ATAD STEEL STRUCTURE CORPORATION

ATAD မှ ဗီယက်နမ်နိုင်ငံ၏ ပထမဆုံးသော အလူမီနီယမ်စက်ရုံအား ဆောက်လုပ်ခွင့်ရရှိခဲ့

2016-10-25 16:58:57

ဒက်နောင် အလူမီနီယမ် စက်ရုံသည် ဗီယက်နမ်နိုင်ငံ၏သယံဇာတတူးဖော်ရေးနှုင့် ထုတ်လုပ်ရေးတို့တွင် အရေးပါသော စက်ရုံတစ်ခုဖြစ်သည်။ ထိုစက်ရုံသည် အမေရိကန်ဒေါ်လာ ၅၇၅သန်းတန်ဖိုး ရင်နှီးမြုပ်နှံထားသော ထရန်ဟုန်ကျန် သတ္တုဗေဒ ကုမ္ပဏီ၏ ရင်နှီးမြုပ်နှံမှု တစ်ခုလည်းဖြစ်ပြီး ဒက်နောင်ပြည်နယ်၊ ဒက်ရလပ်ခရိုင်၊ နန်ကိုစက်မှုဥယျာဉ်တွင် တည်ရှိပါသည်။ နိုင်ငံတော်၏ ဘောက်ဆိုဒ်တူးဖော်ခြင်း၊ အလူမီနာထုတ်ခြင်း နှင့် အလူမီနီယမ်ထုတ်လုပ်ခြင်းတို့အား တပြိုင်နက် အထောက်အပံ့ပေးနိုင်မည်လည်းဖြစ်သည်။

ဘက်စုံလုပ်ကန်ထရိုက်တာမှ ယုံကြည်စိတ်ချစွာ အလုပ်အပ်နှံမှုအတွက် အလွန်ပင်ကျေးဇူးဥပကာရတင်ရှိလှပါသည်။ ထို့အတွက်ကြောင့် ပုံစံထုတ်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် တပ်ဆင်ခြင်းတို့အတွက် လည်း တာဝန်ကျေပွန်စွာလုပ်ဆောင်ပေးပါမည်။ အရှည် ၁.၁ကီလိုမီတာ၊ စတုရန်းမီတာ ၁သိန်းခွဲရှိ စီမံကိန်းအတွက် အတွေ့အကြုံကြွယ်ဝသော အစီအစဉ်ကျနသော ကန်ထရိုက်တာလိုအပ်ပါသည်။ အတွေ့အကြုံများပြားသော စီမံခန့်ခွဲမှုစနစ်သည် မိမိတို့၏ အဓိကကျောရိုးပင်ဖြစ်ပြီး စီမံကိန်းအား အချိန်ကိုက်၊ အရည်အသွေးပြည့်မှီပြီး လုံခြုံစိတ်ချရမှုရှိစေရန် ATAD မှ အပြည့်အ၀တာဝန်ယူပေးနိုင်ပါသည်။

 

Dak Nong aluminum electrolysis plant

အခြားသတင်းများ

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD