ATAD STEEL STRUCTURE CORPORATION

ATAD မှ Grain Terminal စီမံကိန်းအကောင်ထည်ဖော်

2019-02-27 17:12:49

စိုက်ပျိုးစီးပွား၏ အရေးပါမှုကိုနားလည်းခြင်းဖြင့် မြန်မာနိုင်ငံအစိုးရ၏ စိုက်ပျိုးရေးအခြေခံ အဆောက်အဦးများ တိုးတက်ကောင်းမွန်ရေးနှင့် စိုက်ပျိုးရေးထုတ်ကုန်စွမ်းအား ပိုမိုလျှင်မြန်စွာ တိုးတက်စေခြင်း အကျိုးငှာ သန့်ရှင်း၍ ထိရောက်ပြီး အရည်အသွေးမြင့်မားသော မျိုးစေ့များနှင့် ဓါတ်မြေသြဇာတို့ကို သိသိသာသာ အလေးထားနေရာချပေးခဲ့သည်။ ယနေ့မြန်မာနိုင်ငံတွင် ထုတ်ကုန်တန်ချိန်မှာ တစ်နှစ်လျှင် သန်းပေါင်း ၁.၂ နှင့် ၁.၄ ရှိပြီး၊ စုစုပေါင်းဈေးကွက်ဝယ်လိုအား၏ ခန့်မှန်းချေ ၈၀ ရာခိုင်နှုန်း တင်သွင်းမှုအပေါ် အခြေခံသော ပွင့်လင်းမြင်သာသည့် ဈေးကွက်တစ်ခုအဖြစ် ရပ်တည်သည်။

ထို့ကြောင့် တောင်သူများအတွက် မြေသြဇာဈေး ကျဆင်းစေရန်နှင့် စိုက်ပျိုးရေးအထွက်နှုန်းတိုးစေရေး၊ စက်မှု လုပ်ငန်းများ ထိရောက်စွာ တိုးတက်စေရေးတို့ကို ရှေးရှုသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် ပြည်တွင်းထုတ်လုပ်မှု အားကို တိုးတက်စေပြီး ဝယ်လိုအားမြင့်တက်လာမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ သံမဏိကိုယ်ထည်ဆောက်လုပ်မှု ဈေးကွက်တွင် ကျွနိုပ်တို့အနေဖြင့် ပိုမိုတိုးတက် ကောင်းမွန်သော ပြည်တွင်းမြေသြဇာထုတ်ကုန်များကို ဈေးကွက်တွင် ဖြန့်ဖြူးနိုင်မည့် သီလဝါ စီးပွားရေးဇုန်တွင် ဆောက်လုပ်မည့် Grain Terminal ပရောဂျက်အား ဆောက်လုပ်ခွင့်ရခြင်းအတွက် များစွာကျေနပ်မိပါသည်။

ဓါတ်မြေသြဇာစက်ရုံများအတွက် မကြာခဏဆိုသလို လေထုအရည်အသွေးနှင့် စိုထိုင်းဆများအတွက် တင်းကျပ်သော အခြေအနေများ လိုအပ်ပါသည်။ ထို့ကြောင့်အေတီအေဒီအနေဖြင့် ဆောက်လုပ်မှု အတွင်းပိုင်းအား အပူချိန်တည်ငြိမ်ခြင်းနှင့် ဝင်ရောက်သော အစိုဓါတ်တားဆီးခြင်းတို့အတွက် အထူးပြု သံမဏိ ဖွဲ့စည်းပုံဖြင့် ပြုလုပ်ခဲ့သည်။ အချိတ်အဆက် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ခြင်း၊ ချိတ်ဆက်များတွင် သံဂဟေဆော်ခြင်း (သို့မဟုတ်) ချိတ်ဆက်များကို သေချာစွာခိုင်မာစေခြင်းတို့အတွက်လည်း ကျွနိုပ်တို့တွင် အတွေ့အကြုံအပြည့်အဝ ရှိပါသည်။ ကျွနိုပ်တို့ကိုယ်တိုင် စစ်တမ်းကောက်ခြင်းနှင့် တပ်ဆင်နေချိန်အတွင်း ကောင်းမွန်ပြီးမြောက်စေရန်အတွက် စိတ်ရှည်စွာ အသေးစိတ်လုပ်ဆောင်ချက်များ ပြုလုပ်ပါသည်။

ယခုအချိန်တွင် ဆောက်လုပ်မှု၏ ၁၀၀ ရာခိုင်နှုန်းအပြည့် ပြီးစီးအကောင်းဖော်နိုင်ခဲ့ပြီး ထိုပရောဂျက်၏ ဆက်လက် လုပ်ဆောင်မှုများဖြစ်သည့် အခင်းအကာများ ပြုလုပ်တပ်ဆင်ခြင်း လုပ်ငန်းကိုလည်း အချိန်မှီ ပြီးမြောက်နိုင်စေရန် မျှော်လင့်ပါသည်။

Grain Terminal 1 Grain Terminal 2

Grain Terminal 3 Grain Terminal 4

အခြားသတင်းများ

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD

Mã QR Code

Chia sẻ trang của bạn với bất kỳ ai bằng cách yêu cầu họ quét mã QR này

Copy & chia sẻ