ATAD STEEL STRUCTURE CORPORATION

အေတီအေဒီသည် Heineken ဗီယက်နမ် အချိုယမကာ စက်ရုံတိုးချဲ့ စီမံကိန်းအား အောင်မြင်စွာ လွှဲပြောင်းပေးနိုင်ခဲ့

2020-04-20 10:06:55

Heineken Vietnam သည် ကမ္ဘာ့ထိပ်တန်း ဘီယာကုမ္ပဏီတစ်ခုဖြစ်သည့် Heineken လုပ်ငန်းစု၏ အဖွဲ့ဝင် လုပ်ငန်းတစ်ခုဖြစ်သည်။ Heineken ဗီယက်နမ်ဘီယာစက်ရုံ စီမံကိန်းကို My Xuan A စက်မှုဇုန်၊ Ba Ria – Vung Tau တွင် စုစုပေါင်း ရင်းနှီးမြုပ်နှံမှုဒေါ်လာ ၁၈၅ သန်းဖြင့် အကောင်အထည်ဖော်ခဲ့ပြီး တစ်နှစ်လျှင် ဘီယာ လီတာသန်းပေါင်း ၆၁၀ ထုတ်လုပ်နိုင်သည်။ ထိုစက်ရုံသည် ဗီယက်နမ်နိုင်ငံ၏ နံပါတ် ၅ နေရာတွင် ရှိသော စက်ရုံတစ်ခုလည်းဖြစ်သည်။

Heineken စက်ရုံတိုးချဲ့ခြင်း လုပ်ငန်းသည် အရှေ့တောင်အာရှဈေးကွက်များတွင် ပြည်တွင်းနှင့် ပြည်ပသို့ ထုတ်ကုန်လိုအပ်ချက်များ ဖြန့်ဖြူးပေးနိုင်ရန်ဖြစ်သည်။

ပစ္စည်းများကို တင်သွင်းခြင်းမှ စက်ရုံရှိအစိတ်အပိုင်းများ ထုတ်လုပ်ခြင်းအထိ အရည်အသွေးပြည့်ဝသော စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များနှင့် စီမံကိန်းများကို ကျွမ်းကျင်စွာ စီမံစွမ်းဆောင်နိုင်ခြင်း၊ အချိန်ဇယားနှင့် အညီ လုပ်ငန်း အပ်နှံနိုင်ခြင်းတို့ကြောင့် အေတီအေဒီသည် လုပ်ငန်းအပ်နှံသူထံမှ ကျေနပ်မှုကို ရရှိခဲ့သည်။

 

အခြားသတင်းများ

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD