ခြင်းဖြင့် ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများအကြား လုပ်ငန်းအတွင်းလိုက်နာရမည့်စည်းကမ်းများနှင့် ပတ်သက်၍လည်း တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့သည်။ ATAD Year-end party 2017 1

ထိုသို့လုပ်ဆောင်ခြင်းဖြင့် ပြီးဆုံးခဲ့သော နှစ်တစ်နှစ်အတွင်း လုပ်ဆောင်ပြီးစီးမှုများကို အခြေခံ၍ နောင်နှစ်တွင် လုပ်ဆောင်နိုင်မည့် နည်းလမ်းသစ်များကို ဆွေးနွေးနိုင်သည့် အားသာချက်ကိုလည်း ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။We honor outstanding individuals and project teams who have made great efforts

နှစ်ကုန်အစည်းအဝေးပြီးဆုံးသည့်အခါ “အေတီအေဒီ ညနေခင်း” ခေါင်းစဉ်ဖြင့် ဂါလာညစာစားပွဲကို အံသြဖွယ်ကောင်းသော တေးသံစဉ်များဖြင့် လှပကျယ်ဝန်သော နေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။ ပါတီတွင် ကုမ္ပဏီတာဝန်ရှိသူများမှ ဝန်ထမ်းများနှင့် မိသားစုဝင်များအတွက် နှစ်သစ်ဆုမွန်များ တောင်းခဲ့ကြသည်။

ထို့အပြင် ပွဲတွင် ဆွဲဆောင်မှုရှိသော အံသြဖွယ်ကောင်းသော ရင်ခုန်စိတ်လှုပ်ရှားစေသော ပြကွက်များဖြစ်သည့် အရောင်စုံအကအလှများ၊ ဂိမ်းများ၊ ကံစမ်းမဲ နှင့် အခြားများစွာသော အစီအစဉ်များ ထည့်သွင်းကျင်ပခဲ့သည်။ အထူးသဖြင့် တေးသီဆိုပွဲသည် ပိုမိုစိတ်လှုပ်ရှားဖွယ်ကောင်းပြီး အားလုံးအတွက် ပျော်ရွှင်မှုများ သယ်ဆောင် ပေးလာနိုင်သော အစီအစဉ်တစ်ခုဖြစ်သည်။Exciting musical performances in year-end partyThe luckiest employee in ATAD Year-end party 2017

“အောင်မြင်မှုအတွက် ခြေလှမ်းများ” အမည်ဖြင့် ပြုလုပ်သော နှစ်ကုန်ပွဲသည် အေတီအေဒီ၏ အားကောင်းသော အဖွဲ့အစည်းပူးပေါင်းလုပ်ကိုင်မှုကို ဖော်ပြသည့်အပြင် များစွာသော အောင်မြင်မှုများ ပိုင်ဆိုင်နိုင်မည် အလားအလာများပင်ဖြစ်သည်။

ATAD Year-end party 2017 2

အခြားသတင်းများ

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD