ATAD STEEL STRUCTURE CORPORATION

အေတီအေဒီသည် ဖူဂျီဖလင်စက်ရုံ ဆောက်လုပ်မှုပြီးစီးခဲ့

2018-11-13 10:21:37

ဂျပန်နိုင်ငံအခြေပြုလုပ်ငန်းဖြစ်သော ဖူဂျီဖလင်လုပ်ငန်းဆုသည် တိုကျိုမြို့တွင် ရုံးချုပ်တည်ထားပြီး ဓါတ်ပုံနှင့်ဆက်စပ် ပစ္စည်းများအား ထုတ်လုပ်သောလုပ်ငန်းစုတစ်ခုဖြစ်ပြီး ဖူဂျီမြန်မာရင်းနှီးမြုပ်နှံမှု လုပ်ငန်းသည်လည်း လက်အောက်ခံ ကုမ္ပဏီတစ်ခုအဖြစ် တည်ရှိပြီး သွင်းကုန်နှင့်ဖြန့်ဖြူးခြင်းလုပ်ငန်းများလုပ်ဆောင်နိုင်ရန်အတွက် သီလဝါ အထူးစီးပွားရေး စက်မှုဇုန်တွင်တည်ဆောက်ထားပါသည်။ ယင်းလက်အောက်ခံလုပ်ငန်းစုအနေဖြင့် ဓါတ်ပုံနှင့်ဆက်စပ်ပစ္စည်းများအား တင်သွင်းခြင်း၊ ဖြန့်ဖြူးခြင်းနှင့် ရောင်းချခြင်းလုပ်ငန်းများကို မြန်မာနိုင်ငံတွင် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံ တွင်ဈေးကွက်ရရှိပြီးဖြစ်သော ကုန်ပစ္စည်းတစ်ခုဖြစ်ပြီး နိုင်ငံတွင်း ပထမဆုံးသော လက်အောက်ခံလုပ်ငန်းခွဲတစ်ခုလည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆောက်လုပ်မည့်လုပ်ငန်းစဉ် အဆောက်အဦးအတွက်  ဒီဇိုင်းရေးဆွဲခြင်း၊ ထုတ်လုပ်ခြင်းနှင့် တပ်ဆင်ခြင်းလုပ်ငန်းများအတွက် ယုံကြည်စိတ်ချသော အေတီအေဒီအား ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ များပြားလှသော အတွေ့အကြုံများနှင့် လုပ်ငန်းကျွမ်းကျင်မှုရှိခြင်းတို့ကြောင့် အေတီအေဒီသည် လုပ်ငန်းအပ်နှံသူများအတွက် တိကျသော အချိန်အတွင်း အန္တရာယ်ကင်းသော ဆောက်လုပ်မှုများအား ပြီးစီးအောင်လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ပါသည်။

Fujifilm factory by ATAD

အခြားသတင်းများ

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD

Mã QR Code

Chia sẻ trang của bạn với bất kỳ ai bằng cách yêu cầu họ quét mã QR này

Copy & chia sẻ