ATAD STEEL STRUCTURE CORPORATION

ထုတ်လုပ်ခြင်း

တက်ကျွမ်းသော လုပ်သားအင်အား ၁၀၀၀ ကျော် , အရည်အသွေး ထိန်းချုပ်မှုစနစ်များဖြစ်သော ISO 9001:2015, ISO 14001:2015, ISO 45001:2018 နှင့် 211,000 m2 ကျယ်ဝန်းသော စက်ရုံ , တစ်လလျှင် သံမဏိ 12,000 MT , အအေးခံ သတ္တုထည် 800 MT နှင့် သံမဏိကိုယ်ထည် 360,000 m2 အသီးသီးတို့အား အရည်အသွေးမြင့်သော ခေတ်မှီစက်များ အသုံးပြု ၍ ထုတ်လုပ်လျက်ရှိပါသည် ATAD သည် လူကြီးမင်းတို့ စက်ရုံအဆောက်အဦးအတွက် လိုအပ်သော ဆောက်လုပ်မှုပစ္စည်းများအား အရည်အသွေးအပြည့်အဝဖြင့် ကောင်းမွန်သော ရလဒ်တစ်ခုအား ဖော်ဆောင်ပေးမည် ဖြစ်ပါသည်

ထုတ်လုပ်မှုအပိုင်းတွင် အရေးပါသော ထုတ်လုပ်မှုများအနေဖြင့် သုံးပိုင်းခွဲခြား ထုတ်လုပ်ပါသည်။

အခြေခံကျသော ထုတ်လုပ်မှုများ – တိုင်များ၊  ရက်မများ ……..
ဒုတိယ ထုတ်ကုန်များ – အမိုးမြှားတန်းများ၊ တံခါးများ ……….
သံမဏိပြားများ – အမိုးသံမဏိပြားများ၊ နံရံအကာပြားများ၊ သတ္တုပြားများ ………

အခြေခံကျသော ထုတ်ကုန်များ

1. ဖြတ်တောက်ခြင်း

  • အလိုအလျောက် CNC ဖြတ်စက်ဖြင့် သံမဏိပြားများအား လိုအပ်သလို ပုံဖော်ဖြတ်တောက်နိုင်သည်။ အပူပေးထားသော အထူ ၈၀ မီလီမီတာရှိသည့် မည်သည့်သံမဏိပြားများကိုမဆို လိုအပ်သည့် အရွယ်အစား အတိအကျအတိုင်း ဖြတ်တောက်ပေးနိုင်သည်။
  • စက်ကိရိယာများနှင့် စက်များ
    + CNC အလိုအလျောက်သုံး ဖြတ်စက်များ

CNC သံမဏိဖြတ်စက်

            + အလိုအလျောက် ဖြတ်စက်မှ အထူ ၂၀ မီလီမီတာနှင့်အထက်ရှိသော သံမဏိပြားများကို ဖြတ်ထောက် ပေးနိုင်သည်။

CNC (6100 x 20) mm ကတ်ကြေးပုံစံ ဖြတ်စက်

            + အလိုအလျောက် ဖြတ်စက်မှ အထူ ၁၆ မီလီမီတာနှင့်အထက်ရှိသော သံမဏိပြားများကို ဖြတ်ထောက် ပေးနိုင်သည်။

CNC (6100 x 16) mm ကတ်ကြေးပုံစံဖြတ်စက်

2. အပေါက်ဖောက်ခြင်း

  • ဖြတ်ပြီးသော သံမဏိပြားများကို အလိုအလျောက် အလွှာဖြတ်စက်ဖြင့်သော်လည်းကောင်း သို့မဟုတ် ဖြတ်ပြီး သော သံမဏိပြားများပေါ်တွင် လိုအပ်သလို အပေါက်ဖောက်နိုင်သည်။
  • စက်ကိရိယာများနှင့် စက်များ – အရစ်ဖော်စက်၊ အပေါက်ဖောက်စက်
သံမဏိပြား အပေါက်ရိုက်ဖောက်စက်

