ATAD STEEL STRUCTURE CORPORATION

အေတီအေဒီမှ YGW လူငယ်များကျောင်းသို့ နှစ်ဦးအကြိုလှူဒါန်း

2018-04-16 11:10:22

ဧပြီလ ၆ ရက်တွင် ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ဥတိုကျေးရွာရှိ အဝါရောင်မျိုးဆက်သစ်လူငယ်များ ပရဟိတစာသင်တိုက် (YGW) ၅နှစ်အောက် ကလေးများထံ သို့အေတီအေဒီမြန်မာမှ သွားရောက်၍ လက်ဆောင်များပေးအပ်ခဲ့ပါသည်။ ထိုပွဲလေးသည် အေတီအေဒီမြန်မာ၏ နှစ်ဦးသင်္ကြန်အလှူပွဲလေး တစ်ခုလည်းဖြစ်ပါသည်။ ထိုကဲ့သို့သော YGW ကျောင်းများအား မြန်မာနိုင်ငံအနှံတွေ့နိုင်ပါသည်။ YGW သည် များစွာသော မိဘမဲ့ကလေးများအတွက် အစားအသောက်၊ ဆေးဝါးနှင့် အခြားသော ထောက်ပံ့မှုများပေး၍ ကလေးများအနာဂတ်အတွက် ပြုစုပျိုးထောင်ပေးသော နေရာလေးတစ်ခုလည်း ဖြစ်ပါသည်။ ထိုကဲ့သို့ အနာဂတ်လူငယ်လေးများအား ပြုစုပျိုးထောင်ရာတွင် အေတီအေဒီမြန်မာမှလည်း တက်နိုင်သည့်ဘက်မှ ဝင်ရောက်ကူညီလိုသော သဘောဖြင့် လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။ ကလေးများအတွက် မုန့်၊ နို့မှုန့်နှင့် အခြားအသုံးအဆောင်များအပြင် ကျောင်းတွင်နေထိုင်သော ကလေးအားလုံးအတွက် နေ့လည်စာကိုလည်း လှူဒါန်းခဲ့ပါသည်။

စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်နေသော်လည်း အကူအညီလိုအပ်နေသူများအတွက် အားပေးကူညီမှုများ လုပ်ဆောင်ခြင်းသည် နောင်အနာဂတ်အတွက်လည်း ကောင်းမွန်သော အထောက်အပံ့များ ပေးစွမ်းနိုင်သဖြင့် ကျွနိုပ်တို့လုပ်ငန်းတည်ရှိရာ နိုင်ငံများတွင် ထိုကဲ့သို့ကူညီမှုများအား တက်အားသရွေ့လုပ်ဆောင်ပါသည်။ နောင်အနာဂတ်တွင်လည်း အေတီအေဒီသည် အလှူအတန်းကူညီမှုများအား ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

ထိုကဲ့သို့ မိဘမဲ့ကလေးငယ်များအတွက် အစားအသောက်၊ အဝတ်အထည်၊ ဆေးဝါး၊ အသုံးအဆောင်၊ ပညာရေး ထောက်ပံ့မှုများအား အတူတကွလှူဒါန်းကြပါရန်လည်း ဖိတ်ခေါ်အပ်ပါသည်။ အလှူအမှတ်တရ ဓါတ်ပုံများအား လေ့လာနိုင်ရန်နှင့် ဆက်သွယ်လှူဒါန်းနိုင်ရန် :


Contact information of YGW CenterATAD Myanmar Family donation at YGW Center 2
ATAD representatives played games and told meaningful stories to children ATAD representatives received Certification from YGW CenterY.G.W - Yellow Generation Wave Center

အခြားပတ်ဝန်းကျင်ဖြန့်ဝေပေးခြင်း

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD