ATAD STEEL STRUCTURE CORPORATION

အရည်အသွေးနည်းဥပဒေနှင့်ဘေးအန္တရာယ်ကင်းရှင်းရေး

ဝယ်ယူသုံးစွဲသူများအတွက် အလေးပေးဆောင်ရွက်ရမည့် အချက်များတွင် အရည်အသွေးထိန်းသိမ်းခြင်းသည်လည်း တစ်ခု အပါအဝင်ဖြစ်သည်။ အကြီးစားစတီး ထုတ်ကုန်များထုတ်လုပ်ခြင်းဖြင့် နိုင်ငံတကာနှင့် ပြည်တွင်းဈေးကွက်တွင် အရည်အသွေး ဖြင့် ပြိုင်ဆိုင်နိုင်သော လုပ်ငန်းတစ်ခုအဖြစ် လူသိများလာစေရန် ရည်ရွယ်ပါသည်။

အရည်အသွေးပြည့်မှီသော ထုတ်ကုန်များဖြစ်လာစေရန်အတွက် အေတီအေဒီမှ – ဒီဇိုင်းရေးဆွဲခြင်း၊ ထုတ်လုပ်ခြင်း၊ တပ်ဆင်ခြင်းလုပ်ငန်းများကို အသိအမှတ်ပြု နည်းပညာများဖြစ်သော ISO 9001:2015; ISO 14001:2015, ISO 45001:2018 တို့ကို အခြေခံ၍ ရေးဆွဲ ထုတ်လုပ်ထားခြင်းပါသည်။ ဖော်ပြပါ အရည်အသွေးသက်မှတ်စံချိန်စံညွှန်း များသည် နိုင်ငံတကာမှ အသိအမှတ်ပြုထားသော အညွှန်းများဖြစ်သည်။ ၎င်းစံညွှန်းများသည် အေတီအေဒီ၏ စံချိန်စံညွှန်းမှီ ထုတ်ကုန်များ ဖန်တီးခြင်း၊ ပြီးမြောက်စေခြင်း၊ ထိန်းသိမ်းခြင်း၊ တိုးတက်စေခြင်းများသာမက တည်ဆောက်မှုလုပ်ငန်းများ တွင်လည်း ယုံကြည်ရသော အမှတ်အသားတစ်ခုအဖြစ် ပြည်တွင်းနှင့်နိုင်ငံတကာ ဈေးကွက်တွင် ရပ်တည်စေခြင်းကိုပါ ကူညီ ထောက်ပံ့ပေးသည်။

ထို့အပြင်၊ ယေဘုပျအားဖြင့် “ဝယ်ယူသူများစိတ်တိုင်းကျစေခြင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းမှုအတွက် အထောက်အကူပြုခြင်း၊ လူတို့အတွက် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစေခြင်း” အစရှိသည်တို့ကို အစဉ်အလေးထားလျက် အေတီအေဒီ၏ အထွေထွေ အုပ်ချုပ်မှု ဒါရိုက်တာမှ “ဂုဏ်ပြုခြင်း ၊ တွေးခေါ်ခြင်း၊ တာဝန်ယူစိတ်ရှိခြင်း” တို့ကို အခြေခံ၍ “အရည်အသွေး – ပတ်ဝန်းကျင် – လုံခြုံမှု” အစရှိသည်တို့ကို လိုက်နာဆောင်ရွက်နိုင်မည့် ဥပဒေများကို ရုံးတွင် ထုတ်ပြန်ထားရှိပါသည်။

QUALITY-ENVIRONMENT-SAFETY-INFORMATION-SECURITY-POLICY

 

 

စီမံခန့်ခွဲခြင်းနှင့်တာဝန်ယူခြင်း

ဘေးအန္တရာယ်ကင်းရှင်းခြင်း၊ ကျန်းမာခြင်း၊ ပတ်ဝန်းကျင် အစရှိသည့်အချက်များသည့် အေတီအေဒီ၏ စီးပွားရေးလုပ်ငန်း များနှင့် အတူတကွရပ်တည်နေသော ဖြစ်စဉ်များဖြစ်သည်။

ချမှတ်ထားသော ရုံးတွင်း/ ရုံးပြင်စည်းကမ်းများနှင့် ဥပဒေများသည်လည်း လုပ်ငန်းအတွက် မလွဲဧကန် လိုအပ်ချက်များ ဖြစ်သည်။

ပတ်ဝန်းကျင်၊ ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး စသည့်စီမံခန့်ခွဲခြင်းနည်းစနစ်များဖြင့် စဉ်ဆက်အပြတ်လေ့လာ အကဲခတ်ခြင်း

 

လုပ်ငန်းနေရာဌာန

ပြင်ပမှ ရောက်ရှိလာနိုင်သော ဘေးပတ်ဝန်းကျင် ထိခိုက်မှုများ လုပ်ငန်းတွင် ဖြစ်ပေါ်နိုင်မှု လျှော့ချခြင်း

သင်တန်းများဖြင့် လေ့ကျင့်ပေးခြင်းနှင့် ဝန်ထမ်းများအတွက် ကောင်းမွန်သော လုပ်ငန်းပတ်ဝန်းကျင်တစ်ခုဖြစ်အောင် ဆောင်ရွက်ထိန်းသိမ်းပေးခြင်း

 

တိုးတက်မှုများ ဆက်လက်ဖြစ်ပေါ်စေရန် ထိန်းသိမ်းခြင်း

အလုပ်စီမံကွပ်ကဲခြင်းနှင့် အလုပ်ပြီးမြောက်မှု တိုင်းတာခြင်း

ထုတ်လုပ်မှု အရှိန်အဟုန်ဖြင့် တိုးတက်စေခြင်း

 

ထိန်းချုပ်ခြင်း ၊ စစ်ဆေးခြင်း

ဘေးအန္တရာယ်ကင်းရှင်းရေး နည်းစနစ်များဖြင့် ထုတ်ကုန်တိုးတက်မှုကို ထိန်းချုပ်ခြင်း

ဝန်ထမ်းများအား စက်ရုံဝင်းတွင် စုစည်းတည်ရှိစေခြင်း

ချမှတ်ထားသော နည်းဥပဒေများအား လိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်း

 

သတင်းအချက်အလက်များ ကန့်သတ်ထားခြင်း

ဝန်ထမ်းများအား ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အသိပေးခြင်း

ဝန်ထမ်းများအား ဘေးအန္တရာယ်ကင်းရှင်းရေး အရေးပေါ် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အသိပေးခြင်း/လေ့ကျင့်ပေးခြင်း

ATAD-Safety-En (1) ATAD-Safety-En (2) ATAD-Safety-En (3) ATAD-Safety-En (4) ATAD-Safety-En (5) ATAD-Safety-En (6) ATAD-Safety-En (7)

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD

Mã QR Code

Chia sẻ trang của bạn với bất kỳ ai bằng cách yêu cầu họ quét mã QR này

Copy & chia sẻ

QR Code

Share your page with anyone by asking them to scan this QR code

Copy & share