ဧပြီလ ၂၆ ရက်နေ့မှ မေလ ၁ရက်နေ့ထိ ကျင်းပသော အကြိမ် (၃၀) မြောက် အပြည်ပြည်ဆိုင်ရာ ဗိသုကာလက်ရာ ပြပွဲကြီးအား ATAD အနေဖြင့် ပါဝင်ဆင်နွှဲခဲ့ပါသည်။
ထိုပြပွဲမှာ အာဆီယံတွင် အဆင့်မြင့်ဗိသုကာနှင့်တည်ဆောက်မှုနည်းပညာများကိုနှစ်စဉ်ပြသသော အကြီးမားဆုံးပြပွဲဖြစ်ပါသည်။ ကမ္ဘာတ၀ှမ်းမှ ပြသသူ ၈၀၀ နှင့် ဧည့်သည်တော် ၃သောင်းကျော်အတွက် စတုရန်းမီတာ ၇၅၀၀၀ ကျော်ကျယ်ဝန်းသော ဧရိယာတွင် နေရာချပေးထားပါသည်။
၂၀၁၅ ခုနှစ်ပြပွဲတွင် အောင်မြင်စွာပြသနိုင်ခဲ့ပြီးနောက်ပိုင်းတွင် ATAD အနေဖြင့် ဆက်လက်ပြီး ဆန်းသစ်မှုသောပြခန်း၊ နှင့် အသစ်လွင်ဆုံး ထုတ်ကုန်များကိုပြသလာခဲ့သည်။ ထိုင်းနိုင်ငံအဖွဲ့သားများအနေဖြင့် ကျွှမ်းကျင်လိမ္မာသော အကြံပေးမှုများဖြင့် ဖြေကြားပေးနိုင်ခဲ့ပါသည်။ ဒါ့အပြင် လာရောက်ကြည့်ရှုသူများကိုလည်း စတီးအကြောင်းသိကောင်းစရာ လက်ကမ်းစာစောင်များနှင့် ကောင်းမွန်သော လက်ဆောင်များကို ဝေငှခဲ့ပါသည်။
Video: