ATAD STEEL STRUCTURE CORPORATION

အေတီအေဒီ Dong Nai အစိမ်းရောင်သဘာဝ စက်ရုံသို့ Bach Khoa တက္ကသိုလ်မှလာရောက်လေ့လာ

2018-11-13 10:23:23

ကျွနိုပ်တို့၏ ရည်ရွယ်ချက်များမှ အစိတ်အပိုင်းဖြစ်သော သံမဏိထုတ်ကုန်များ၏ အတွေ့အကြုံနှင့်နည်းပညာ လက်ဆင့်ကမ်းခြင်း ရည်ရွယ်ချက်အရ အေတီအေဒီနှင့် ဟိုချီမင်းနည်းပညာ တက္ကသိုလ်သို့ ပူးပေါင်း၍ LEED အသိမှတ်ပြု ရွှေတံဆိပ်ရရှိခဲ့သော Dong Nai စက်ရုံသို့ ဆရာနှင့်ကျောင်းသားအယောက် ၁၀၀ တို့အား လေ့လာရေးခရီးစဉ် တစ်ခု ပြုလုပ်ခဲ့သည်။

စက်ရုံလေ့လာရေးခရီးစဉ်တွင် အေတီအေဒီဝန်ထမ်းများ၏ လမ်းညွှန်ကူညီမှုများပေးခြင်း၊  ကျောင်းသားများအနေဖြင့် နိုင်ငံအဝှမ်း ခေတ်မှီသော ထုတ်လုပ်မှုနည်းပညာများအား လေ့လာနိုင်ခြင်း၊ အထူးသဖြင့် ပုံမှန်ထက် အရွယ်ကြီးမားသော ဗိသုကာဆိုင်ရာ သံမဏိကုန်ထည် ထုတ်လုပ်မှုများကို အသေးစိတ်လေ့လာမှုများ ပြုလုပ်နိုင်ခဲ့ကြသည်။ ထို့အပြင် ကျောင်းသားများအနေဖြင့် အေတီအေဒီ၏ အလုပ်အကိုင်အခွင့်အလမ်း အစီအစဉ်များကိုလည်း ရရှိလေ့လာနိုင်ခဲ့သည်။ ခရီးစဉ်အပြီးတွင် အေတီအေဒီမှ ကျောင်းသားများအတွက် အမေးအဖြေကဏ္ဍကိုလည်း ထည့်သွင်းပြုလုပ်ပေးခဲ့သည်။

ပူးပေါင်းဆောင်ရွက်မှုကောင်းစွာဖြင့် အောင်မြင်သောလေ့လာရေး ခရီးစဉ်တစ်ခုဖြစ်ခဲ့သည်။ ယခုပြုလုပ်ခဲ့သော လေ့လာရေးခရီးစဉ်၏ အမြင့်မားဆုံးသော အောင်မြင်မှုသည် ကျောင်းသားများအနေဖြင့် သံမဏိထုတ်လုပ်မှု လုပ်ငန်းပိုင်းတွင် ရှေ့ဆက်ရမည့် လမ်းကြောင်းကို ကောင်းစွာဖောက်ပေးနိုင်ခဲ့ခြင်းပင်ဖြစ်သည်။

Bach Khoa University students explored ATAD Dong Nai green factory Bach Khoa University students explored ATAD Dong Nai green factory 2 The Q&A session between ATAD representatives and studentsStudents took a factory-tour ATAD representatives gave ATAD gifts to lectures ATAD representatives and university lectures

အခြားသတင်းများ

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD

Mã QR Code

Chia sẻ trang của bạn với bất kỳ ai bằng cách yêu cầu họ quét mã QR này

Copy & chia sẻ