ATAD STEEL STRUCTURE CORPORATION

နေရှင်နယ် တက္ကသိုလ်မှ မြို့ပြအင်ဂျင်နီယာများအား အေတီအေဒီ Dong Nai စက်ရုံသို့ လာရောက်လေ့လာရန် ဖိတ်ခေါ်ခဲ့

2018-04-02 18:16:38

မတ်လ ၁၂ ရက်နေ့တွင် နေရှင်နယ်တက္ကသိုလ်မှ ဗိသုကာဆိုင်ရာစီမံခန့်ခွဲမှု ကျောင်းသားများနှင့် နည်းပြများအား ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးနှင့် မော်ဒန်အကျဆုံးသော စတီးထုတ်လုပ်မှု စက်ရုံဖြစ်သည့် အေတီအေဒီ Dong Nai စက်ရုံသို့ လာရောက်လေ့လာရန် ဖိတ်ကြားခဲ့သည်။ အေတီအေဒီ Dong Nai စက်ရုံသည် အာရှနိုင်ငံများအတွင်း အမေရိကန် U.S. Green Building Council (USGBC) မှ ပေးအပ်သော အသိအမှတ်ပြု LEED ရွှေတံဆိပ်ဆုကို ရရှိသော ပထမဆုံးသော ဗီယက်နမ်စတီးဆောက်လုပ်ရေးဖြစ်ပြီး ဗီယက်နမ်နိုင်ငံတွင်း ပေးအပ်သော အလုပ်ရုံ အသိအမှတ်ပြု LEED ပလတ်တီနမ်ဆုကို ပထမဆုံးရရှိသော ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုလည်းဖြစ်ပါသည်။

ယခုဖိတ်ခေါ်သော အခမ်းအနားတွင် အေတီအေဒီမှ စက်ရုံနှင့်ပတ်သက်၍ ကျောင်းသားများသိလို့သည့် မေးခွန်းများစွာကို ဖြေကြားခဲ့ပြီး ကုမ္ပဏီအကြောင်းကိုလည်း မိတ်ဆက်ပေးခဲ့သည်။ နေရှင်နယ် တက္ကသိုလ်မှ မြို့ပြအင်ဂျင်နီယာကျောင်းသားများအနေဖြင့် စက်ရုံ အကျယ်အဝန်း၊ ထုတ်လုပ်မှုအပိုင်းနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းမှုအပိုင်းများတွင် အားသာသော အေတီအေဒီ Dong Nai စက်ရုံမှ များစွာသော သိမှတ်ဖွယ် ဗဟုသုတများရရှိသွားနိုင်မည် ဖြစ်ပါသည်။

doan-sinh-vien-truong-dai-hoc-xay-dung-ha-noisinh-vien-truong-dai-hoc-xay-dung

အခြားသတင်းများ

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD