ATAD DONG NAI STEEL STRUCTURE OFFICE
| Location | Lot F, Long Khanh Industrial Zone, Binh Loc Commune, Dong Nai province, Vietnam |
| Owner | ATAD STEEL STRUCTURE CORPORATION |
| Principle Use | Office |
| Gross Square Meter | 6,962.8 sq.m |
| Rating System | LEED-NC v2009 |
ATAD DONG NAI OFFICEအကြောင်း
ATAD စက်ရုံ၏ အလည်ဗဟို Lot F, Long Khanh IZ, Dong Nai province, Vietnam တွင် တည်ရှိပြီး ထို ရုံးခန်းသည် စွမ်းအင်နှင့် ပတ်ဝန်းကျင်ဦးဆောင်မှူအဖွဲ့အစည်း မှပေး အပ်သော ပလက်တီနမ် အဆင့်ရှိ အသိမှတ်ပြု လက်မှတ်ကို ၂၀၁၇ ခုနှစ်တွင် ရရှိထားသော စံနမူနာ ယူထိုက်သော ရုံးခန်းတစ်ခုပင်ဖြစ်ပေသည်။ တစ်ဆင့် ချင်းဆီတိုင်းတွင် လုပ်ငန်းစတင်ချိန်မှ စတင်ကာ အောင်မြင်စွာ ပြီးဆုံးသည့်တိုင်အောင် ရေရှည်တည်တံ့ခိုင်မြဲစေရန်ဟူသော ရည်ရွယ်ချက်ဖြင့် တည်ဆောက်ပေးလျက် ရှိပါသည်။ ပွင့်လင့်သော အခန်း တည်ဆောက်ပုံမှာ နေအလင်းရောင် ကောင်မွန်စွာ ရရှိနိုင်ရုံသာမက ဝန်ထမ်းအချင်းချင်း ကောင်းမွန်စွာ ဆက်ဆံနိုင်ရန် အထောက်အကူပြုပေးပါသည်။ ပြန်လည်အသုံးပြု နိုင်သော ပစ္စည်းများကို ပြန်လည်သုံးစွဲခြင်းဖြင့် ငွေကြေးကို ကူညီထောက် ပံပေးနိုင် ရုံသာမက သဘာဝပန်းဝန်းကျင်ကိုလည်း အကျိုးသက်ရောက်မှု လျော့နည်းစေနိုင်ပါသည်။ အလင်းရောင်၊လေ၊ အသီးအနှံ၊ အနားယူနိုင်သော နေရာ၊ သန့်ရှင်းသပ်ရပ်မှူ၊ မျှတသော အပူချိန် စသည်တို့က လုပ်ငန်း အရေအသွေးကို ကောင်းမွန်စေရုံသာမက ထုတ်ကုတ်၏ စွမ်းဆောင်ရည်ကိုလည်းတိုးတက်စေနိုင်ပါသည်။ ထိုကဲ့သို့သော အကြောင်းအရားများကြောင့် ကျွန်ုပ်တို့၏ ATAD အကြောင်းအရားများကို သင့်အား မိတ်ဆက်ခြင်းပင်ဖြစ်ပါသည်။
| ဆောက်လုပ်မှုဆိုင်ရာ အချက်အလက်
၁၀၀ ရာခိုင်နှုန်း နေအလင်းရောင် သုံးစွဲမှုမြင့်မားခြင်း ၅၀.၆၆ ရာခိုင်နှုန်း ရေသုံးစွဲခြင်းကို လျှော့ချနိုင်ခြင်း ၁၀၀ ရာခိုင်နှုန်း နေရောင်ဒဏ်မှ ကာကွယ်နိုင်သော အမိုးပြားစနစ်အသုံးပြုခြင်းနှင့် နေရောင်အလင်ပြန်မှု နည်းစေခြင်း အနည်းဆုံး ၇၅ ရာခိုင်နှုန်းသော ဆောက်လုပ်ရေး လုပ်ငန်းခွင် အမှိုက်များအား လျှော့ချနိုင်ခြင်း အဆောက်ဦးအတွင်း အသုံးပြုထားသော ကြမ်းခင်းများစည် အစိမ်းရောင်စွမ်းအင် အထောက်အကူပြုလက်မှတ်ပိုင်ဆိုင်ခြင်း |
- ထိန်းသိမ်းထားနိုင်မှု
လူထုပို့ဆောင်ရေးနှင့် စက်ဘီးအသုံးပြုမှု – အေတီအေဒီ စက်ရုံဝန်းအတွင်းတွင် ယာဉ်ရပ်နားရန်အတွက်နေရာနှင့် အခြားသော ပို့ဆောင်ရေးလိုင်းများဖြင့်လည်း ချိတ်ဆက်ထားသည်။ ဝန်ထမ်းဦးရေ များပြားမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် မြေနေရာအခက်အခဲ မဖြစ်စေရန် ကူညီထောက်ပံ့မှုများပေးထားခြင်း – ဝန်ထမ်းကြိုပို့ယာဉ်ထားရှိခြင်း၊ ရုံးကားများရှိခြင်း၊ စက်ဘီးထားရန်နေရာရှိခြင်း၊ အဝတ်လဲခန်းထားရှိခြင်း ….
စက်ဘီးသည် သက်သောင့်သက်သာရှိခြင်း၊ ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုမရှိဘဲ စက်ရုံအတွင်းသွားလာနိုင်သည်။ စက်ဘီး အသုံးပြုခြင်းဖြင့် ဘေးအန္တရာယ်ကင်းရှင်းစေသည်။ စက်ဘီးရပ်နားရန်နေရာနှင့် ရေချိုးခန်း ၂ ခန်း၊ အဝတ်လဲခန်းတစ်ခုအား အလုပ်ရုံဝန်းအတွင် ထားရှိပေးထားသည်။
ကုန်ကျစရိတ်ချွေတာနိုင်သော ပို့ဆောင်ရေးယာဉ် – ထားသိုရန်နေရာများစွာမလိုခြင်းနှင့် ဓါတ်ငွေဖြည့်တင်းရန် မလိုသော ယာဉ်ဖြစ်သည်။
အပူချိန်သက်ရောက်မှု – နေရောင်ခြည်စွမ်းအင်သုံးအမိုးများ အသုံးပြုခြင်းဖြင့် အေတီအေဒီသည် အပူချိန်လျှော့ချခြင်းနှင့် အအေးပေးစက်စရိတ်လျှော့ချမှုအတွက် အသုံးပြုသည်။ သို့ဖြစ်၍ Australian ထုတ်ကုန်ဖြစ်သော BlueScope သံမဏိများကို အသုံးပြုသည်။
ယာဉ်ရပ်နားရန်နေရာ ၁၀၀ ရာခိုင်နှုန်းအပြည့်နှင့် ရုံးအဆောက်အဦး အမိုးများကို အဖြူရောင်နှင့် မီးခိုးရောင်များ အသုံးပြုထားသည်။ ရောင်ပြန်အမိုးပြားနည်းစနစ် Thermatech® – အမိုးပြား အဖြူရောင် တန်ဖိုး ၈၄ နှင့် မီးခိုးရောင်တန်ဖိုး ၆၉ အသုံးပြုထားသည်။ Thermatech® နည်းပညာသည် နေရောင်ခြည်၏ ရောင်ပြန်စွမ်းအင်ကို အသုံးပြုထားပြီး တစ်နည်းအားဖြင့် လေအေးပေးစက်မှ ထောက်ပံမှုအနည်းငယ်ယူခြင်း၊ အမိုးပေါ်ကျရောက်မည့် နေအပူချိန်ကို သက်သာစေပါသည်။ ပြန်လည်စမ်းသစ်နည်းအနေဖြင့် တူညီသော အမိုးပြားများကို နေပူခံ ဆိုလာများအသုံးပြုခြင်းဖြင့် အေးမြမှုစွမ်းအင်ကို နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် လျှော့ချနိုင်သည်။
အလင်းရောင်သိပ်သည်းမှုလျှော့ချနိုင်ခြင်း – အလင်းသိပ်သည်းမှုသည် များစွာသော အကျိုးသက်ရောက်မှုများရှိသည်။ ညဘက် ကောင်းကင်မှအလင်းအား ပိတ်ဆို့ထားခြင်း၊ လူတို့အတွက် ကျန်းမာရေး အန္တရာယ်ရှိခြင်း၊ စွမ်းအင်လေလွင့်မှုရှိခြင်းနှင့် အခြားသော ဆိုးကျိုးများဖြစ်ပေါ်စေသည်။ အေတီအေဒီရုံးအား သဘာဝစွမ်းအင်သုံး ရုံးတစ်ရုံးအဖြစ် ဆောက်လုပ်ထားသဖြင့် အလင်းသိပ်သည်းမှုကို တက်နိုင်ဆုံးလျှော့ချထားနိုင်သည်။
ပြင်ပရှုခင်းများအနေဖြင့် ပြင်ပမှအလင်းရောင်ကောင်းမွန်စွာရရှိနိုင်မည့် ပစ္စည်းများအသုံးပြုဆောက်လုပ်ထားသည်။ ပြင်ပမှ ကျနေအား ကာကွယ်နိုင်ရန်အတွက်လည်း ပြုလုပ်ထားသည်။
မီးလင်းအားကောင်းသော မီးလုံးများ ပြောင်းလဲတပ်ဆင်ထားခြင်း၊ အလင်းကျူးကျော်ဝင်ရောက်မှု လျှော့ချနိုင်ရန်၊ ညအလင်းရောင်သိပ်သည်းမှု မဖြစ်စေရန်အတွက် သင့်တင့်သော အလင်းရောင်ပေးပစ္စည်းများ ပြောင်းလဲတပ်ဆင်ထားသည်။ ရုံးတွင်းမီးများအား ည ၁၁ နာရီမှ နောက်တစ်နေ့မနက် ၅ နာရီအထိ အလိုအလျောက်ပိတ်ခြင်းဖြင့် ထိန်းချုပ် ကန့်သက်ထားသည်။
- Water efficiency
၂။ ရေ၏အကျိုးရလဒ်များ
အေတီအေဒီတွင် ရေသည် နောင်အနာဂတ်နှင့် ယခုလက်ရှိအချိန်တို့အတွက် များစွာအထောက်အကူပြုသော သဘာဝ ထွက်ကုန်တစ်ခုဖြစ်ကြောင်းကို လက်ခံထားပါသည်။
ကျွနိုပ်တို့လက်ခံထားမှုအနေဖြင့် ရေ၏အကျိုးသက်ရောက်မှုကို ထိန်းသိမ်းနိုင်ရန် အကောင်းဆုံးနှင့် အသင့်တော်ဆုံး အချက်သည် ချွေတာသုံးစွဲခြင်းပင်ဖြစ်သည်။ စွန့်ပစ်ရေများ ပြန်လည်အသုံးပြုခြင်းနည်းစနစ်အရ မြင့်မားသောအကျိုးရနိုင်မည့် ရေအရင်းမြစ် (မိုးရေကဲ့သို့သော)၊ သန့်စင်ခန်းတွင် အသုံးပြုလိုက်သော ရေများကို ဆိုလိုခြင်းဖြစ်သည်။
| Items | Flow-rate Specification (liters per cycle) |
| Dual-flush toilet | 3/ 4.8 lpf |
| Urinals | 0.47 lpf |
| Semiautomatic lavatory faucet | 0.35 lpc & 0.43 lpc |
| Kitchen faucets | 7 l/min |
| Showerhead | 6.6 l/min |
အလှပန်းခင်း စိုက်ပျိုးရေးလုပ်ငန်းများအတွက် ပတ်ဖြန်းသောရေ၊ လူသွားလမ်းများတွင် ပတ်ဖြန်းထားသောရေများ လျှော့ချခြင်းဖြင့် သောက်သုံးရေကို ထိန်းညှိနိုင်သည်။ သီးနှံရိတ်သိမ်းချိန် ဖြန်းပတ်ရမည့်ရေအတွက် အိမ်ခေါင်မိုးမှရှိသော မိုးရေကို ရေတံလျောက်များဖြင့် ခံယူအသုံးပြုနိုင်သည်။ အလှသစ်ပင်များနှင့် မြက်ခင်းများစိုက်ပျိုးထားသည့် မြေဧရိယာပေါင်း ၃၁၇၄.၆၆ စတုရန်းမီတာအတွက် လိုအပ်သလောက်သာ လျှော့ချသုံးစွဲနိုင်သည်။
စီးပွားရေးဆိုင်ရာ အဆောက်အဦးများ၏ ရေသုံးစွဲမှုနှင့် လူနေအဆောက်အဦးများ၏ ရေသုံးစွဲမှု ၅၀.၆၆ ရာခိုင်နှုန်းကို လျှော့ချခြင်းဖြင့် သောက်သုံးရေကို ထိန်းညှိနိုင်သည်။
- စွမ်းအင်နှင့်လေထု
စွမ်းအင် ၄၅.၆ ရာခိုင်နှုန်းချွေတာခြင်း၏ ရလဒ်များအနေဖြင့် ရရှိသော အကျိုးကျေးဇူးများ –
