ATAD STEEL STRUCTURE CORPORATION

ဝယ်ယူသူများနှင့် မိတ်ဆွေများသို့ မင်္ဂလာနှစ်သစ်ပါ ဟုနှုတ်ခွန်းဆက်သပါသည်။

2016-10-26 10:41:06

တန်ဖိုးထားရပါသော ဝယ်ယူသူများနှင့် မိတ်ဆွေတော်များခင်ဗျာ

မင်္ဂလာရှိသော ၂၀၁၆ နှစ်သစ်မှာ ATAD မှ ဒါရိုက်တာအဖွဲ့ဝင်များနှင့် ဝန်ထမ်းများက လူကြီးမင်းတို့အား ကျန်းမာချမ်းသာ ပျော်ရွင်ကြပါစေ ဟုဆုတောင်းမေတ္တာပို့သအပ်ပါသည်။ လူကြီးမင်းတို့၏ မိမိတို့အပေါ်ထားရှိသော ယုံကြည်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုတို့ကို အထူးပင်အသိအမှတ်ပြုအပ်ပါသည်။

၂၀၁၅ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်းလုံးတွင်သာမက ဗီယက်နမ်နိုင်ငံတွင်ပါ စီးပွားရေးအခက်အခဲများကြုံတွေ့ခဲ့ကြပါသည်။ ကောင်းမွန်သောစွမ်းဆောင်မှုများ ရရှိရန်အတွက် ဝန်ထမ်းများ၏ မလျှော့သောဇွဲလုံ့လဖြင့် ကြိုးပမ်းမှု၊ လူကြီးမင်းတို့၏ တန်ဖိုးရှိပံ့ပိုးမူ၊ ယုံကြည်မှု၊ နှင့်ပူးပေါင်းဆောင်ရွက်မှုများက အခရာကျပါသည်။ သို့မှသာ မိမိတို့၏ ဈေးကွက်ထဲတွင် နေရာ တစ်နေရာ ရယူထားနိုင်မည်ဖြစ်ပါသည်။

လက်ရှိ ၂၀၁၆ခုနှစ်တွင်လည်း ယမန်နှစ်ထက်ပိုမိုသာလွန်သော ပံပိုးမှု၊ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ဆက်လက်ဆောင်ရွက် သွားမည် ဟုမျှော်လင့်ရင်း အထူးပင်ကျေးဇူးတင်ရှိပါသည်။

လူကြီးမင်းနှင့် လူကြီးမင်းမိသားစုဝင်များအားလုံး နှစ်သစ်မှာပျော်ရွင်မှု၊ ဝမ်းသာမှုနှင့် ကြွယ်ဝမှုတို့နှင့် ပြည့်စုံကြပါစေဟု ဆုတောင်း ဆန္ဒပြုအပ်ပါသည်။

ကျေးဇူးတင်ပါသည်။

အထွေထွေညွှန်ကြားရေးမှူး၊

ငုယင် လီအာ့သူအန်

 

HAPPY NEW YEAR GREETINGS - ATAD

အခြားသတင်းများ

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD

Mã QR Code

Chia sẻ trang của bạn với bất kỳ ai bằng cách yêu cầu họ quét mã QR này

Copy & chia sẻ