ATAD STEEL STRUCTURE CORPORATION

“သင့်စိတ်ကူးကိုပြောင်းလဲပါ - သင့်ဘဝကိုပြောင်းလဲပါ” ခေါင်းစဉ်ဖြင့် အေတီအေဒီမှ သင်တန်းပြုလုပ်

2019-06-04 16:52:00

၂၀၁၉ ခုနှစ် ဇွန်လ ၁ – ၂ ရက်နေ့များတွင် အေတီအေဒီနှင့် TOPPION နည်းပြနှင့်အကြံပေးအဖွဲ့အစည်းတို့ ပူးပေါင်း၍ “သင့်စိတ်ကူးကိုပြောင်းလဲပါ – သင့်ဘဝကိုပြောင်းလဲပါ” ခေါင်းစဉ်ဖြင့် သင်တန်းတစ်ခု စီမံပြုလုပ်ခဲ့ပါသည်။ ထိုသင်တန်း သည် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ၏ ယဉ်ကျေးမှု အဆောက်အဦးလှုပ်ရှားမှုများ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး၊ အခြား ရည်ရွယ်ချက်တစ်ခုမှာ အေတီအေဒီ၏ ရပ်တည်မှု ၁၅ နှစ်ပြည့်အခမ်းအနားအား ရည်ညွှန်းပါသည်။

ပုံမှန်သင်တန်းများ၏ သီအိုရီများအတိုင်း သမာရိုးကျ သင်တန်းပြဌာန်းချက်မျိုးမဟုတ်ဘဲ “သင်၏စိတ်ကူးကိုပြောင်းလဲပါ – ဘဝကိုပြောင်းလဲပါ” ဆိုသည့် ခေါင်းစဉ်နှင့်အညီ တစ်ဦးချင်းစီ၏ အတွေ့အကြုံနှင့် အတွေးအခေါ်များပေါ် အခြေခံ၍ ပြုလုပ်သောသင်တန်းဖြစ်ပါသည်။ အဆိုပါသင်တန်းကို ကမ္ဘာသုံးစကားဝေါဟာရများကြွယ်ဝစေခြင်းနှင့် အတွေးအခေါ် ဘာသာရပ် ပရိုဂရမ် (NLP)၊ ကိုယ်တိုင်နှင့်မိသားစုအား ဦးဆောင်နည်း အဆင့် ၆ ဆင့်၊ စိတ်ခံမှုထိန်းချုပ်ခြင်း အစရှိသည့် ပညာရပ်များကို ပေါင်းစပ်ထားသင်ကြားသော သင်တန်းဖြစ်သည်။ ထိုသို့အားဖြင့် အဖွဲ့ဝင်များသည် ဘဝပြောင်းလဲမှုကို အေတီအေဒီ၏ ကြောရိုး တန်ဖိုးများဖြစ်သည့် တာဝန်ယူမှု၊ အကောင်းမြင်မှု၊ အသင်းအဖွဲ့စိတ်ဓါတ်၊ ဂုဏ်သိက္ခာ၊ အတွေးအခေါ်၊ စည်းကမ်းနှင့် သမာဓိရှိမှုတို့တွင် အခြေခံထားသည်။

အချိန်ကာလ ၂ ရက်ဖြင့် သင်ကြားခဲ့သော သင်တန်းဖြစ်ပြီး ပြီးပြည့်စုံသော အောင်မြင်မှုရရှိခဲ့သော သင်တန်းလည်း ဖြစ်ပါသည်။ များမကြာမှီအချိန်တွင် CSR လှုပ်ရှားမှုများကိုပင် အဆင့်မြင့်တင်ရုံမျှမက အသင်းအဖွဲ့လှုပ်ရှားမှု၊ အသိပညာတိုးတက်ခြင်းများကိုလည်း အားသွန်ခွန်စိုက် ပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

 

"Change your mind, change your life" course "Change your mind, change your life" course 2 "Change your mind, change your life" course 3

အခြားသတင်းများ

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD