ATAD STEEL STRUCTURE CORPORATION

ကမ္ဘောဒီးယားသို့ အလည်တစ်ခေါက်

2016-10-26 11:14:09

ATAD ၀န်ထမ်းများအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံတွင်ကျင်းပသော ဟွန်ကင်းပွဲတောင်သို့ သွားရောက်ခဲ့သည်။ ကမ္ဘောဒီးယားရိုးရာယဉ်ကျေးမှုကိုလေ့လာခဲ့ကြပြီး အန်ကောဝတ်ကျောင်းတော်အား လေ့လာရန် တောနက်ထဲအထိ သွားရောက်သွားခဲ့ကြသည်။

cambodia trip

အန်ကောဝတ်ကျောင်းတော်ရောက် အမှတ်တရ

ဟိုချီမင်းမြို့တော်မှ ဆီယမ်ရိ သို့ ၁၂နာရီကြာ ကားစီးခဲ့ပြီးနောက် ခမာအင်ပါယာနှင့် ရှေးဟောင်းဘုရားကျောင်းများကို လေ့လာရန်အခွင့်ကြုံခဲ့သည်။ တောအုပ်ထဲမှာ ထိုးထွက်နေသော ပြောင်းဖူးရိုးပုံ တာဝါများက ခမ်းနားကြီးကျယ်သော အန်ကောဝတ်ကျောင်းတော်၏ လူသိများကျော်ကြားမှုကိုသိသာစေပါသည်။ အပြုံးမျက်နှာကျောက်တုံးများဖြင့် ပြည့်နှက်နေသော ဘာရွန်ကျောင်းတော်ကြီးက တစ်နည်းတစ်ဖုံ ဆွဲဆောင်နေပြန်ပါသည်။ တာပရုမ် ကျောင်းတော်အကြွင်းအကျန်များကလည်း ထို့အတူပင်ဖြစ်ပါသည်။ အန်ကောဝပ်တွင် တွေ့ရမည့် သမိုင်းကြောင်းများကို ပြောပြနေသည့် ဧည့်လမ်းညွှန်များ၏ ပြောဆိုမှုများကိုလည်း ဂရုတစိုက်နားထောင်ခဲ့ကြသည်။

cambodia trip 1
cambodia trip 2cambodia trip 4cambodia trip 3

တာပရုမ်မှ အမှတ်တရပုံများ

cambodia trip 5

ဘာရွန်ကျောင်းတော် : အသိရခက်သောအပြုံးနှင့် ထူးဆန်းသောမျက်နှာများ

သုံးရက်မြောက်နေ့တွင် ဖနွမ်းပင်မြို့သို့ရောက်ခဲ့ကြသည်။ မြို့ကျက်သရေဆောင် ငွေစေတီနှင့် တော်ဝင်နန်းတော်တို့သို့ သွားရောက်လေ့လာရန် ပြင်ဆင်ကြပါသည်။ ထိုနေရာတွင် ခမာယဉ်ကျေးမှုနှင့်ဗိသုကာလက်ရာတို့ဖြင့် ထုံးမွှမ်းထားသော ဘုရားကျောင်းများ၊ နန်းတော်များ၊ ရှုခင်းသာများ တို့ကို စုစည်းထားပါသည်။ စကန်း ပင့်ကူဈေးတွင် အထူးစားဖွယ်ရာများ စားသောက်ခဲ့ကြပြီးနောက် ဗဟိုဈေးတွင် အမှတ်တရပစ္စည်းများအား ဝယ်ယူခဲ့ကြပါသည်။
Cambodia trip 9

cambodia trip 7

ဘုရားကျောင်းကြီးများရှိ ခမာဗိသုကာလက်ရာများကို လေ့လာနေကြခြင်း

cambodia trip 8

ခရီးစဉ်မှာ အောင်မြင်စွာပြီးမြောက်ခဲ့ပြီး ကမ္ဘောဒီးယားတွင် မမေ့နိုင်စရာ အမှတ်တရများအား ရရှိခဲ့ကြသည်။

အခြားသတင်းများ

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD

Mã QR Code

Chia sẻ trang của bạn với bất kỳ ai bằng cách yêu cầu họ quét mã QR này

Copy & chia sẻ