ATAD STEEL STRUCTURE CORPORATION

အေတီအေဒီသည် ကမ္ဘောဒီးယားဆောက်လုပ်ရေးပြပွဲ ၂၀၁၆ တွင်ပါဝင်ခဲ့

2016-11-03 14:24:22

ကမ္ဘောဒီးယားဆောက်လုပ်ရေးပြပွဲ ၂၀၁၅ အားအောင်မြင်စွာ ပြီးစီးပြီးနောက် ၂၀၁၆ ပြပွဲတွင်လည်း ဝင်ရောက်ပြသခဲ့သည်။ ဖော်ပြပါ ပြပွဲအား မြို့တော်ဖနွမ်းပင်တွင် စက်တင်ဘာလ ၈ ရက်နေ့မှ ၁၀ ရက်နေ့ထိ Diamond Island ပြပွဲခန်းမမှာ  စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
Cambuild booth 2016

ကမ္ဘောဒီးယားဆောက်လုပ်ရေးပြပွဲ ၂၀၁၆ သည် နိုင်ငံပေါင်း ၃၀ ကျော်မှ ဝင်ရောက်ပြသသော ပြပွဲတစ်ခုဖြစ်ပါသည်။ ၎င်းပွဲတွင် နိုင်ငံစုံမှ ဆောက်လုပ်ရေးနှင့် ပတ်သက်ဆက်နွယ်သော ပစ္စည်းများ၊ အိမ်တွင်းအလှဆင်ပစ္စည်းများ၊ အခြားနည်းပညာများ လာရောက်ပြသကြသည်။ လာရောက်ဝယ်ယူသူ ဧည့်သည် ၈၀၀၀ ကျော်အား ဆွဲဆောင်နိုင်ခဲ့သော ပွဲတစ်ခုလည်းဖြစ်သည်။ ကမ္ဘောဒီးယားဆောက်လုပ်ရေးပြပွဲသည် နောက်ဆုံးပေါ် ခေတ်မှီနည်းပညာများ၊ ထုတ်ကုန်များ သာမက သာမာန်ထက် တိုးတက်လာသော ပစ္စည်းအရည်အသွေးများကိုလည်း ရရှိနိုင်မည်ဖြစ်သည်။ ပြပွဲတွင် အေတီအေဒီ၏ ပြခန်းဆောက်လုပ်မှုကို အထူးအလေးထား၍ ထင်ရှားသော ပြခန်းတစ်ခုအဖြစ် ပြုလုပ်ခဲ့သည်။ ထို့အပြင် အေတီအေဒီ၏ ခေတ်မှီထုတ်ကုန်များ၊ နည်းပညာများသည်လည်း ပြပွဲလာရောက်ကြည့်ရှုသူများ၏ စိတ်ဝင်စားမှုများကို ရရှိခဲ့သည်။ ဤကဲ့သို့အောင်မြင်မှုမျာသည် အေတီအေဒီ၏ ကမ္ဘောဒီးယားဈေးကွက်ထိုးဖောက်မှုများအတွက် များစွာအထောက်အကူပြုမည့် နည်းလမ်းများပင်ဖြစ်သည်။

Cambuild visitors 2016

ATAD Cambuild booth

Cambuild 2016

အခြားသတင်းများ

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD

Mã QR Code

Chia sẻ trang của bạn với bất kỳ ai bằng cách yêu cầu họ quét mã QR này

Copy & chia sẻ