ATAD STEEL STRUCTURE CORPORATION

သံမဏိအမိုးပြားများ

အေတီအေဒီ သံမဏိအဆောက်အဦး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းမှ အရည်အသွေးမြင့် ပစ္စည်းများထုတ်လုပ်နိုင်ရန် အတွက် ခေတ်မှီတိုးတက်နေသော နည်းပညာများနှင့် လိုက်လျောညီထွေစွာ အသုံးပြု၍ ထုတ်လုပ်ထားခြင်းဖြစ်သည်။ အေတီအေဒီ၏ မီတာ ၆၀,၀၀၀ ကျော်ကျယ်ဝန်းသော စက်ရုံမှ လစဉ် သံမဏိထည် ဆောက်လုပ်ရေးပစ္စည်း တန် ၅,၀၀၀ နှင့် သံမဏိအမိုးပြား မီတာ ၂၀၀,၀၀၀ တို့ကို ထုတ်လုပ်ပေးနိုင်စွမ်းရှိပါသည်။

အေတီအေဒီမှ အခြားသော မည်သည့် ဆောက်လုပ်ရေးတွင်မဆို အသုံးပြုနိုင်မည့် အားသာချက်များနှင့် ပြည့်စုံသော သံမဏိအမိုးပြားများ ထုတ်လုပ်နိုင်ရန်အတွက် လုပ်ငန်းစဉ်တိုင်းနှင့် သင့်တော်မည့် အမိုးပြားထုတ်လုပ်မှုများဖြစ်သော

ATAD Seam65 Steel Panel

I. လက္ခဏာများ

a.  ATAD Seam65 သည် ယနေ့ခေတ်အဆောက်အဦးများအတွက် များစွာအသုံးဝင်သော ရေဆင်းအမိုးပြား အမျိုးအစား ဖြစ်သည်။

b. အခုံးအမြင့် ၆၅ မီလီမီတာဖြင့် ပြုလုပ်ထားသော အမိုးပြားဖြစ်ပြီး၊ ရေဆင်းရန်လွယ်ကူခြင်း၊ ရေမစိမ့်နိုင်ခြင်း အစရှိသည့် အားသာချက်များကို ပိုင်ဆိုင်ထားပါသည်။ တပြေးညီအဆင့်နှင့် သုံးရာခိုင်နှုန်းခန့်မြင့်သော အမိုးများတွင် အသုံးပြုရန် အတွက် သေချာအောင်ထုတ်လုပ်ထားသော အမိုးအမျိုးအစားဖြစ်သည်။

c. အမိုးပြားတွဲဆက်ချိတ်များသည် အမိုးပြားအကျယ်၊ ပြောင်းလဲသော အပူချိန်၊ ပျက်စီးမှု အနည်းဆုံးသော ဖြစ်စဉ်များတွင် မူတည်၍ ပြုလုပ်ထားခြင်းဖြစ်သည်။

II. တပ်ဆင်ခြင်း

စက်ရုံ အလုပ်ရုံများတွင် အသုံးပြုသော ATAD Seam 65 သည် ဘေးနံရံအကာများအဖြစ် အသုံးပြုရန်အတွက်မဟုတ်ပါ။ ရေစီးဆင်းရန်လွယ်ကူခြင်းနှင့် ရေမဝပ်နိုင်ခြင်းတို့ကြောင့် အသုံးပြုရန်အဆင်ပြေသော အမိုးပြားဖြစ်သည်။

သို့ဖြစ်ပါ၍ ATAD Seam65 သည် မိုးများသောဒေသ၊ လေပြင်းတိုက်ခတ်သောဒေသများအတွက် အထူးသင့်လျော်ပါ သည်။ ခံနိုင်ရည်အားပြည့်သော အမိုးအမျိုးအစားတစ်ခုဖြစ်ပါသည်။

ATAD Seam65 Steel Panel

ATAD Seam65 Forming Machine

ATAD Seam116 Steel Panel

I. လက္ခဏာများ

a. ATAD Seam 16 သည် ရေဆင်းအားကောင်းမွန်ခြင်းနှင့် ဒဏ်ခံနိုင်မှုအားမြင့်သဖြင့် ယနေ့ခေတ်စက်ရုံအဆောက်အဦးများတွင် အသုံးပြုရန်အတွက် အထူးသင့်လျော်သော အမိုးအမျိုးအစား ဖြစ်သည်။

b. အမြင့် ၁၁၆ မီလီမီတာဖြင့် ဒီဇိုင်းဆွဲထားပြီး ရေစီးအားကောင်းမွန်ခြင်း၊ အမိုးသို့ရေမတင်စေခြင်း စသည့် အစွမ်းသတ္တိများလည်း ရှိသည်။

ရေပြင်ညီအနေအထားမှ ၁ရာခိုင်နှုန်းခန့် အနည်းငယ်မြင့်သောအမိုးဖြစ်သောကြောင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် သေချာ စိတ်ချရသည်။

c. ATAD Seam 116 ၏ အမိုးပြားတွဲဆက်ချိတ်များသည် အမိုးပြားအကျယ်၊ ပြောင်းလဲသော အပူချိန်၊ ပျက်စီးမှု အနည်းဆုံးသော ဖြစ်စဉ်များတွင် မူတည်၍ ပြုလုပ်ထားခြင်းဖြစ်သည်။

II. တပ်ဆင်ခြင်း

ATAD Seam 116 သည် စက်ရုံအဆောက်အဦးများ၏ အမိုးပြားအတွက် အသုံးပြုရန်သာဖြစ်ပြီး ဘေးနံရံအကာအတွက် အသုံးမပြု နိုင်ပါ။ အမိုးပြားသည် ရေမဝပ်နိုင်ခြင်းနှင့် ရေစီးဆင်းရန်လွယ်ကူခြင်းတို့ကြောင့် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ATAD Seam 116 သည် မိုးများသောဒေသနှင့် လေပြင်းတိုက်ခတ်သော ဒေသများတွင် အသုံးပြုရန်အတွက် အကောင်းဆုံး ရွေးချယ်မှုတစ်ခုဖြစ်သည်။ အကြမ်းခံနိုင်သော အရည်အသွေးရှိသည့် အမိုးပြားအမျိုးအစားလည်း ဖြစ်သည်။


ATAD Seam116 Steel Panel


ATAD Seam116 Machine

ATAD Lock420 Steel Panel

I. လက္ခဏာများ

a. ပုံမှန်အမိုးပြားများတွင် ရေစိမ့်ခြင်းနှင့် ပတ်ဝန်ကျင်တိုက်စားမှုကြောင့် ဝက်အူအရစ်ပြုန်းခြင်းများသည် ပုံမှန်ဖြစ်ပေါ်နေကျ ပြဿနာ များဖြစ်သည်။ သို့ဖြစ်ပါ၍ ATAD Lock420 သည် ဖော်ပြပါ အားနည်းချက်များအတွက် အကောင်းဆုံးသော ဖြေရှင်းမှုတစ်ခုဖြစ်သည်။

b. ATAD Lock420 သည် ခံနိုင်အားမြင့်မားသော အမိုးပြားဖြစ်သည်။ အမိုးပြားနှင့်ရက်မအား စကူဖြင့် တိုက်ရိုက်ချိတ်ဆက်နိုင်ရန် အတွက် ကြာရှည်ခံခြင်း၊ ကျယ်ပြန့်ခြင်းနှင့် လေတိုက်အားခံနိုင်ရန်အတွက် အထူးပြုဒီဇိုင်းရေးဆွဲထုတ်လုပ်ထားခြင်းဖြစ်ပါသည်။

c. ရက်မနှင့်အမိုးပြားကို အသားတကျဖြစ်စေရန် ပုံသေချိတ်များဖြင့် တွဲဆက်ထားပါသည်။

II. တပ်ဆင်ခြင်း

ATAD Lock420 သည် အမိုးအတွက်သင့်တော်သည်။ အမိုးခုံး ၄၁ မီလီမီတာအမြင့်ရှိပြီး အမိုးပြားရေထိန်းမှုစနစ်သည် အမိုး၏ ၇ ရာခိုင်နှုန်းခန့်နိမ့်ကျသွားခြင်းမှ ကာကွယ်ပေးခြင်းကြောင့် သုံးစွဲသူကို စိတ်ချမ်းမြေ့စေသည်။

ပုံမှန်အားဖြင့် ATAD Lock 420 သည် ဗိသုကာအဆောက်အဦးများနှင့် စက်ရုံများတွင် နံရံအကာအဖြစ် အသုံးပြုရန်အတွက် အကောင်းဆုံး အမျိုးအစားဖြစ်သည်။

ATAD Lock420 Steel Panel

ATAD Lock420 Machine

ATAD Lock940 Steel Panel

I. လက္ခဏာများ

a. ပုံမှန်ဖြစ်လေ့ဖြစ်ထရှိသော အမိုးလိုင်းများနှင့် စကူများတစ်သားတည်းမကျသည့် ဖြစ်စဉ်များကို တားဆီးပေးပြီး ရေယိုစိမ့်ခြင်းများ မဖြစ်ပေါ်စေရန်လည်း ကာကွယ်ပေးသည်။

သို့ဖြစ်ပါ၍ ATAD Lock940 သည် ပျက်စီးဆုံးရှုံးမှုများကို ကာကွယ်ရန် အကောင်းဆုံးဖြေရှင်းချက်ဖြစ်သည်။

b. ATAD Lock940 သည် မြင့်မားသောခံနိုင်စွမ်းရှိသော သံမဏိပြားဖြစ်သည်။ တခြားသော သံမဏိပြားများထက် ရေရှည်ခံနိုင်စွမ်းရှိခြင်း၊ မျက်နှာပြင်ကျယ်ခြင်း၊ လေတိုက်အား ခုခံနိုင်ခြင်း တို့ကိုပိုင်ဆိုင်သည့်အပြင် သံမဏိပြားနှင့် ရက်မအား စကူဖြင့် တိုက်ရိုက်ဆက်သွယ် ထားသည်။

c. ATAD Lock940 သည် ချိတ်ဆက်များဖြင့် တွဲဆက်ထားပြီး တွဲဆက်ချိတ်များကိုလည်း အံဝင်စေရန် ပြုလုပ်ထားသည်။

II. တပ်ဆင်ခြင်း

ATAD Lock940 သည် အမိုးအတွက်အသုံးပြုရန် အဆင်ပြေသည်။ အခုံးအမြင့် ၄၁ မီလီမီတာသည် မိုးရေများလွင့်စင်မှုကို အမိုးစောင်း ၇ ရာခိုင်နှုန်းအောက် ဆင်ခြေလျောဖြင့် ထိန်းထားစေပြီး သုံးစွဲသူစိတ်တိုင်းကျဖြစ်စေပါသည်။

ATAD Lock940 Steel Panel


ATAD Lock940 Machine

ATAD Span5 Steel Panel

I. လက္ခဏာရပ်များ

ATAD Span5 သည် အခုံးငါးခုပါရှိသဖြင့် ဝယ်ယူသူစိတ်တိုင်းကျ ဖြစ်စေမည့် ခံနိုင်အား၊ ရေရှည်အသုံးပြုနိုင်စွမ်း၊ အဆောက်အဦး နှင့် သင့်လျော်သော သံမဏိပြားဖြစ်သည်။

၎င်းထုတ်ကုန်သည် အမိုးပြားနှင့် ရက်မအား စကူဖြင့်တွဲဆက်နိုင်သော ဒီဇိုင်းဖြင့်ပြုလုပ်ထားသည်။

ATAD Span5 သည် လက်ဝဲဘက်အခုံးစွန်း ၃၂ မီလီမီတာ၊ အခုံးတစ်ခုနှင့်တစ်ခုအကွာအဝေးမှာ ရေလွယ်ကူစွာ စီးဆင်းနိုင်ခြင်းနှင့် ဆောက်လုပ်ရေးအကြို အဆောက်အဦးများ၏ ဆင်ခြေလျော အနိမ့်အမြင့်များအတွက်လည်း သင့်တော်သည်။

II. တပ်ဆင်ခြင်း

သုံးစွဲမှုများသော သံမဏိအမိုးပြားတစ်ခုဖြစ်သည်။ တစ်ခါတစ်ရံ အမိုးပြားအတွက်သာမက နံရံအကာအကွယ်အဖြစ်လည်း အသုံးပြုနိုင်သည့်အပြင် အတွင်းပိုင်းတွင်လည်း အကွေးသဏ္ဍာန်အသုံးပြုနိုင်သည်။

ATAD Span5 Steel Panel

ATAD Span5 Forming Machine

ATAD Span6 Steel Panel

ATAD Span6 သည် အခုံးခြောက်ခုဖြင့် ဒီဇိုင်းဖော်ထားပြီး ခံနိုင်ရည်စွမ်းအား၊ တာရှည်အသုံးခံနိုင်မှုနှင့် သင့်တော်သောအရှည်အထိ ဝယ်ယူသူများစိတ်တိုင်းကျ ပုံဖော်ပြုလုပ်နိုင်သည်။

၎င်းထုတ်ကုန်သည် အမိုးပြားနှင့် ရက်မအား စကူဖြင့်တွဲဆက်နိုင်သော ဒီဇိုင်းဖြင့်ပြုလုပ်ထားသည်။

ATAD Span6 သည် အမိုးများ၊ ဘေးနံရံအကာများ၊ အိမ်တွင်းအကာအရံများနှင့် အခြားသော အကာအရံများအတွက် အသုံးပြုနိုင်သည်။ အခုံးမြင့်ခြင်းနှင့် ကျဉ်းမြောင်းသောအကွာအဝေးရှိခြင်းတို့ကြောင့်ဗိသုကာအလိုအရ လိုအပ်သလိုပုံဖော်နိုင်သည်။


ATAD Span6 Steel Panel

ATAD Span6 Forming Machine

ATAD Span9 Steel Panel

I. အကြောင်းအရာ

ATAD Span9 သည် Span5 ကဲ့သို့ဘေးနံရံအကာအဖြစ် အသုံးပြုနိုင်သော သံမဏိပြားဖြစ်သည်။ အိမ်တွင်းအကာအရံများနှင့် အခြားသော အကာအရံများအတွက် အသုံးပြုနိုင်သည်။ အခုံးမြင့်ခြင်းနှင့် ကျဉ်းမြောင်းသောအကွာအဝေးရှိပြီး ဗိသုကာအလိုအရ လိုအပ်သလိုပုံဖော်နိုင်သည်။

II. တပ်ဆင်ခြင်း

ဗိသုကာလိုအပ်ချက်များအရ ATAD Span9 သည် အမိုးပြားများ၊ အိမ်တွင်းပိုင်း ပြင်ဆင်ကာရံမှုများပြုလုပ်ရန်အတွက် အလွန်သင့်တော်သော သံမဏိပြားအမျိုးအစားဖြစ်သည်။

စက်ရုံအလုပ်ရုံများတွင် အမိုးအဖြစ် အများဆုံးအသုံးပြုသည်။ အခုံးတစ်ခုနှင့်တစ်ခု အကွာအဝေးကျဉ်းမြောင်းခြင်း၊ ပုံမှန်အမြင့်ရှိခြင်း နှင့် အခြားသံမဏိပြားများထက် ရေစီးဆင်းမှုအားကောင်းခြင်းတို့ကြောင့် ဖြစ်သည်။

ATAD Span9 Steel Panel

ATAD Span9 Forming Machine

ATAD Deck Steel Panel

အေတီအေဒီ သံမဏိအခင်းပြားများသည် အင်ဂျင်နီယာအဆောက်အဦးများ၊ စက်ရုံများတွင် မရှိမဖြစ်အသုံးပြုကြသည်။ ဒေါင်လိုက် အခင်းပြားများ အတွက် အလျားလိုက် ထောက်ကူတန်းများ အညီအမျှထားရှိခြင်းဖြင့် အခင်းပြား၏ မာကြောမှုကို တိုးပွားစေပါသည်။

ATAD Deck Steel Panel

အီးမေးလ ATAD ပုံစံမှဖြည့်ပါ