ATAD STEEL STRUCTURE CORPORATION

ATAD မှ ဆောက်လုပ်ပြီးစီးခဲ့သော JOTUN VIETNAM GREENFIELD စက်ရုံစီမံကိန်း

2021-05-27 08:47:21

Jotun Vietnam Greenfield သည် Jotun Paints Vietnam Co. Ltd မှ ရင်းနှီးမြှုပ်နှံထားသော စီမံကိန်းတစ်ခုဖြစ်သည်။ စီမံကိန်းကို အဓိကနေရာ(၂၃)ခု ပါဝင်သော ဆောက်လုပ်ရေးဧရိယာ (၃၄၀၀၀) စတုရန်းမီတာထိရှိသည့် (၁၀၀,၀၀၀)စတုရန်းမီတာ ကျယ်ဝန်းသောမြေနေရာပေါ်တွင် တည်ဆောက် ထားသည်။ ၄င်းသည် Jotun Group ၏ နော်ဝေအပြင်ဘက်တွင် ပထမဆုံး အလိုလျောက်စက်ရုံ ဖြစ်သည်။ အထူးသဖြင့် စက်ရုံကို ဒီဇိုင်းရေးဆွဲခြင်း၊ ဆောက်လုပ်ခြင်း တွင် LEED စံချိန်စံညွှန်းများကို အသုံးပြုခဲ့ပြီး United States Green Building Council (USGBC) မှ LEED SILVER လက်မှတ်ကိုရရှိခဲ့သည်။

ဤစီမံကိန်းတွင် ATAD သည် သံမဏိကိုယ်ထည်ပစ္စည်းများ၏ ဒီဇိုင်း၊ ထုတ်လုပ်ခြင်း နှင့် ဆောက်လုပ်ခြင်း ဆိုင်ရာ ကန်ထရိုက်တာအဖြစ် ရွေးချယ်ခြင်းခံရမည်ဟု ယုံကြည်ခဲ့ရသည်။ ပိုင်ရှင်၏ မြင့်မားသောနည်းပညာ နှင့် လုံခြုံရေးလိုအပ်ချက်များနှင့်အညီ ATADသည် စီမံကိန်း၏ အချိန်ဇယားနှင့်အရည်အသွေး အတိုင်း ဆောင်ရွက်ပြီးစီးခဲ့သည်။ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးနှင့် ဆက်စပ်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှု အတွက် ရှေ့ဆောင်တစ်ဦးအနေဖြင့် အထူးသဖြင့် LEED Gold စံချိန်စံညွှန်း နှင့်အညီ အာရှရှိပထမဦးဆုံး သံမဏိကိုယ်ထည်စက်ရုံကို ပိုင်ဆိုင်သော ATADသည် Jotun နှင့် ဤစီမံကိန်းတွင် ပူးပေါင်း ဆောင်ရွက်ရန်အတွက် အလွန်ဂုဏ်ယူပါသည်။ စိမ်းလန်းသောအဆောက်အဦးများစွာ တည်ဆောက် ထားခြင်းသည် အပြုသဘောဆောင်သော သင်္ကေတတစ်ခုဖြစ်ပြီး ဗီယက်နမ်တွင် စိမ်းလန်းသော စက်မှုလုပ်ငန်းကွန်ယက် တည်ထောင်ခြင်းအဖြစ် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဥ်ကို များစွာအကျိုး သက်ရောက်စေသည်။

အခြားသတင်းများ

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD