ATAD STEEL STRUCTURE CORPORATION

Thammasat University မှ MBA ကျောင်းသားများအား အေတီအေဒီမှ ဖိတ်ခေါ်ခြင်း

2016-10-26 11:45:53

အမှတ်ရစရာများနှင့် စက်ရုံလေ့လာရေးခရီးစဉ်တစ်ခုအတွက် ထိုင်းနိုင်ငံတွင် ပညာသင်ကြားနေသော MBA ကျောင်းသားများအား အေတီအေဒီမှ ဖိတ်ကြားခဲ့ပါသည်။ အေတီအေဒီ၏ Long An ဒေသတွင်ရှိသော စက်ရုံအား လေ့လာနိုင်စေရန်အတွက် Ramkhamhaeng တက္ကသိုလ်မှ ကျောင်းသား ၁၀၀ ကျော် နှင့် Thammasat တက္ကသိုလ်မှ ပါမောက္ခ တို့အား လေ့လာရေးခရီးစဉ်တစ်ခု လာရောက်လေ့လာရန်အတွက် ဖိတ်ကြားခဲ့ပါသည်။
Thammasat students visit ATAD factory 10

၁၉၃၄ ခုနှစ်တွင်စတင်တည်ထောင်ခဲ့သော Thammasat တက္ကသိုလ်သည် ထိုင်းနိုင်ငံ၏ ဒုတိယအကြီးဆုံး (Ramkhamhaeng တက္ကသိုလ်သည် ပထမအကြီးဆုံး) တက္ကသိုလ်တစ်ခုဖြစ်သည်။ ထိုင်းနိုင်ငံနှင့် အခြားနိုင်ငံတကာမှ လာရောက်ပညာသင်ကြားသော ကျောင်းသားပေါင်း သုံးသိန်းကျော်ခန့်အား မွေးထုတ်ပေးခဲ့သော ကျောင်းတော်ကြီး ဖြစ်သည်။ ၎င်းကျောင်းတော်ကြီးမှ ဝန်ကြီးချုပ်များ၊ နိုင်ငံရေးခေါင်းဆောင်များနှင့် စစ်ဘက်ဆိုင်ရာ အကြီးအကဲများ၊ အခြားသော နယ်ပယ်ဒေသအသီးသီးမှ ခေါင်းဆောင်များအား မွေးထုတ်ပေးခဲ့သည်။

Thammasat တက္ကသိုလ်မှ လေ့လာရေးကျောင်းသားများသည် အေတီအေဒီ၏ သံမဏိကိုယ်ထည် ဆောက်လုပ်မှုများနှင့် ထုတ်လုပ်မှုအပိုင်းများကို လေ့လာခဲ့ကြသည်။ ထို့နောက် စိတ်ပါဝင်စား၍ သိလိုသည့်မေးခွန်းများဖြစ်သော – ထုတ်လုပ်မှု ပတ်ဝန်းကျင်၊ စီမံအုပ်ချုပ်မှု အစီအစဉ်၊ ထုတ်လုပ်မှုအရည်အသွေး စသည်တို့အား အေတီအေဒီ တာဝန်ရှိသူများထံသို့ မေးမြန်းခဲ့ကြသည်။   ကျောင်းသားများ၏ လေ့လာရေးခရီးစဉ် အောင်မြင်စွာပြီးဆုံးခဲ့ပြီး ကျောင်းသားများအတွက်လည်း အမှတ်ရဖွယ်ရာ နွေးထွေးသော ခရီးစဉ်တစ်ခုဖြစ်ခဲ့ပါသည်။

လ့လာရေး ခရီးစဉ်အမှတ်တရ ပုံရိပ်များ
Thammasat students visit ATAD factory 3

Thammasat students visit ATAD factory 4Thammasat students visit ATAD factory 6

Thammasat students visit ATAD factory 5

Thammasat students visited ATAD factory 9

Thammasat students visit ATAD factory 7

အခြားသတင်းများ

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD

Mã QR Code

Chia sẻ trang của bạn với bất kỳ ai bằng cách yêu cầu họ quét mã QR này

Copy & chia sẻ