ATAD STEEL STRUCTURE CORPORATION

အေတီအေဒီမှ Philconstruct Visayas ၂၀၁၈ ပွဲတွင် ပါဝင်ခဲ့

2018-07-17 08:24:50

၂၀၁၈ ခုနှစ် ဇွန်လ ၇ ရက်မှ ၉ ရက်နေ့ထိ Waterfront Cebu City Hotel & Casino, Lahug, Cebu City တွင် ပြုလုပ်ကျင်းပသည့် Philconstruct Visayas ၂၀၁၈ ပွဲတွင် အေတီအေဒီမှ ပါဝင်ခဲ့ပါသည်။

ရာစုနှစ်နှစ်စုတိုင်အောင် ဖိလစ်ပိုင်နိုင်ငံ၏ အဆောက်အဦးများနှင့် ပတ်သက်၍ ဦးဆောင်ခဲ့သော ပြပွဲတစ်ခုဖြစ်သည့်အပြင် ဆောက်လုပ်ရေးလုပ်ငန်းများနှင့် အဆောက်အဦးများအတွက် အခမ်းနားဆုံး ကျင်းပသော ပြပွဲတစ်ခုလည်းဖြစ်သည်။ စက်မှုစွမ်းအားလှုပ်ရှားသူများအတွက် စုပေါင်းစည်းဝေးရာနေရာတစ်ခုလည်းဖြစ်သည်။ ဆောက်လုပ်ရေး ထောက်ပံ့သူများ နှင့် ဆောက်လုပ်ရေးလုပ်ငန်း လုပ်ဆောင်သူများအားလုံး တစ်နေရာတည်းတွင် စုဝေးရောက်ရှိသော နေရာတစ်ခုလည်း ဖြစ်သည်။ ထိုသို့ ကျင်းပပြုလုပ်သော သံမဏိလုပ်ငန်းဆိုင်ရာ ပြပွဲသည် ဖိလစ်ပိုင်နိုင်ငံ၏ ဆောက်လုပ်ရေးဈေးကွက်ကို မြှင့်တင်ပေးသည့်အပြင် သံမဏိထုတ်ကုန် လုပ်ငန်းများအတွက် များစွာသော အခွင့်အလမ်းများကိုလည်း ရရှိပိုင်ဆိုင်နိုင် ပါသည်။

အေတီအေဒီမှ အသစ်လွင်ဆုံးသော နည်းပညာများအသုံးပြု၍ ဆောက်လုပ်ထားသော သံမဏိအဆောက်အဦးပုံစံငယ် အား ပြပွဲတွင် ပြသထားမည်ဖြစ်ပြီး အေတီအေဒီ၏ နောက်ဆုံးပေါ် ဆောက်လုပ်ရေးထုတ်ကုန်များကိုလည်း ပြသထားမည် ဖြစ်ပါသည်။ ကျွနိုပ်တို့၏ အရောင်းမန်နေဂျာများမှလည်း လူကြီးမင်းတို့အဆောက်အဦးအတွက် လိုအပ်သော ဖြည့်စွမ်းမှု များပေးရန် အဆင်သင့်စောင့်ကြိုလျက်ရှိပါသည်။ အေတီအေဒီပြခန်းသို့ လာရောက်လေ့လာတိုင်းအတွက် မတူညီသော လက်ဆောင်ပစ္စည်းများလည်း ပြင်ဆင်ထားပါသည်။

ပြပွဲအခမ်းအနားပုံရိပ်များ

အခြားသတင်းများ

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD