ATAD STEEL STRUCTURE CORPORATION

ဗီယက်နမ်၏ ထိပ်တန်း၅၀ အကောင်းဆုံး တိုးတက်မှုကို လေးနှစ်ဆက်တိုက် ဂုဏ်ပြုခြင်းခံရသည့် ATAD

2021-04-28 10:56:49

ATAD သည် ဗီယက်နမ်၏ ထိပ်တန်း၅၀ အကောင်းဆုံး တိုးတက်မှုဆုကို ဟနွိုင်းမြို့တွင် ၂၀၂၁ ခုနှစ် ဧပြီလ ၂၇ရက်နေ့တွင် ချီးမြင့်ခြင်းခံရသည်။ ၄င်းဆုမှာ လေးနှစ်ဆက်တိုက် ဂုဏ်ပြုခြင်းခံရသည့် ဂုဏ်ထူးဆောင်ဆု ဖြစ်သည်။

ဗီယက်နမ်၏ ထိပ်တန်း၅၀ အကောင်းဆုံး တိုးတက်မှုဆုသည် အမြင့်ဆုံးစီးပွားရေးစွမ်းဆောင်မှု၊ အမြန်ဆုံး နင့် အတည်ငြိမ်ဆုံး တိုးတက်နှုန်းများ ရှိသောလုပ်ငန်းများကို ဂုဏ်ပြုခြင်းဖြစ်သည်။ ၄င်းဆုသည် ဗီယက်နမ်အစီရင်ခံစာ၏ နိုင်ငံတကာစံနှုန်းများအရ လွတ်လပ်သောသုတေသန နှင့် အကဲဖြတ်မှုရလဒ် များအပေါ် အခြေခံပြီး ဗီယက်နမ်နိုင်ငံတွင် ထိပ်တန်းဂုဏ်သတင်းကြီးသော ဆုများအနက် တစ်ခုဖြစ်သည်။

ATADသည် Covid-19ကူးစက်ရောဂါကြောင့် ဖြစ်ပေါ်လာသော အခက်အခဲများ နှင့် စိန်ခေါ်မှုများကို ကျော်လွှား၍ စက်ရုံနှစ်ခုလုံးတွင် တည်ငြိမ်သော ထုတ်လုပ်မှုလုပ်ငန်းများကို ထိန်းသိမ်းထားပြီး စီမံကိန်းများစွာကို အကောင်အထည်ဖော် ပြီးမြောက်ခဲ့ပြီး အောင်မြင်မှုများစွာ ရရှိခဲ့သည်။ ထိုရလဒ်သည် ကုမ္ပဏီ၀န်ထမ်းများအားလုံး၏ စဥ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုကို အသိအမှတ်ပြုခြင်းဖြစ်ပြီး သံမဏိကိုယ်ထည်ဈေးကွက်တွင် ကုမ္ပဏီ၏ ဦးဆောင်မှု နှင့် ဂုဏ်သိက္ခာကို ပိုမိုခိုင်မာစေပါသည်။

ဗီယက်နမ်၏ ထိပ်တန်း၅၀ အကောင်းဆုံး တိုးတက်မှုကို လေးနှစ်ဆက်တိုက် ဂုဏ်ပြုခြင်းခံရသည့် ATAD

အခြားသတင်းများ

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD

Mã QR Code

Chia sẻ trang của bạn với bất kỳ ai bằng cách yêu cầu họ quét mã QR này

Copy & chia sẻ