CNC လွန်ပူစက်

3. ပေါင်းစပ်ခြင်း

  • အလိုအလျောက် တပ်ဆင်စက်ဖြင့် သတ္တုကိုယ်ထည်များကို I-section တစ်ခုဖြစ်အောင်ပေါင်းစပ်ခြင်း
  • စက်ကိရိယာများနှင့်စက်များ – အလိုအလျောက် တပ်ဆင်စက်
အလိုအလျောက် ဂဟေဆော် တပ်ဆင်စက်
အလိုအလျောက် တပ်ဆင်စက်

4. ဆက်ခြင်းနှင့် အခြေခံဆက်စက်ပစ္စည်းများ

  • သံမဏိကိုယ်ထည်များ တပ်ဆင်ပြီးနောက် သံမဏိပြားတစ်ခုနှင့်တစ်ခုအား ခိုင်မာအောင် တွဲဆက်ရန်အတွက် အလိုအလျောက် တွဲဆက်ပေးသော စက်များကို အသုံးပြုပါသည်။ ဤအဆင့်တွင် တိကျသော တွဲဆက်မှုများ၊ ခိုင်မာမှုများ၊ အရည်သွေးမြင့်မားမှုများဖြင့် သံမဏိပြားများကို တွဲဆက်ပေးနိုင်သည်။
  • အေတီအေဒီမှ လျှပ်စစ်သုံး ဝန်ရိုးစွန်းတွဲဆက်မှုများ အထပ်ထပ်ပြုလုပ်ခြင်းဖြင့် လုပ်ဆောင်ထားသော တွဲဆက်မှုများဖြစ်ပါသည်။ တွဲဆက်မှုတိုင်းအတွက် ဗီယက်နမ် နည်းပညာအထောက်အကူ စာအုပ်မှ နောက်ဆုံး ပြဌာန်းထားသော စံနှုန်းနှင့် အသုံးပြုမှုများကို အခြေခံ၍ လုပ်ဆောင်ထားခြင်း ဖြစ်သည်။
  • စက်ကိရိယာများနှင့် စက်များ – အလိုအလျောက်သုံး တွဲဆက်စက်များ (အရေအတွက် – ၁၀) ၊ လက်ဖြင့်အသုံးပြုရသော တွဲဆက်စက်များ (အရေအတွက် – ၁၀၀)

 အလိုအလျောက် ဂဟေဆော်စက်

5. မျက်နှာပြင် သန့်ရှင်းခြင်း

  • သံမဏိပြားများ ဖြတ်တောက်ခြင်း၊ တပ်ဆင်ခြင်းများ ဆောင်ရွက်ပြီးနောက် ဝယ်ယူသူများ စိတ်တိုင်းကျ စေရန် သံမဏိထုတ်ကုန်များပေါ်မှ ဖုန်များကို အမှုန်ဖယ်ရှားစက်များ အသုံးပြု၍ ဖယ်ရှားသည်။
  • စက်ကိရိယာများနှင့် စက်များ – အလိုအလျောက် အမှုန့်ဖယ်ရှားစက်၊ ကြိတ်စက် (အရေအတွက် – ၁၀)

သံမဏိသန့်စင်စက်

6. ဆေးသုတ်ခြင်း

  • အေတီအေဒီမှ အမေရိကန်နည်းပညာသုံး ဖိအားပေး ဆေးသုတ်စက်များ အသုံးပြု၍ လုပ်ငန်းပြီးမြောက် စေပါသည်။ ဝယ်ယူသူများ စိတ်တိုင်းကျ မီးခိုးရောင် သို့မဟုတ် အနီရောင် သို့မဟုတ် အခြားသော အရည်အသွေးကောင်း ဆေးရောင်များကို အသုံးပြုမည့် အစိတ်အပိုင်းများတွင် ဆေးဖြန်းပေးပါသည်။
  • စက်ကိရိယာများနှင့် စက်များ – ဖိအားပေး ဆေးမှုတ်စက်များ၊ အမှုန့်ကြိတ်စက် (အရေအတွက် ၅)

ဆေးသုတ်စက်

ဒုတိယ ထုတ်ကုန်များ

1. ပုံဖော်ခြင်း

  • ဒုတိယထုတ်ကုန်များဖြစ်သော အမိုးပြားများနှင့် တန်းများသည် သတ္တုအရည် စိမ်ထားသော သံမဏိပြား အလိပ်များ သို့မဟုတ် အနက်ရောင်ဆေးရည် စိမ်ထားသော သတ္တုပြားအလိပ်များသည် အမေရိကန် စံချိန်စံညွှန်းမှီ စံနှုန်းများဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ ၎င်းအစိတ်အပိုင်းများသည် အထူ ၁ ဒဿမ ၅ မှ ၂ ဒဿမ ၅ မီလီမီတာအထိ ရှိနိုင်ပြီး ပုံသဏ္ဍာန်အနေဖြင့် အင်္ဂလိပ် အက္ခရာ Z သို့မဟုတ် C ပုံသဏ္ဍာန်ရှိသည်။
  • မျဉ်းလုံး ချိန်ညှိခြင်း ကြာချိန်မှာ မျဉ်းလုံးမလဲဘဲဖြင့် ၂ မိနစ်မှ ၃ မိနစ်ခန့်ထိ ရှိနိုင်သည်။ မျက်နှာပြင်ပေါ်တွင် ဘီးလုံးဖြင့် လှိမ့်ပေးခြင်းဖြင့် ညီညာချောမွတ်လှပသော မျက်နှာပြင်ကို ရရှိနိုင်သည်။
  • စက်ပစ္စည်း – သမဏိပြား လှိမ့်စက်
    + C ပုံသဏ္ဍာန်သံမဏိပြား ပုံသွင်းစက်
    + Z ပုံသဏ္ဍာန်သံမဏိပြား ပုံသွင်းစက်
Z ပုံသဏ္ဍာန် ပုံသွင်းစက် C ပုံသဏ္ဍာန် ပုံသွင်းစက်

2. အပေါက်ဖောက်စက်

  • သံမဏိပြားများသည် လိုအပ်ချက် အနေအထားပေါ်မူတည်၍ အပေါက်ဖောက်နိုင်ပြီး စံနှုန်းမှီ သံမဏိပြား သို့မဟုတ် ဗြောင်မျက်နှာပြင် သံမဏိပြားများတွင် အပေါက်ဖောက်နိုင်သည်။

3. ဆေးသုတ်ခြင်း

  • အေတီအေဒီမှ အမေရိကန် နည်းပညာများ အသုံးပြုထားသော ဖိအားသုံး ဆေးသုတ်စက်များကို အသုံးပြု ပါသည်။ ဝယ်ယူသူများစိတ်တိုင်းကျ ဆောက်လုပ်ရေးသုံး သတ္တုထည်များအား မီးခိုးရောင်ဆေး သို့မဟုတ် အနီရောင်ဆေး သို့မဟုတ် ဝယ်ယူသူရွေးချယ်သော ဆေးအရောင်များကို ရရှိစေပါသည်။

အမိုးပြားများ

  • သံမဏိအမိုးပြားများသည် အရည်အသွေးမှီ သံမဏိထုတ်ကုန်အလိပ်များမှ ဖြတ်တောက်အသုံးပြုခြင်းဖြစ်သည်။ အမေရိကန်နည်းပညာ ASTM ကို အသုံးပြု၍ သတ္တုဆေးအောက်ခံစိမ်ထားသော ပစ္စည်းများဖြစ်သည်။
  • စက်ပစ္စည်း – အမိုးပြားပုံသွင်းစက်
ATAD Lock420 အမိုးပြား ပုံချိုးစက် အခုံး ငါးခုံးပါ အမိုးပြား ပုံချိုးစက် အဆက်မဲ့ ၆၅ မီလီမီတာ အမိုးပြား ပုံချိုးစက် အဆက်မဲ့ ၁၁၆ မီလီမီတာ အမိုးပြား ပုံချိုးစက်
အီးမေးလ ATAD ပုံစံမှဖြည့်ပါ