ATAD STEEL STRUCTURE CORPORATION

အေတီအေဒီ၏ အမှတ်တံဆိပ်အသစ်အား အသိပေးခြင်း

2018-04-16 10:16:06

လေးစားရပါသော မိတ်ဆွေများနှင့် စီးပွားဖက်များ

အေတီအေဒီ သံမဏိထုတ်လုပ်မှု လုပ်ငန်းစုသည် ယခုနှစ်များအတွင်း ကြိုစားအားထုတ်မှုများကြောင့် သင့်တင့်သော ယုံကြည်မှုများရရှိခဲ့ပြီး ဖြစ်ပါသည်။ ကျွနိုပ်တို့လုပ်ငန်းအား ၂၀၀၄ ခုနှစ်မှစတင်၍ ၂၀၁၈ ခုနှစ်အထိ ရပ်တည်နိုင်ရန် ထောက်ပံ့ပေးခဲ့မှုသည်လည်း ကျွနိုပ်တို့အတွက် များစွာသော အင်အားများကို ဖြစ်စေပါသည်။

၂၀၁၈ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် ကုမ္ပဏီ၏ တိုးတက်မှုကို အခြေခံ၍ အမှတ်တံဆိပ်တစ်ခုအား ပြောင်းလဲ ကြော်ငြာခဲ့ပါသည်။ ယခုပြုလုပ်ထားသည့် အမှတ်တံဆိပ်သည် ကုမ္ပဏီတိုးတက်မှုနှင့် အနာဂတ်၏ အောင်မြင်မှုများကို ဖော်ဆောင်သော အေတီအေဒီ၏ အထင်ကရပုံရိပ်လည်းဖြစ်ပါသည်။Announcement of ATAD new logo

ယခုအမှတ်တံဆိပ်သည် ယခင်ထက် ပိုမိုတက်ကြွသော၊ ပိုမိုကောင်းမွန်သောသော၊ ပိုမိုအင်အားပြည့်ဝမှုတို့ကို ဖော်ဆောင်ထားခြင်းလည်းဖြစ်သည်။ ယခင်ရှိရင်းစွဲ ပုံရိပ်ကို အခြေခံ၍ ဆန်းသစ်ထားခြင်းဖြစ်ပြီး နဂိုတံဆိပ်၏ ရသပြောင်းလဲခြင်းမရှိသည့်အပြင် အေတီအေဒီ၏ ကျောရိုးတန်းဖိုးများနှင့် အရေးကြီးသော အထိန်းအမှတ်များ နှင့် ရည်ရွယ်ချက်ပန်းတိုင်ကိုလည်း မပျောက်ကွယ်စေရန် ထိန်းသိမ်းထားပါသည်။

တစ်ချိန်တည်းမှာပင် အေတီအေဒီ၏ ဆောက်လုပ်မှုအကြိုသံမဏိအဆောက်အဦးများ ခေါင်းစဉ်မှ ဆန်းသစ်၍ လုပ်ငန်းအပ်နှံသူများနှင့် စီးပွားဘက်များအတွက် အမြင်သစ်ဖြစ်စေရန်အတွက် ဖန်တီးထားခြင်းဖြစ်သည်။ ထို့အပြင် ဆောက်လုပ်မှုအကြိုသံမဏိအဆောက်အဦးများသည် အဆောက်အဦးများ၊ လေဆိပ်များ၊ အထပ်မြင့် အဆောက်အဦးများနှင့် ဗိသုကာဆိုင်ရာ အဆောက်အဦးများအတွက် ဆက်လက်ဆောက်လုပ်သွားမည်ဖြစ်ပြီး ….

အရောင်ပေါင်းစပ်မှုအနေဖြင့် အပြာရောင်နှင့် အနီရောင်ကိုပင် ပြန်လည်အသုံးပြုထားသည်။ အဖြူရောင်နှင့် အပြောရောင်သည် လေးစားတန်ဖိုးထားမှုနှင့် ကျွနိုပ်တို့၏ ဆောက်လုပ်ရေးတိုးတက်မှုများကို ကိုယ်စားပြုပြီး အနီရောင်သည် ရည်ရွယ်ချက်၊ ချစ်ခြင်းမေတ္တာနှင့် စွန်းဦးတီထွင်မှု၏ ဝိဥာဉ်အဖြစ် အေတီအေဒီအဖွဲ့ဝင်များ၏ စိတ်ထဲတွင် တည်ရှိနေမည်ဖြစ်သည်။

သင်တို့၏ အားပေးထောက်ခံမှုရရှိခြင်းအတွက် အထူးပင်ဝမ်းသာမိပြီး ကျွနိုပ်တို့၏ ဝန်ဆောင်မှုများနှင့် ဆောက်လုပ်မှုများအား ပိုမိုကောင်းမွန်သော မြင့်မားသည့်အရည်အသွေး ထုတ်ကုန်များဖြင့် ကျွနိုပ်တို့၏ အမှတ်တံဆိပ်အသစ်အား တွဲဖက်မြင်နိုင်စေရန် ကြိုးစားသွားပါမည်။ နောက် ၆ လအတွင် ကျွနိုပ်တို့၏ ရုံးစာရွက်စာတမ်းများ၊ ဈေးကွက်ရှာဖွေရေး ပစ္စည်းများ၊ အင်တာနက် စာမျက်နာများ၊ စာရေးကိရိယာနှင့် အခြားသော အမှတ်တံဆိပ်အသုံးပြုသည့် နေရာများအတွက်လည်း အမှတ်တံဆိပ်အသစ်ဖြင့် ပြောင်းလဲ ထုတ်လုပ်သွားမည်ဖြစ်ပါသည်။

နိဂုံးချုပ်အနေဖြင့် ကျွနိုပ်တို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို အသုံးပြုခြင်းအတွက် ကျေးဇူး တင်ရှိပါကြောင်းနှင့် နောင်အနာဂတ် လက်တွဲလုပ်ဆောင်မှုများတွင်လည်း အတူတကွ ပူးပေါင်း လုပ်ဆောင်ရန် မျှော်လင့်ပါသည်။

Best regards,
ATAD Steel Structure Corporation

အခြားသတင်းများ

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD

Mã QR Code

Chia sẻ trang của bạn với bất kỳ ai bằng cách yêu cầu họ quét mã QR này

Copy & chia sẻ