ATAD STEEL STRUCTURE CORPORATION

ATAD ၏ E-LEARNING စင်တာအား စတင်မိတ်ဆက်အသိပေးခဲ့

2020-11-14 09:48:03

စီးပွားရေးအတွေးအခေါ်နှင့်အတူ လူများသည် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးဆုံးသော အချက်ဖြစ်သည်နှင့်အညီ, ATAD သည် လေ့ကျင့်သင်တန်းပေးခြင်းဖြင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်  အမြဲတမ်း အလေးထား ဆောင်ရွက်ပေးလျှက် ရှိပါသည်။ ယခု အောက်တိုဘာလတွင် ATAD ကုမ္ပဏီ၏ ၁၆ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင် ကုမ္ပဏီပိုင် ATAD E-Learning Center အား တရားဝင်စတင် မိတ်ဆက်အသိပေးခဲ့ပါသည်။

ATAD E-Learning Center သည် ATAD ၀န်ထမ်းအားလုံးအတွက် ပရော်ဖက်ရှင်နယ်ဗဟုသုတနှင့် ကျွမ်းကျင်မှုဆိုင်ရာ အွန်လိုင်းသင်တန်းများကို သင်ကြားလေ့လာနိုင်ရန် စီစဥ္ပေးထားသည်။ ဤစနစ်သည် ၀န်ထမ်းများအနေဖြင့်၊ အချိန်တိုင်း၊ နေရာတိုင်းတွင် အလွယ်တကူ လေ့လာသင်ကြားနိုင်မည် ဖြစ်ပြီး၊ ၎င်းစနစ်ကို အင်္ဂလိပ်နှင့်ဗီယက်နမ် ဘာသာနှစ်မျိုးဖြင့်လည်း ခွဲခြားထားပြီး ထိုသို့ပြုလုပ်ထားခြင်းဖြင့် နိုင်ငံခြားသား ဝန်ထမ်းများလည်း အဆင်ပြေစွာလေ့လာနိုင်မည် ဖြစ်သည်။

ခိုင်မာသည့်ဖွံ့ဖြိုးတိုးတက်မှုများဖြင့် ၄.၀ အဆင့်ရှိသည့် နည်းပညာများကို အသုံးပြုထားပြီး ATAD E-Learning သည် ဒစ်ဂျစ်တယ်နည်းပညာ အစီအစဉ်တွင် မဟာဗျူဟာမြောက်အဆင့်တစ်ခုဖြစ်ပြီး လူ့စွမ်းအား အရင်းအမြစ်များ တိုးတက်ကောင်းမွန်စေရန်နှင့် အရည်အသွေး မြင့်မားစေရန်ကူညီ ထောက်ပံ့ပေးနိုင်မည် ဖြစ်သည်။

ATAD ၏ E-LEARNING စင်တာအား စတင်မိတ်ဆက်အသိပေးခဲ့

အခြားသတင်းများ

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD

Mã QR Code

Chia sẻ trang của bạn với bất kỳ ai bằng cách yêu cầu họ quét mã QR này

Copy & chia sẻ