အတွင်းပိုင်းအလင်းပေးမှု ဖြစ်ပေါ်စေခြင်း – အလင်းအားကောင်းသော စွမ်းအင်အနည်းငယ်သုံး မီးသီးများနှင့် အချိန်ပိုင်းမီးဖြတ် တောက်ခြင်းတို့၏ ပေါင်းစပ်မှုကြောင့် ပမာဏတစ်ခုအထိ စွမ်းအင်လျှော့ချနိုင်သည်။ အေတီအေဒီတွင် အချိန်ပိုင်း မီးဖြတ်တောက်မှုစနစ်တပ်ဆင်ထားပြီး ရုံးအထပ်တိုင်းမှ လိုသလိုထိန်းညှိသုံးစွဲနိုင်သည်။ ထိုထိန်းချုပ်မှုသည် အခန်းတွင်းမှ လူများထွက်သွားပြီး မိနစ် ၃၀ အကြာတွင် အလိုအလျောက်ပိတ်သော နည်းစနစ်ဖြစ်သည်။
စွမ်းအင်ပြန်လည်အသုံးချခြင်း – အေတီအေဒီ၏ အမိုးများအား ၇၅ စတုရန်းမီတာအထူဖြင့် တပ်ဆင်ထားခြင်းသည် (U=0.45 W/m2) စွမ်းအင်ကုန်ဆုံးမှု ကျဆင်းရန်နှင့် နေရောင်စွမ်းအင်စုပ်ယူမှု အခန်းတွင်းသို့ရောက်စေရန်ဖြစ်သည်။ နွေရာသီ အချိန်များတွင် အမိုးမှ ပုံမှန်ထက်နှစ်ဆပမာဏရှိသော နေရောင်ကိုစုပ်ယူရရှိနိုင်သည်။
စွမ်းအင်အသုံးပြုခြင်း မှတ်တမ်းကိုအသုံးပြုခြင်းဖြင့် စွမ်းအင်စနစ်ကို အခြေခံပြုလုပ်ထားသည်။ စွမ်းအင်ထုတ်လုပ်မှုအတွက် ပိုမိုအသုံးဝင်သော၊ စွမ်းအင်ပိုမိုရယူနိုင်သော စံနှုန်းမြင့် (COP) 3.2 ကိုအသုံးပြုရန်ရည်ညွှန်းခြင်းဖြင့် အနည်းဆုံးသော ရလဒ် ပိုင်ဆိုင်ရန် HVAC စနစ်ကို VRV စနစ်တွင် အသုံးပြုထားသည်။ ဤနည်းစနစ်ကို အသုံးပြုခြင်းဖြင့် သုံးစွဲသူသည် ပတ်ဝန်ကျင် အပူချိန်ကို ပိုမိုလျင်မြန်စွာ ထိန်းချုပ်နိုင်သည်။ သို့အတွက် အဆောက်အုံအတွင်း CFC ဓါတ်ငွေအား မပူစေခြင်း၊ ပတ်ဝန်းကျင်လေ သန့်စင်ပေးခြင်း၊ လေထုအေးမြစေခြင်းတို့ကြောင့် သဘာဝနှင့်အနီးစပ်ဆုံး ထောက်ပံ့မှုကိုရယူနိုင်သည်။
အရည်အသွေးမြင့် ပြတင်းများ – အေတီအေဒီရုံးတွင် ပြတင်းပေါက်များစွာရှိသောကြောင့် ကောင်းစွာအလင်းအားပေးနိုင်သော ပြတင်းပေါက်များအား တပ်ဆင်ထားရှိပါသည်။ အေးမြသောလေထိန်းသိမ်းထားနိုင်ရန်၊ ဆိုလာရေဒီယိုလှိုင်းအဆောက်အုံ အတွင်း ဝင်ရောက်မှု လျှော့ချနိုင်ရန်အတွက် ပြတင်းပေါက်များကို ပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့် အနီးဆုံးကိုက်ညီမှုရှိစေရန် တက်ဆင်ထားသည်။
| Glass Specifications | |
| U-value (W/(m2.K)) | 4.0 |
| Shading Coefficient (SC): | 0.64 |
| SHGC | 0.3583 |
- ကုန်ပစ္စည်းများနှင့် အရင်းမြစ်များ
ပြန်လည်အသုံးပြုပစ္စည်း ရင်းမြစ်များ – ဖော်ပြပါလုပ်ငန်းစဉ်အတွက် အေတီအေဒီသည် ဆောက်လုပ်မှုများတွင် သံမဏိများ အသုံးပြုသည်။ ပြန်လည်အသုံးပြုပစ္စည်းများတန်ဖိုး (သံမဏိနှင့် အခြားထုတ်ကုန်များ) သည် အဆောက်အဦးတစ်ခု ဆောက်လုပ်ကုန်ကျစရိတ်၏ ၂၀ ရာခိုင်နှုန်းခန့်အား သက်သာစေသည်။ ဤနည်းဖြင့် ကုန်ကျစရိတ်သက်သာစေခြင်း၊ ဆောက်လုပ်မှုပစ္စည်း သိပ်သည်းခြင်း၊ အလေအလွင့်နည်းပါးခြင်းတို့ကို ရရှိပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
ပြန်လည်အသုံးပြု ကုန်ပစ္စည်းများသုံးခြင်းကြောင့် ထုတ်လုပ်မှုအပိုင်းအား အထောက်အကူပြုသည်။ ဆောက်လုပ်မည့် နေရာတွင် ၈၀၀ ကီလိုမီတာရှိသော ကုန်ပစ္စည်းများအား ထားသိုရန်နေရာလုံလောက်မှုရှိခြင်းနှင့် ပစ္စည်းများ သယ်ယူပို့ဆောင် ရာတွင်လည်း လွယ်ကူစွာ ရရှိနိုင်သည်။ သို့ဖြစ်ပါ၍ ထုတ်လုပ်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းတွင် အချိန်မကုန် ငွေသက်သာပြီး ပတ်ဝန်းကျင်မှထိခိုက်မှုများကိုလည်း လျော့ကျစေနိုင်သည်။
ဆောက်လုပ်နေစဉ်တွင် အေတီအေဒီသည် ဆောက်လုပ်ရေးထိန်းချုပ်မှုတွင် အလေလွင့်နည်းစေရန် အဓိကထားခြင်း၊ ဆောက်လုပ်မှု ထွက်ကုန်အမှိုက်များအား ၇၅ ရာခိုင်နှုန်းခန့်ထိ လျှော့ချနိုင်စေရန် ပြုလုပ်ပေးသည်။ ထိုသို့ပြုလုပ်ခြင်းသည် ဆောက်လုပ်ရေးလုပ်ငန်းများ၏ နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်မှုကို အကောင်းဆုံးတားဆီးနိုင်သော နည်းလမ်းတစ်ခု ဖြစ်သည်။ ထုတ်လုပ်မှုအပိုင်း၏ ရင်းမြစ်အသုံးပြုမှုများကို အကာကွယ်ဖြစ်စေပြီး လေလွင့်မှုနည်းပါးစေပါသည်။
အေတီအေဒီသည် ဆောက်လုပ်ရေးများတွင် အလေ့အလွင့်လျှော့ချစေနိုင်ရန်အတွက် အာရုံစိုက် ကြိုးစားလျက်ရှိပါသည်။ ကျွနိုပ်တို့၏ ဆောက်လုပ်ရေး ရည်ရွယ်ချက်သည် အလေလွင့်နည်းစေခြင်းနှင့် အသုံးဝင်သော ဝန်ဆောင်မှုအား ပေးအပ်လိုခြင်း ဖြစ်သည်။ အလေလွင့်များအား စုစည်း၍ သက်ဆိုင်ရာရင်းမြစ်အလိုက် ခွဲခြားထားသည်။ အလေလွင့်ထားရှိရန် နေရာကိုလည်း သီးခြားသတ်မှတ်ထားသည်။
အစိတ်အပိုင်းများကို တစ်ခုထဲဖြစ်အောင် ပေါင်းစည်းထားသော ထုတ်ကုန်များတွင် ဖော်မလင်နှင့်ထင်းရူးဆေး မပါဝင်ကြောင်း သက်သေခံလက်မှတ်များ ပိုင်ဆိုင်ထားသည်။ အခင်းများအတွက်လည်း နိုင်ငံတကာဆိုင်ရာကြမ်းခင်းစံနှုန်းသက်မှတ်ရေး အဖွဲ့၏ အသိမှတ်ပြုလက်မှတ်များ ရရှိထားသည်။
- အတွင်းပိုင်းပတ်ဝန်းကျင်ထိန်းသိမ်းမှုအရည်အသွေး
အေတီအေဒီရုံးတွင် ASHRAE 62.1-2007 စနစ်လိုအပ်ချက်အရ အခန်းတွင်း လေကောင်းလေသန့်ဝင်စေသော စနစ်ဖြင့် ဆောက်လုပ်ထားသည်။ ပြင်ပမှလေကောင်းလေသန့်များကို ရယူခြင်းဖြင့် ASHRAE 62.1-2007 လိုအပ်ချက်၏ အများဆုံး ၃၀ ရာခိုင်နှုန်း တိုးပွားစေသည်။ သို့ဖြစ်သောကြောင့် အေတီအေဒီရုံးသည် သန့်ရှင်းသောလေထုတ်လုပ်ပေးမှုများခြင်းနှင့် ဝန်ထမ်းများကျန်းမာရေးအတွက် များစွာထောက်ကူပြုကြောင်း ဆိုလိုသည်။
ပြင်ပမှနေအလင်းရောင်နှင့် သန့်ရှင်းသောလေထုအား ပိုင်ဆိုင်နိုင်ရန်အတွက် အတွင်းပိုင်းပြင်ဆင်မှုများအား အလေးပေး ဆောင်ရွက်ထားသည်။ ကြည်လင်သော ကောင်းကင်မှအလင်းအား ၂၅-၅၀၀ အတွင်း နေအလင်းရောင်အား ရရှိပိုင်ဆိုင်နိုင်ရန် အတွက် ၁၀၀ ရာခိုင်နှုန်းအထောက်အပံ့ပေးနိုင်သည်။ ၉၉.၉၆ ရာခိုင်နှုန်းသော နေအလင်းရောင်အား ပြင်ပမှ စုပ်ယူ၍ ကြမ်းခင်းအမြင့် ၁၀၀-၂၂၉ စင်တီမီတာအထက်ရှိသော ကြမ်းပြင်၏ ရောင်ပြန်နည်းစနစ်အရ ကြည်လင်သော မှန်သားပြင်ကို ဖြတ်သန်း၍ ရယူနိုင်သည်။ အဆောက်အဦးတစ်ခု၏ အများဆုံးအလင်းရောင် ပိုင်ဆိုင်မှုကို ထုတ်လုပ်ပေးနိုင်သည်။ အခန်းတွင်း အလင်းရောင်ကောင်းစွာရရှိနိုင်သည်။ သဘာဝမှပေးသောစွမ်းအင်ကို အသုံးပြု၍ မီးအသုံးပြုမှုလျှော့ချနိုင်ခြင်းနှင့် သန့်စင်သော လေထုပိုင်ဆိုင်နိုင်သည်။ သန့်စင်သောလေထုဖြစ်စေရန် ၂၅ ပေအတွင်း ဆေးလိပ်သောက်သုံးခြင်းကို ကန့်သတ်ထားသည်။ ဆေးလိပ်မသောက်ရနယ်မြေအဖြစ် အဆောက်အဦးတွင်း သတ်မှတ်ထားခြင်းမရှိဘဲ ရုံးပြင်ပ၊ စက်ရုံပြင်ပတွင်သာ ဆေးလိပ် သောက်သုံးနိုင်သည်။
- On-site Renewable Energy
အေတီအေဒီတွင် ဆိုလာနည်းစနစ်အသုံးပြုခြင်းဖြင့် အမိုးမျက်နှာပြင် လေတိုက်အား ၂၅.၇၆ ကီလို ခံနိုင်ပြီး၊ နှစ်စဉ်စွမ်းအင် ထုတ်လုပ်နိုင်မှု ၃၉၀၈၃ ကီလိုဝက်အား စုစုပေါင်း ၃၁ ရာခိုင်နှုန်းထိ ဖြန့်ဝေနိုင်သည်။ ယခုကဲ့သို့ပြုလုပ်ခြင်းဖြင့် နှစ်စဉ်စွမ်းအင်ထုတ်လုပ်မှု ၉၅၈၉၄ ကီလိုဝက်အား ပြန်လည်အသုံးချနိုင်သည်။





















