ATAD STEEL STRUCTURE CORPORATION

ATAD မှ နှစ်သစ်ကူးအလှူအဖြစ် အကူညီလိုအပ်သူ ၃၀၆၂ ဦးတို့အတွက် အလှူပြုလုပ်ခဲ့

2019-04-10 15:56:37

ဧပြီလ ၆ ရက်နေ့တွင် ATAD မြန်မာအဖွဲ့မှ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် တည်ရှိသော သဘာဝတရားရိပ်သာတွင် နေထိုင်သည့် မှီခိုရာမဲ့ ကလေး/လူကြီး အယောက် ၃၀၆၂ ယောက်တို့အတွက် နေ့လည်စာအလှူနှင့် ကလေးများအတွက် နို့မှုန့်ဘူး၊ ဆေးနှင့် အခြားစားဖွယ်များ၊ လိုအပ်သည့် အသုံးအဆောင်များကို ပေးအပ်လှူဒါန်းခဲ့ပါသည်။

သင်္ကြန်နှစ်ကူးအခါသမယသည် လူသားတိုင်းအတွက် အသစ်သော အခွင့်အလမ်းများနှင့် အောင်မြင်မှုများကို သယ်ဆောင်လာသောနှစ်သစ်ဖြစ်သည်။ နှစ်သစ်နှင့် နောက်ထပ်ကြုံတွေ့ရမည့်နှစ်သည် မြန်မာလူမျိုးများ အတွက် ငြိမ်းချမ်းမှုများ၊ အောင်မြင်မှုများ၊ အလားအလာကောင်းသော အနာဂတ်တို့အား ပိုင်ဆိုင်နိုင်မည့် အချိန်အခါလည်းဖြစ်ပါသည်။ ယခုအလှူသည် မြန်မာရုံးခွဲအတွက် သင်္ကြန်နှစ်သစ်ကူး ရုံးပိတ်ရက် မတိုင်ခင် ပြုလုပ်သည့် နှစ်ပတ်လည်အလှူဖြစ်ပါသည်။

မြန်မာပြည်ရုံးခွဲမှ အဖွဲ့ဝင်တစ်ဦးဖြစ်သော မမဉ္ဇူမှ – “အခုလို သဘာဝတရားရိပ်သာမှ လှူရတဲ့အတွက် အရမ်းဝမ်းသာမိပါတယ်၊ ဒီမှာရှိတဲ့သူတွေအနေနဲ့ ကျွန်မတို့ဆီကသာမက အခြားသော အလှူရှင်များထံမှ အလှူများကိုလည်း လိုအပ်နေပါတယ်၊ ဒီတရားရိပ်သာဟာ ကျောင်း၊ ဆေးခန်း၊ အိပ်ဆောင်နှင့် အခြားသော အဆောင်မြောက်များစွာရှိပါတယ်၊ အဲ့ဒီနေရာမှာ နေထိုင်ရတဲ့ကလေးတွေက ကျွန်မတို့ကို မြင်တဲ့အချိန်မှာ ပျော်ရွှင်သွားကြတယ် ။ သူတို့မျက်နှာလေးတွေမှာ အထင်းသားမြင်နေရတယ်။ နောက်တော့ ဗီယက်နမ် နိုင်ငံနဲ့ အခြားသော နိုင်ငံများကနေလာရောက်ပြီး လုပ်အားပေးလုပ်ပေးနေတဲ့ သူတွေကိုလည်းတွေ့ခဲ့ရပါတယ်၊ သူတို့တွေက ဒီကျောင်းဝန်းထဲက အဆောက်အဦးတွေကို လာဆောက်ပေးကြတာပါ၊ သက်ကြီးရွယ်အိုတွေ များတဲ့အတွက် တိုးချဲ့ဆောင်တွေ ထပ်ဆောက်ရပါတယ်။ ဒီတရားရိပ်သာ ဖွင့်လှစ်ရတဲ့ရည်ရွယ်ချက်ကတော့  ဝေမျှခြင်း – ပြုစုခြင်း – ကူညီခြင်း၊ ကာကွယ်ခြင်းနှင့် ပေါင်းစည်းခြင်း ဖြစ်ပါတယ်။ ” ဟု ခံစားချက်ကို ဝေမျှပေးခဲ့ပါသည်။

မြန်မာနိုင်ငံ၏ စီးပွားရေး လမ်းစဉ်များလုပ်ဆောင်ရာတွင် ဒီနိုင်ငံတွင် နေထိုင်သော လူသားများ၏ နေထိုင်မှု တိုးတက်ကောင်းမွန်စေရန်အတွက်လည်း အာရုံထားပါသည်။ နောင်အနာဂတ်တွင် ATAD မှ မြန်မာပြည်အတွက် ပြုပြင်မှုများ၊ တိုးတက်မှုများအတွက် လုပ်ဆောင်ရာတွင် တတက်တအား ပါဝင်ဆောင်ရွက် ပေးရန် ရည်ရွယ်ချက်များစွာ ထားရှိပါသည်။

ATAD Myanmar team presented gifts to underprivileged children and the elderly 1

ATAD Myanmar team presented gifts to underprivileged children and the elderly 2 ATAD Myanmar team presented gifts to underprivileged children and the elderly 3 ATAD Myanmar team presented gifts to underprivileged children and the elderly 4  ATAD Myanmar team presented gifts to underprivileged children and the elderly 5

ATAD Myanmar team presented gifts to underprivileged children and the elderly 6

အခြားပတ်ဝန်းကျင်ဖြန့်ဝေပေးခြင်း

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD

Mã QR Code

Chia sẻ trang của bạn với bất kỳ ai bằng cách yêu cầu họ quét mã QR này

Copy & chia sẻ