ATAD STEEL STRUCTURE CORPORATION

Konstruksi Indonesia 2019 ပြပွဲတွင် အေတီအေဒီမှ ဝင်ရောက်ပြသခဲ့

2020-04-20 09:47:04

၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့မှ ၈ ရက်နေ့ထိ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့၊ဂျာကာတာနိုင်ငံတကာ ပြပွဲခန်းမတွင် ပြုလုပ်ခဲ့သော Konstruksi Indonesia 2019 ပြပွဲတွင် အေတီအေဒီမှာ ပါဝင်ခဲ့ပါသည်။

Konstruksi Indonesia သည် အင်ဒိုနီးရှားရှိ ဆောက်လုပ်ရေးစီမံကိန်းများအတွက် လိုအပ်ချက်များ ဖြည့်ဆည်းရန် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော ဆောက်လုပ်ရေးနည်းပညာများအတွက် အရေးကြီးသော ကဏ္ဍတွင်ပါဝင်သော ပြပွဲတစ်ခုဖြစ်သည်။ ယခုနှစ်ပြပွဲသည် အင်ဒိုနီးရှားဈေးကွက်သို့ ဆောက်လုပ်ရေး ထောက်ပံ့မှု ကုမ္ပဏီများ ဈေးကွက်ထိုးဖောက် ဝင်ရောက်ရန်အတွက် ပြည့်စုံကောင်းမွန်သော စီးပွားရေးပလက်ဖောင်းတစ်ခုဖြစ်သည်။

ပြပွဲတွင် အေတီအေဒီသည် ဆောက်လုပ်မှုအကြို သံမဏိအဆောက်အဦးများအတွက် အသုံးဝင်ပုံများနှင့် ဖြေရှင်းခြင်းနည်းပညာတို့သည် လာရောက်လေ့လာသူများအတွက် အလွန်စိတ်ဝင်စားဖွယ်ရာများ ဖြစ်ခဲ့သည်။ ထိုအပြင် သံမဏိကိုယ်ထည်လုပ်ငန်းတွင် ကျယ်ပြန့်သော အတွေ့အကြုံများနှင့် နက်ရှိုင်းသော ဗဟုသုတရှိခြင်း တို့ကြောင့် ကျွနိုပ်တို့၏ တက်ကျွမ်းသူများအဖွဲ့သည် သင့်၏ သံမဏိကိုယ်ထည် ဆောက်လုပ်မှုများအတွက် အကောင်းဆုံးသော အကြံဥာဏ်များကို ပေးစွမ်းနိုင်မည် မလွဲဖြစ်ပါသည်။

စီမံကိန်းပေါင်း ၃၀၀၀ ကျော်ကို နှစ်ပေါင်း ၁၅ နှစ်အတွင်း လုပ်ဆောင်ခဲ့ပြီးနောက် အေတီအေဒီသည် အရည် အသွေးမြင့်မားသော သံမဏိအင်ဂျင်နီယာအဆောက်အဦးများနှင့် သံမဏိကိုယ်ထည်များ ထုတ်လုပ်ခြင်း လုပ်ငန်းများအတွက် တိုင်ပင်ခြင်း၊ ဒီဇိုင်းရေးဆွဲခြင်း၊ ထုတ်လုပ်ခြင်း၊ တပ်ဆင်းခြင်း လုပ်ငန်းအဆင့်ဆင့်တို့ကို ပြုလုပ်ပေးလျက်ရှိပါသည်။ ဤပြပွဲသို့ ဝင်ရောက်ပြသခြင်းသည် အင်ဒိုနီးရှားဈေးကွက်တွင် အေတီအေဒီ၏ အမှတ်တံဆိပ်တစ်ခုရရှိရန် မဟာဗျူဟာ၏ အရေးပါသော ခြေလှမ်းတစ်ခုဖြစ်သည်။


အခြားသတင်းများ

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD

Mã QR Code

Chia sẻ trang của bạn với bất kỳ ai bằng cách yêu cầu họ quét mã QR này

Copy & chia sẻ