ATAD STEEL STRUCTURE CORPORATION

ကလေးများအတွက် ဆောင်ဦးရာသီအလယ်ပျော်ပွဲရွှင်ပွဲ ကျင်းပခဲ့

2016-10-12 14:39:05

နှစ်စဉ်လပြည့်နေ့ ရောက်ရှိလာပါက ဗီယက်နမ်နိုင်ငံမှ ကလေးများအတွက် အကောင်းဆုံးနှင့် ပျော်ရွှင်စွာ ဆော့ကစား နိုင်သော လပြည့်နေ့ပွဲတော်ကို ကျင်းပလေ့ရှိသည်။ စက်တင်ဘာလ ၅ရက်နေ့ ၂၀၁၄ ခုနှစ်တွင် အေတီအေဒီ သံမဏိ ကိုယ်ထည်ဆောက်လုပ်ရေး ကော်ပိုရေးရှင်းမှ ကလေးများအတွက် “ပျော်ရွှင်ဖွယ် လပြည့်နေ့ ပွဲတော်” တစ်ခုအား ကျင်းပ ပေးခဲ့သည်။

ကောင်းမွန်စုံလင်သော အစီအစဉ်များဖြင့် ကလေးများအတွက် ပျော်ရွှင်ဖွယ်ဂိမ်းအစီအစဉ်များစွာအပြင် လပြည့်နေ့တွင်သာ တွေ့ဆုံနိုင်သော Hang Nga နှင့် Chu Cuoi တို့နှင့်လည်း တွေ့ဆုံနိုင်ခဲ့သည်။ အံအားသင့်ဖွယ် ထူးချွန်သော ကလေးငယ်များ၏ အကအလှများ၊ တေးသီချင်းသီဆိုမှုများကိုလည်း ထည့်သွင်းထားသည်။ ထို့အပြင် ကလေးငယ်များ အတွက် ရိုးရာလက်ဆောင် ၁၀၀ ကျော်ကိုလည်း အေတီအေဒီမှ ပေးအပ်ခဲ့သည်။

mid-autumn festival 1

mid-autumn festival 2

ထိုကဲ့သို့ပြုလုပ်ရခြင်းသည် အခြေအနေမတူသော မိသားစုများမှ ဆင်းသက်လာသည့် ကျောင်းသားလူငယ်များအနေဖြင့် စိတ်ဓါတ်တက်ကြွစေရန်နှင့် ကောင်းမွန်သောရလဒ်များပိုင်ဆိုင်စေလိုခြင်းကြောင့် စက်တင်ဘာလ ၆ ရက်၊ ၂၀၁၄ တွင် Binh Chanh ဒေသရှိ Binh Hung အဖွဲ့အစည်းနှင့် ပူးပေါင်းထောက်ပံ့ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် Bihn Hung နှင့် Hoa Khanh Dong အဖွဲ့အစည်းရှိ ကလေးငယ်များအတွက် Long An အလုပ်သမားအဖွဲ့အစည်းမှလည်း လက်ဆောင် ၂၀၀ ကျော် ပေးအပ် ချီးမြှင့်ခဲ့သည်။

mid-autumn festival 3mid-autumn festival 4

အစီအစဉ်အားပျော်ရွှင်မှုများဖြင့် အဆုံးသတ်နိုင်ခဲ့သည်။ လှူဒါန်းမှုများသည် အေတီအေဒီ၏ လူမှုရေးလုပ်ဆောင်မှုများမှ တစ်ခုအပါအဝင်ဖြစ်သည်။

အခြားပတ်ဝန်းကျင်ဖြန့်ဝေပေးခြင်း

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD

Mã QR Code

Chia sẻ trang của bạn với bất kỳ ai bằng cách yêu cầu họ quét mã QR này

Copy & chia sẻ