ATAD STEEL STRUCTURE CORPORATION

တက္ကသိုလ်ကျောင်းသားများ ATAD ၏ သဘာဝကောင်းကျိုးပြုစက်ရုံထံသို့ သွားရောက်လေ့လာကြခြင်း

2018-04-06 09:52:14

နိုဝင်ဘာလ ၂၇ရက်နေ့တွင် HCMC Universities of Transport၊ Open University နှင့် HCMC University of Technology တို့မှ ကျောင်းသား၊ ကျောင်းသူ နှင့် ဆရာ၊မ ၃၀ခန့်တို့သည် အာရှပထမဆုံး LEED ရွေတံဆိပ်ရ စက်ရုံ၊ ဗီယက်နမ်တွင် ပထမဆုံး LEED ပလက်တီနမ်ဆုရ စက်ရုံဖြစ်သော ATAD Dong Nai စက်ရုံသို့ အလည်အပတ်ရောက်ရှိလာကြပါသည်။ အဆိုပါအဖွဲ့နှင့် အတူ ဗီယက်နမ်ထိပ်တန်း စွမ်းအင်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြံပေးအဖွဲ့ဖြစ်သော Green Viet Company မှ ဒါရိုက်တာ Mr. Do Huu Nhat Quang လည်းပါဝင်လေ့လာခဲ့ပါသည်။

မိမိတို့တာဝန်ရှိသူများမှ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်သော နေအား၊ လေအားစနစ်များ၊ လေသန့်စင်စနစ်များ၊ စမတ်မီးပေးစနစ်များ နှင့် ရေချွှေတာရေးကိရိယာများအား လိုက်လံပြသကြပါသည်။ ကျောင်းသားကျောင်းသူများအနေဖြင့်လည်း အဖိုးတန် အသိပညာများအား သင်ယူခွင့် ရရှိခဲ့ကြပါသည်။

အထက်ပါအစီအစဉ်သည် ဗီယက်နမ်နိုင်ငံ၏စဉ်ဆက်မပြတ်တိုးတက်မှုအတွက် အရေးပါသော ပတ်ဝန်းကျင်နှင့်ကိုက်ညီသော အဆောက်အဦးများပေါ်ထွက်လာရေးအတွက် ATAD မှ ကြိုးပမ်းအားထုတ်မှုတစ်ရပ် ဖြစ်ပါသည်။Students visited ATAD Dong Nai factory Students visited ATAD Dong Nai factory 2  Students visited ATAD Dong Nai factory 3 Students visited ATAD Dong Nai factory 4

အခြားပတ်ဝန်းကျင်ဖြန့်ဝေပေးခြင်း

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD